Wednesday, August 14, 2013

လူသားခြင်းစာနာစိတ်ဖြင့် အမျိုးသမီးငယ်များ ကတုံးတုံး

,


ယင်းအပြုအမူသည်ကျောင်းမှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းကိုဖောက်ဖျက်သည်ဆိုကာ Internetပေါ်၌ငြင်းခုံမှုများ ဖြစ်ပေါ် ခဲ့၏။ အဆိုပါအမျိုးသမီးငယ်လေးများသည် ကလေးသူငယ်ကင်ဆာရောဂါ ကုသရေးအတွက်စေတနာ့ဝန်ထမ်းလှူဒါန်းမှုသာ ဖြစ် ၏။သူတို့၏ လှုပ်ရှားမှုသည် စင်ကာပူနိုင်ငံ၌ ကလေးသူငယ်များကင်ဆာရောဂါဖြစ်နေခြင်းအပေါ် စာနာစိတ်နှင့်လှူဒါန်းသူများ တိုး ပွားလာရေးသာ ရည်ရွယ်သည်။ကျောင်းသူလေးများသည် သူတို့သဘောထားကို လက်လွတ်စပယ် ယခုကဲ့သို့ပြုမူခြင်း မဟုတ် ဘဲ ရှေးဦးစွာ သူတို့စာသင်ယူနေသော St Magaret ကျောင်းအုပ် ချုပ်ရေးအဖွဲ့ထံ ခွင့်ပြုချက်တောင်းခံခဲ့သည်။ကျောင်းအုပ် ချုပ်ရေးအဖွဲ့ကဆံပင်အတုများပြန်ဝတ်ဆင်ရမည်ဟုသဘောတူခဲ့ကြသည်ဟုသတင်းတစ်ပုဒ်ကဆိုသည်။ သို့သော်ကျောင်းသူလေး များကယင်းကတိဝန်ခံချက်ကို ချိုးဖောက်၍ စာသင်ခန်းအတွင်းသို့ဆံပင်မပါ ကတုံးဖြင့်ကျောင်းလာခဲ့ကြသည်။ကျောင်း၏ စည်းကမ်း မှာ ပန့်ဆံပင်ပုံစံ သို့မဟုတ် မိန်းမ မဆန်သော ဆံပင်ပုံစံနှင့် ပုံပျက်ပန်းပျက်၊ ညစ်ပတ်ပေရေ၊ မသန့်ပြန့်၊ မသပ်ရပ်၊ ပွယောင်းသော ဆံပင်ပုံစံများနှင့် ကျောင်းမလာရ ဟုသာ စည်းကမ်းချက် သတ်မှတ်ထားသည်။
ဆံပင်တု ဝတ်ဆင်ခြင်းသည် အချို့သောသူများအတွက် ကျန်းမာရေးနှင့် မကိုက်ညီမှုကလည်း ရှိနေ၍ ကျောင်းသူလေးနှစ်ဦးက ဆံပင်တုများချွတ်၍ကျောင်းတက်ခဲ့သည်ဟု The Strait Timesသတင်းစာကဖော်ပြခဲ့၏။ သူတို့၏ကျောင်းကမည်သို့မှ ရှင်းလင်းချက်မပေးသည့်အပြင်ကျောင်းအုပ်ဆရာမကြီးမာရီယွန်တန်-Marian Tan ကလည်း အစည်းအဝေးများနှင့်ရှောင်ရှားနေ သည်။ သို့သော် ကျောင်းအုပ်ကြီး တန်၏ Website ၌ ဖော်ပြ ထားသည်မှာ ''ဤကျောင်းသည် ကျောင်းသူ၊ ကျောင်းသားများ မိမိ တို့ကိုယ်တိုင် ဆုံးဖြတ်ချက်နှင့် စာသင်ကြားခြင်းကိုသာဦးတည်ထားသည်။ မိန်းကလေးငယ်များ မိမိတို့ကိုယ်မိမိတို့ ယုံကြည် လာရေးကို အလေးပေးဦးတည်သည်။ မိမိတို့နိုင်ငံသူ၊နိုင်ငံသားများကို ကူညီပံ့ပိုးကြရန်သည်ဤကျောင်း၏ အလေးထားမှု ဖြစ်သည်'' ဟု ဆို ၏။ ယခုနှစ် ကလေးများ ကင်ဆာရောဂါ ကုသရေးလုပ်ငန်း အတွက် ကျောင်းပေါင်း ၁၆ ကျောင်းမှ ပါဝင်ဆောင်ရွက်လျက် ရှိရာ မိန်းကလေး ၁၂ ဦးတို့က သူတို့ ဦးခေါင်းပေါ်မှ ဆံပင်များ ဖယ်ရှားခြင်းဖြင့် လှူဒါန်းခဲ့ကြသည်။ အထက်ပါ အစီအစဉ်ကို စတင်ခဲ့သည်မှာ ၁၁နှစ်ရှိပြီဖြစ်သည်။ ကင်ဆာရောဂါကုသရန် Chemotherapy ဆိုသော ဒိုင်မိုဆေးသွင်းသည့်အခါ ကင်ဆာရောဂါ သည်အများအပြားသည် ဆံပင်များကျွတ်၍ ခေါင်းတုံးဘဝ ရောက်ရသည်။ ထို့ကြောင့် ယင်းအစီအစဉ်အတွက်ခေါင်းတုံးတုံး၍ ဆံပင်လှူဒါန်းခြင်းကို အမျိုးသမီးလေးများကပြုလုပ်ကြခြင်းဖြစ်ပါ၏။ Online စာမျက်နှာတစ်ခု၌ - ယခုလို ကလေးတွေက ဆံပင် အဆုံးရှုံးခံပြီး ကင်ဆာရောဂါ ကုသရေးအတွက်မျှော်လင့်ချက်ဖြင့် ကူညီလှုပ်ရှားသော ဆံပင်လှူဒါန်းခြင်းသည်ဆံပင်ပုံစံကို ပန့် ပုံစံ ဖြစ်စေသည်မဟုတ်။ မိန်းကလေးမဆန်ခြင်း မဟုတ်။ လူကို ပုံပျက်ပန်းပျက် ဖြစ်စေခြင်း မဟုတ်ဟု ဆိုကြသည်။ လူအမျိုးမျိုး စိတ်အထွေ ထွေက ရှိမြဲဖြစ်ပါ၏။

0 comments to “လူသားခြင်းစာနာစိတ်ဖြင့် အမျိုးသမီးငယ်များ ကတုံးတုံး ”

Post a Comment