skip to main  |
      skip to sidebar
        
      
        
      
နိုင်ငံရေးသမား၏ အရည်အသွေးကို ဘယ်အရာနှင့် တိုင်းတာမည်နည်း?

 
 
 From : ဖေမြင့်
 
 နိုင်ငံရေးသမားဖြစ်ဖို့မှာ ကျောင်းပညာအပြင် တခြားဘာတွေ လိုအပ်ပါသနည်း?
 
 မည်သည့် လုပ်ငန်း ကဏ္ဍလုပ်ကိုင်သူ မဆို အခြေခံပညာအပြင်၊ အဲသည်လုပ်ငန်း ကဏ္ဍဆိုရာ အသိပညာ အတတ်ပညာများကို လည်း ပြည့်ဝဖို့လိုအပ်ပါသည်။
 စီးပွားရေးပညာ၊ လုပ်ငန်းစီမံခန့်ခွဲမှုပညာများ မတတ်ကျွမ်းဘဲ 
လုပ်ငန်းကြီးကြီး မားမားလုပ်ကိုင်နိုင်မှာ မဟုတ်သကဲ့သို့ နိုင်ငံရေးဆိုင်ရာ
 အသိပညာ အတတ်ပညာ သို့မဟုတ် နိုင်ငံရေးဦး နှောက်မရှိဘဲ ထိရောက် ထက်မြက်သော 
နိုင်ငံရေးသမားတစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ပါ။ ပြီးခဲ့သည့် 
ရွေးကောက်ပွဲမတိုင်မီက ပါတီတွေ အလျင်စလိုစုဖွဲ့ကြတာ၊ 
ရွေးကောက်ပွဲဝင်မည့်သူများ ရရှိဖို့အတွက်အပြေးအလွှား လိုက်လံရှာဖွေ 
စည်းရုံးကြတာ အားလုံး အသိဖြစ်သည်။
 အဲသည်တုန်းက ပါတီထူ ထောင်ဖို့ 
စုဖွဲ့ကြသူများထဲတွင် အများစုက နိုင်ငံရေး စိတ်ဓာတ်ထက်သန် သူတွေ 
နိုင်ငံရေးအတွေ့အကြုံရှိပြီး သားသူ တွေ ဖြစ်ပါလိမ့်မည်။ သို့သော် 
ရွေးကောက်ပွဲဝင်သည့် ကိုယ်စားလှယ်လောင်းများထဲမှာတော့
 မူလနိုင်ငံရေး သမားများထက် စီးပွားဥစ္စာ၊ ကျောင်းပညာ၊ အသိုင်းအ၀ိုင်း 
အရှိန်အ၀ါ စသည်တို့အရ ရပ်ရွာ၌တင်ပြ၍ ကောင်းသူတွေက ပို၍များနေနိုင်သည်။ 
ကကြောင်းက ပါတီငယ်များရော ပါတီကြီးများပါ ရုပ်ပြကောင်းသူတို့ကို မိမိတို့ 
ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးချယ်နိုင်ကြသောကြောင့် ဖြစ်သည်။
 
 အကြောင်းအားလျော်စွာ သည်ပုဂ္ဂိုလ်တွေ နိုင်ငံရေးရာထူးရကြသည့်အခါ 
ရာထူးနှင့်ထိုက်တန်စွာ ဆောင်ရွက်နိုင်စွမ်း ရှိမရှိ ဟူသည် တိုင်းပြည်အတွက် 
လည်းကောင်း၊ ပြည်နယ်များ တိုင်းများ ဒေသများ အတွက် လည်းကောင်း 
အရေးကြီးသောကိစ္စဖြစ်လာသည်။ အကြောင်းက စီမံခန့်ခွဲသူတို့ညံ့ဖျင်းလျှင် တိုင်းပြည်ရော လူမျိုးပါ နစ်နာနိုင်သောကြောင့်ဖြစ်ပါသည်။
 
 နိုင်ငံတကာ၌ပင် ရာထူးကြီးကြီး ရရှိထားသူတို့ မိမိတို့တာဝန်ယူသည့်ကဏ္ဍမှာ 
ကာလကြာရှည် အဆင် ပြေအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ဖူးသည့်တိုင် 
အကြောင်းကြောင်းကြောင့် ကြီးကြီးမားမား အမှားတစုံတရာ ဖြစ်ပေါ်ခဲ့မည်ဆိုလျှင်
 သည့်အတွက် မိမိတာဝန်ရှိပါသည်ဟု ၀န်ခံသည့်အဘောဖြင့် နှုတ်ထွက် သွားကြသည့် 
အစဉ်အလာမျိုးရှိသည်။
 ဤသည်မှာကောင်းသော အစဉ်အလာတစ်ရပ်ဖြစ်၍ 
၎င်းပုဂ္ဂိုလ်၏ အပြုအမူသည် လည်း အစဉ်အလာကောင်းကို လေးစားစောင့်ထိန်းသော 
အပြုအမူအဖြစ် အသိအမှတ်ပြုကြရမည်ဖြစ်သည်။
 နိုင်ငံရေးလုပ်မည့်သူ၌ 
နိုင်ငံရေးရာ တတ်သိကျွမ်းကျင်မှုအပြင် မရှိမဖြစ် လိုအပ်သည့် အခြားအရည် 
အသွေးနှစ်ခုရှိသေးသည်။ ယင်းက ရိုးသားဖြောင့်မတ်မှုနှင့် တိုင်းပြည်ကို 
ချစ်မြတ်နိုးမှု တို့ဖြစ်သည်။
 
 နိုင်ငံရေးသမားဟူသည် မိမိလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ပရိယာယ်များ မဟာဗျူဟာ နည်းဗျူဟာများ ချမှတ်ဆောင်ရွက်ရသည်တို့ရှိမည်သာဖြစ်၏။
 သို့သော အဲဒါသည် တကဏ္ဍဖြစ်၍ အများပြည်သူနှင့်ဆက်ဆံသည့် နေရာ၌ကား ကတိတည်သူ ဖြောင့်မတ်တည်ကြည်သူ ဖြစ်ရပေမည်။
 
 အဲဒါမှသာ အများပြည်သူတို့၏ စိတ်၌ ဒီလူက ဘာပဲဟူ၍ခွဲခွဲခြားခြား 
မှတ်သားနိုင်လိမ့်မည်။ ထို့နောက် အဲသည်မှဆက်ကာ အယူအဆတူသူတို့၏ 
ယုံကြည်ကိုးစားမှုကို ခံယူရရှိလိမ့်မည်။
 နိုင်ငံရေးသမား တို့၌ 
စွဲကပ်တတ်သည့် အဓိက အပြစ်အနာအဆာများထဲတွင် အဂတိလိုက်စားခြင်း၊ 
အာဏာအလွဲသုံးကာ ကိုယ်ကျိုးရှာခြင်းတို့ ထိပ်ဆုံးက ပါဝင်ရာ 
ရိုးသားဖြောင့်မတ်မှု အရေးကြီးကြောင်းထင်ရှားသည်။
 
 
နိုင်ငံရေးသမားတစ်ဦး ရိုးသားဖြောင့်မတ်နိုင်ရေးတွင် 
ယုံကြည်ချက်ခိုင်မာမှုသည်လည်း အရေးကြီး သည်။ တူညီသောရည်ရွယ်ချက်၊ လမ်းစဉ် 
သို့မဟုတ် ယုံကြည်ချက်ကို အခြေခံကာ ပါတီတစ်ခု အဖွဲ့အစုတစ်ခု နှင့် 
ပူးတွဲလုပ်ဆောင်နေရာမှ အနေအထားတွေပြောင်းလဲ သွားသောအခါ 
အခွင့်အလမ်းသာသည့်ဘက်သို့ အလွယ်တစ်ကူပြောင်းရွှေ့သွားသူတွေ ရှိသည်။
 
 ယုံကြည်ချက်ကို အကျိုးစီးပွားနှင့် အလဲအလှယ်ပြုကြသူများ ဖြစ်သည်။
 
 လူတို့သည် ဘ၀အတွေ့အကြုံများနှင့် အသစ်ရရှိလာသည့် အတွေးအမြင် 
ဗဟုသုတများကြောင့် အယူ အဆပြောင်းလဲနိုင်ကြသည်။ နိုင်ငံရေးသမားသည်လည်း 
အလားတူသဘောအရ ယုံကြည်ချက်များ ပြောင်းလဲ နိုင်သည်။ သို့သော် အသစ်တိုးလာသော 
အသိအမြင်ကြောင့် ပြောင်းလဲခြင်းနှင့် အကျိုးစီးပွားအတွက် ပြောင်း ရွှေ့ 
သွားခြင်းတို့သည် သိသာစွာပင် ကွဲပြားခြားနားနေတတ်ကြသည်။
 ၊ နိုင်ငံရေးသမားဟူသည် အများနှင့်ဆိုင်သောကိစ္စ သို့မဟုတ် တစ်တိုင်းပြည်လုံးနှင့်ဆိုင်သော
 အရေး အရာများကို တာဝန်ယူ လုပ်ကိုင်ကြမည့်သူများဖြစ်ရာ ၎င်း၌ 
တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသောစိတ် ခိုင်မာ စွာ 
ကိန်းအောင်တည်ရှိဖို့ အရေးကြီးသည်။
 
 အဲဒါမှသာလျှင် 
ကိစ္စကြီးငယ်များအတွက် ဆုံးဖြတ်ချက်ချမှတ်မည် အခါတိုင်းတွင် 
တိုင်းပြည်နှင့်လူမျိုး အကျိုးရှိ၊ မရှိ ဟူသော ပေတံတစ်ခုဖြင့် မမေ့လျော့ 
တိုင်းတာမိမည်ဖြစ်သကဲ့ သို့၊ သည်ကိစ္စကတော့ တိုင်းပြည်အတွက် 
အန္တာရယ်ဘေးဆိုပဲဟု တွေ့မြင်သည့်အခါမျိုးတွင် အသက်စည်းစိမ် ကို မငဲ့ကွက်ဘဲ 
ရွပ်ရွပ်ချွံချွံဆောင်ရွက်ကြမည် ဖြစ်သည်။
 
 မေ့လျော့ပေါ့ဆသော နိုင်ငံရေးသမား၊ တိုင်းချစ်ပြည်ချစ်စိတ်နည်းပါးသော နိုင်ငံရေးသမားတို့လက်သို့ တိုင်းပြည်ကို အပ်မိလျှင် နိုင်ငံနှင့် လူမျိုး ထိခိုက် နစ်နာမှာ သေချာသည်။
 
 Myanmar Express