Wednesday, August 14, 2013

တောင်ပြုန်း၌ ကြက်အသားထုတ်စက်ရုံ တည်ထောင်နိုင်ရေး စီစဉ်နေ

,

ကြက်သားများကိုအဆင့်မြင့်ထုတ်လုပ်နိုင်သော အဆင့်မီကြက်အသားထုတ်စက်ရုံတစ်ခုကို တည် ဆောက်သွားရန်စီစဉ်သွားမည်ဟု မန္တလေးတိုင်းအတွင်းရှိ ပြည်တွင်းကြက်မွေးမြူသူများထံမှ သိရှိရ သည်။

စက်ရုံတည်ဆောက်ရာ၌ ပြည်တွင်းလုပ်ငန်းရှင်များထူထောင်ထားသည့် ကုမဏီတစ်ခုမှတည်ဆောက် သွားမည်ဖြစ်ပြီး၊ ကြက်သား အရည်အသွေမှီဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများစားသုံးနိုင်ရန် အတွက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်းနှင့် ပြည်တွင်းကြက်မွေးမြူသူများ အဆင်ပြေစေရန် အတွက် လည်း ယခုကဲ့သို့တည်ထောင်ရခြင်းဖြစ်သည်ဟု သိရသည်။
“ ကြက်အသားထုတ်စက်ရုံကို တောင်ပြုံးအနီး ခပိုင်ကျေးရွာဝန်းကျင် မြေ၁၁ဧကကျယ်ဝန်းတဲ့မြေနေ ရာမှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်၊ အမြန်ဆုံးပြီးစီးအောင်လည်း ဆောက်လုပ်သွားမှာ ဖြစ်ပါ တယ်”ဟု တာဝန်ယူတည်ဆောက်မည့် မွေမြူရေးဖွံ့ဖြိုးမှု ကုမဏီလိမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့တည်ဆောက်ရာတွင် စက်ပစ္စည်းများကို အိန္ဒိယနိုင်ငံမှမှာယူတင်သွင်းကာ တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ မတည်ဆောက်မီ မြန်မာနိုင်ငံမှ တည်ဆောက်မည့် လုပ်ငန်းရှင်များမှ လေ့လာ မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများကိုလည်း အမြန်ဆုံးတည်ဆောက် သွားမည်ဟု သိရှိရသည်။
`တည်ဆောက်ခြင်းလုပ်ငန်းကို အမြန်ဆုံးအကောင်အထည်ဖော်မှာ ဖြစ်ပါတယ်၊ စက်ပစ္စည်းတွေကို လည်း လေ့လာမှုပြုလုပ်ပြီး မြန်မာနိုင်ငံကို သယ်ဆောင်ပြီး လေးလအတွင်း အပြီးတပ်ဆင်သွားလို့ရပါ တယ်၊ ဒါကြောင့် မြေနေရာသတ်မှတ်ချထားပြီးရင် စီမံကိန်းကို စတင်မှာဖြစ်ပါတယ်၊ အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်´ဟု အဆိုပါကုမဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ စက်ရုံတည်ဆောက်ရခြင်းကြောင့်  ပြည်တွင်းကြက်မွေးမြူသူများ ပိုမိုအဆင်ပြေလာစေရန်၊ ခြံဖမ်းဈေးနှင့် ပြင်ပပေါက်ဈေးကွာဟမှုကို လျော့ချနိုင်ရန်၊ စားသုံးသူများအတွက် အဆင်ပြေသည့် နှုန်းထားတစ်ရပ် ဖြစ်ပေါ်လာစေရန်၊ ပြည်တွင်းကြက်မွေးမြူရေးဈေးကွက်၌ ဈေးနှုန်းများကွာဟမှုကို လျော့ချရန် နှင့်  ပြည်ပကုမဏီများနှင့် ဈေးကွက် အနေအထားယှဉ်ပြိုင်နိုင်သည့် အကျိုးရလာဒ် ကောင်များ ရရှိလာနိုင်သည်ဟု ကြက်မွေးမြူရေးသမားများက ဆိုသည်။
“အခုလို ပြည်တွင်းလုပ်ငန်းရှင်တွေက စုပြီးစက်ရုံထောင်မယ်ဆိုတော့ ကောင်းမွန်တဲ့အလား အလာ တစ်ခုပါ၊ ရေရှည်ရပ်တည်နိုင်ဖို့ပဲအရေးကြီးပါတယ်၊ စားသုံးသူကော၊ ခြံသမားပါ
အဆင်ပြေနိုင်တဲ့ ဈေးကွက်တစ်ခု အကောင်အထည်ပေါ်လာနိုင်ပါတယ်” ကျောက်မဲမြို့ခံ ကြက်မွေးမြူရေးသမား ကိုနိုင်က ၄င်းအမြင်ကိုပြောသည်။

From  မြစ်မခ

0 comments to “တောင်ပြုန်း၌ ကြက်အသားထုတ်စက်ရုံ တည်ထောင်နိုင်ရေး စီစဉ်နေ ”

Post a Comment