Wednesday, August 14, 2013

လုပ်ငန်းများ၏ Cyber လုံခြုံရေးနှင့် ခြိမ်းခြောက်မှုအား ကာကွယ်နိုင်တော့မည်

,
မြန်မာကျောင်းသားများအနေဖြင့်  စင်ကာပူနိုင်ငံ Kaplan Higher Education Academy ၌  သြစတြေးလျနိုင်ငံ Murdoch တက္ကသိုလ်၏ Double Major တစ်ခုဖြစ်သည့် Cyber Forensics, Information Security & Management and Business Information System အား စတင်ဖွင့်လှစ်နေပြီဖြစ်သည်ဟု Myanmar Search International (MSI) မှ သိရှိရသည်။
 ''Cyber Forensics, Information Security & Managementဘာသာရပ်ဆိုတာ အဖွဲ့အစည်းအတွင်း သတင်း အချက်အလက်တွေရဲ့ လုံခြုံမှုနဲ့စီမံခန့်ခွဲ့မှုအပေါ်မှာ အဓိကထားသင်ကြားပေးပြီး အလုပ်အကိုင် အခွင့်အလမ်းသစ်တစ်ခုအတွက် ပြင်ဆင်ပေးတဲ့ ဘာသာရပ်ဖြစ်တယ်။ အဓိကသင်ယူရမယ့် အကြောင်းအရာတွေကတော့Cyber လုံခြုံရေးနဲ့Cyberခြိမ်းခြောက်မှုတွေအတွက် ကာကွယ်ခြင်းနဲ့ တုံ့ပြန်ခြင်းများပဲ ဖြစ်ပါတယ်။ အခုဘာသာရပ်က ဗဟုသုတအချက်အလက်တွေကို စည်းမျဉ်းစည်းကမ်းနဲ့ အညီစနစ်တကျစီမံခွဲခြမ်း စိတ်ဖြာခြင်းဖြစ်ပါတယ်။ နောက်ပြီးသတင်းအချက်အလက်လုံခြုံရေးဆိုင်ရာများကို စီမံခန့်ခွဲသကဲ့သို့နယ်ပယ်တွေကို အဓိကထားလေ့လာရမှာ ဖြစ်တယ်''ဟုMSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုလုပ်ငန်းမှ မန်နေးဂျင်းဒါရိုက်တာဒေါ်စုစုက ပြောသည်။
Business Information System ဘာသာရပ်ကိုသင်ကြားထားပါက အဖွဲ့အစည်းများတွင်သတင်းအချက်အလက်များ ဖြန့်ဖြူးခြင်း၊ သိမ်းဆည်းသိုလှောင်ခြင်းများ အပေါ်တွင် နားလည်နိုင်မှုစွမ်းအားကို ထင်ရှားလာစေနိုင်ပြီး သက်ဆိုင်ရာ အဆင့်တစ်ခုအတွင်း ITနှင့်ပတ်သက်သော အခန်းကဏ္ဍများ၌ အလုပ်အကိုင်တစ်ခုအတွက် ပြင်ဆင်ထားပြီးသား ဖြစ်နေပြီဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။
Murdoch University သည် သြစတြေးလျနိုင်ငံ Good Universities Guide တွင် ထိပ်တန်းအဆင့် ရရှိထားသော ကျောင်းတစ်ခုအဖြစ် အပြောင်းအလဲမရှိ ရရှိထားသော တက္ကသိုလ်ဖြစ်သည်။ Murdoch University မှ ဘွဲ့ရရှိ သူများသည် Australian Computing Society (ACS) သို့ ၀င်ခွင့်ရရှိနိုင်ပြီး ဘွဲ့ရပြီးလျှင် ACS သို့ အဖွဲ့ဝင်အဖြစ် လျှောက်ထားနိုင်ကြောင်းသိရသည်။ စင်ကာပူနိုင်ငံ Kaplan Higher Education Academy သည် Edu – Trust 4 Year သက်တမ်း ရှိသောကျောင်းဖြစ်ပြီး City Campus နှစ်ခုဖြင့် ရပ်တည်လျက်ရှိသည် ။
ယခု Bachelor of Cyber Forensics, Information Security and Management and Business Information System ဘာသာရပ်ကို Kaplan ကျောင်းမှ Diploma in Information Technology ရရှိထားသူများ (သို့မဟုတ်) နိုင်ငံတကာအသိအမှတ်ပြုInformationTechnologyDiploma တစ်ခုရရှိအောင်မြင်ထားပြီးသူများအနေဖြင့်အဆိုပါဘွဲ့ဒီဂရီအတွက်ထပ်မံ၍ စာသင်နှစ် ၁၆ လ တက်ရောက်ရမည်ဖြစ်သည်။ အင်္ဂလိပ်စာအရည်အချင်းသတ်မှတ်ချက်  IELTS 6.5 (သို့မဟုတ်) TOEFL 575 ရှိရမည်ဖြစ်သည်။ ကျောင်းဖွင့်ချိန်များမှာ ဇန်နဝါရီလ၊မေလနှင့် စက်တင်ဘာ လတို့ဖြစ်သည်။ ကျောင်းလခအနေဖြင့် စင်ကာပူဒေါ်လာ ၂၅၈၄၀ ခန့် ကုန်ကျမည်ဟုသိရသည်။

From မြစ်မခ

0 comments to “လုပ်ငန်းများ၏ Cyber လုံခြုံရေးနှင့် ခြိမ်းခြောက်မှုအား ကာကွယ်နိုင်တော့မည်”

Post a Comment