Wednesday, August 14, 2013

လှည်းတန်းစင်တာအနီး တိုက်ခန်းတစ်ခုမှ မိန်းကလေးတစ်ဦး ခုန်ချရန်ကြိုးစား

,



သြဂုတ်လ ၁၀ ရက်နေ့၊ ညနေ ၃းooနာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ် လှည်းတန်းစင်တာ အနောက်ဘက်ရှိအေးငြိမ်းသာဆေးခန်း၏ အပေါ်ထပ်ခြောက်လွှာမှ ဆယ်ကျော် သက်ဝန်းကျင်အရွယ်မိန်းကလေးတစ်ဦးတိုက်ပေါ်မှခုန်ချရန်ကြိုးစားခဲ့ရာ တာဝန်ရှိသူများမှ
အချိန်မှီကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။


ဆယ်ကျော်သက် ၀န်းကျင်အရွယ် မိန်းကလေး တိုက်ပေါ်မှခုန်ချရန်ကြိုးစားနေချိန်တွင် မိနစ်သုံးဆယ်အတွင်း
ကယ်တင်နိုင်ခဲ့ကြောင်းဝင်ရောက်ကယ်ဆယ်မှုပြုလုပ်ခဲ့သည့် သူတစ်ဦး၏ပြောဆိုချက်အရသိရသည်။

“ဒီတိုက်ခန်းတွေမှာက လူမနေဘူး။ သူဘယ်လိုရောက်နေမှန်းလည်းမသိဘူး။ကျွန်တော်တို့တောင် ၀န်ရံတာမှာ ဖောက်ထားတဲ့အပေါက်ကနေ၀င်ပြီးတော့ကယ်ခဲ့ရတာ ဘာကြောင့်ခုန်ချမယ် ဆိုတာကိုလည်း
မသိဘူး။”ဟုဝင်ရောက်ကယ်ဆယ်ခဲ့သူ တစ်ဦးကပြောသည်။

မိန်းကလေး ခုန်ချမှုပြုလုပ်မည့် တိုက်ခန်းမှာလူနေထိုင်ခြင်းမရှိသည့်တိုက်ခန်းဖြစ်ကြောင်းနှင့်မိန်းက လေးမှာအိမ်ဖော်မိန်းခလေးတစ်ဦးဖြစ်သည်ဟု ခန့်မှန်းမိကြောင်းနှင့်အဆိုပါတိုက်ခန်းတွင် မည်ကဲ့သို့ ရောက်ရှိနေခြင်းကို မသိရှိကြောင်းပတ်ဝန်းကျင်၌နေထိုင်သူများထံမှ သိရသည်။

စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့က  အဆိုပါမိန်းကလေးကိုကယ်ဆယ်မှုပြုလုပ်ခဲ့ပြီးမိန်းကလေးအား ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သူ့ကို ကယ်ထားလိုက်နိုင်ပါတယ်။ကလေးမလေးကတော့တအားကြောက်လန့်နေပါတယ်။ သူမကြောက်ဖို့ ၀ိုင်းပြီးချော့နေပါတယ်။”ဟုမီးသတ်တပ်ဖွဲ့၊ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကမာရွတ်မြို့နယ်အတွင်း ကိုယ့်ကိုယ်ကို သတ်သေသော အမှုများရှိခဲ့ကြောင်းနှင့် မိဘနှင့်ဝေးကာလာရောက် အလုပ်လုပ်ကိုင်သည့်သူများအဖြစ်များလေ့ရှိကြောင်းလှည်းတန်းတွင်နေထိုင်သည့် ဒေသခံပြည်သူများက
ပြောသည်။

0 comments to “လှည်းတန်းစင်တာအနီး တိုက်ခန်းတစ်ခုမှ မိန်းကလေးတစ်ဦး ခုန်ချရန်ကြိုးစား”

Post a Comment