Sunday, August 18, 2013

ဆိုက်ကား နင်း၍ ပရဟိတ လုပ်သူ

,

၁၉၈၇မှာအသက်၇၄နှစ်ရှိပြီဖြစ်တဲ့
ဒီအဘိုးအိုဟာ
ဆိုက်ကားနင်းသူပါ။တစ်နေ့သူ့အလုပ်ကိုနားပြီးသူ့ရဲ့
ရွာလေးကိုပြန်လာခဲ့တယ်။သူ့ရွာကိုရောက်ရောက်ချင်း
သူတွေ့ခဲ့တဲ့မြင်ကွင်းကလယ်ထဲမှာကလေးတွေ
ကျောင်းမတက်ပဲအလုပ်လုပ်နေတဲ့မြင်ကွင်းကိုသူ
မြင်ခဲ့ရတယ်။

ဒီကလေးတွေဟာကျောင်းစရိတ်မတက်
နိုင်တာကိုသူဝမ်းနည်းစွာသိခဲ့ရတယ်။ဒါနဲ့သူဟာဆုံဖြတ်
ချက်ချခဲ့တယ်။မြို့ပေါ်ပြန်တက်ပြီးဆိုက်ကားပြန်နင်းခဲ့တယ်။
သူပိုက်ဆံပြန်ရှာပြီးသူ့ရွာကကျောင်းမတက်နိုင်တဲ့
ကလေးတွေအတွက်ပို့ပေးခဲ့တယ်။

၂၀၀၁ခုနှစ်မှာတော့သူနောက်ဆုံးရှာလို့ရတဲ့ပိုက်ဆံကို
သူ့ရွာရဲ့အလယ်တန်းကျောင်းကိုလှူခဲ့တယ်ဗျာ။
နောက်ဆုံးတော့သူ့ရဲ့အသက်ဟာ၉၀နားနီးလာတဲ့အတွက်
ဒီအလုပ်ကိုဆက်ပြီးမလုပ်နိုင်တော့ကြောင်းသူဟာ
ကလေးတွေကိုပြောပြခဲ့တယ်။

အဲ့အချိန်မှာကလေးတွေနဲ့ဆရာမတွေဟာဝမ်းနည်းမျက်ရည်
ကျခဲ့ရတယ်။
နောက်ဆုံးတော့သူဟာယွမ်ငွေသုံးသိန်းခွဲပမာဏရှိတဲ့
ဆင်းရဲနွမ်းပါးတဲ့ကလေး၃၀၀ကျော်ရဲ့ပညာရေးကိုဆိုက်ကားနင်း
ပြီးလှူဒါန်းခဲ့တယ်။
သူဟာ၂၀၀၅ခုနှစ်မှာတော့ကွယ်လွန်ခဲ့ပါတယ်။
သူ့နာမည်က Bai Fangli ပါ

ဆင်းရဲနွမ်းပါးဆိုက်ကားနင်းသူတစ်ယောက်ရဲ့စိတ်ဓါတ်
ဟာကျွန်တော်တို့ထက်အပုံကြီးသာခဲ့တယ်။
#Amazing

0 comments to “ဆိုက်ကား နင်း၍ ပရဟိတ လုပ်သူ”

Post a Comment