skip to main |
skip to sidebar
(နိုင်ပန်းညွန့်)အဖွဲ့ အလင်းဝင်ရောက်
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjFCb6qliwcmRtLeQ97gtwb4LWAFdYTPfE_oAC-UxjNDsonMz57ctiFypwgJWQaIobCz74VxvCPrf4tQ9Sh63Y6bKk2_RV_D5VJrbsCtRn98RkOGx1ACZ7ubbE3fg4iOXG5wpuF9d9aIo/s320/644301_461486927292069_1893891071_n.jpg)
ထိုင်း-
မြန်မာ နယ်စပ်၊ ထားဝယ်ခရိုင် အတွင်း လှုပ်ရှားလျက် ရှိသော ဟံသာဝတီ ပြန်လည်
ထူထောင်ရေး (နိုင်ပန်းညွန့်) အဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိသော
နိုင်အောင်ကျနိုက် ၃၁နှစ် ဦးစီး အဖွဲ့ဝင် ရှစ်ဦးတို့သည် သြဂုတ် ၁၁ရက် ည
၉နာရီခွဲက အေကေ- ၄၇ သေနတ်နှစ်လက်၊ ပွိုင့်- ၃ဝကာဘိုင်သေနတ် တစ်လက်၊
ပွိုင့်- ၂၂သေနတ် တစ်လက်၊ ပွိုင့်-၂၂ တစ်ထောင့်ထိုး သေနတ် တစ်လက်၊
ပွိုင့်-၃၈ ခြောက်လုံးပြူး အရှည် သေနတ် တစ်လက်၊ ပွိုင့်-၃၈ ခြောက်လုံးပြူး
အတို သေနတ် တစ်လက်၊ ပွိုင့်- ၃ဝလုပ် သေနတ်တစ်လက်၊ လက်ပစ်ဗုံး တစ်လုံး၊
လမ်းလျှောက် စကားပြော စက်တစ်လုံး၊ ကျည်မျိုးစုံ ၇၁တောင့်၊ ကျည်အိမ်မျိုးစုံ
ခုနစ်ခုတို့ နှင့်အတူ သံဖြူဇရပ်မြို့ရှိ တပ်မတော် စစ်ကြောင်းထံသို့
အလင်းဝင် ရောက် ခဲ့သည်။
အလင်းဝင် ရောက်လာသော ဟံသာဝတီ ပြန်လည်
ထူထောင်ရေး (နိုင်ပန်းညွန့်)အဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိသော
နိုင်အောင်ကျနိုက် ၃၁နှစ်၊ ဗိုလ်ကြီး အဆင့်ရှိသော နိုင်ကလပ်စွန်း
၃၄နှစ်နှင့် ထူးထူးစိန် ၅၅နှစ်၊ အရာခံဗိုလ် အဆင့် ရှိသောအထူး ၃၇နှစ်၊
တပ်သား အဆင့်ရှိသော ချန်တရော့ ၂၂နှစ်၊ နိုင်အဝ ၃၃နှစ်၊ ပလိုင်စိုး ၂၁နှစ်၊
အောင်ကျနိုက် ၂၆ နှစ်တို့အား တပ်မတော် စစ်ကြောင်းမှ လိုအပ်သည့် ကူညီ
ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိ သည်။
(မြ၀တီ)