Wednesday, August 14, 2013

စစ်မှုထမ်း ဟောင်းနှင့် တပ်မတော်သား မိသားစုဝင် ထူးချွန် ကျောင်းသား၊ ကျောင်းသူများ ပြည်ပ လေ့လာရေးခရီး သွား ရောက် မည်ဖြစ်

,

နေပြည်တော် သြဂုတ်  ၁၂
၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သော စစ်သည်များ၊ တပ်မတော် သား မိသားစုဝင် သား၊ သမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများနှင့် ဘက်စုံပညာ ထူးချွန်လူ ငယ်များ အား ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနားကို ၂ဝ၁၃ခုနှစ် ဇူလိုင်
၎ရက်က နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ အနက်မှ နိုင်ငံတော်အဆင့် ဘက်စုံပညာ ထူးချွန် လူငယ်ဆု ရွေးချယ် ခံရ သည့် ကျောင်းသား၊ ကျောင်းသူ ၁ဝဦး၊ ဂုဏ်ထူး ၃ဘာသာဖြင့် အောင်မြင်သော စစ်သည် ၁ဦးနှင့် အောင်ချက် အကောင်းဆုံး ရရှိသော တပ်မတော် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ချုပ်မှု တာဝန်ခံ အရာရှိ ၁ ဦးတို့ အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် စင်ကာပူ သမ္မတ နိုင်ငံတို့သို့ လေ့လာရေးခရီး စေလွှတ် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။               

0 comments to “စစ်မှုထမ်း ဟောင်းနှင့် တပ်မတော်သား မိသားစုဝင် ထူးချွန် ကျောင်းသား၊ ကျောင်းသူများ ပြည်ပ လေ့လာရေးခရီး သွား ရောက် မည်ဖြစ်”

Post a Comment