Monday, August 19, 2013

ဘူးမမှုတ် နဲ့ သမီးရယ်

,
ဒေါ်စုကို နိုင်ငံခြား ဘယ်သူ ပို့ လိုက်တာလဲ ? ဘာကြောင့် နိုင်ငံခြားသား နဲ့ လက်ထပ် ခဲ့ ရသလဲ ?

ဒေါ်စုကို ဒီနိုင်ငံမှာ မနေနိုင်အောင် လုပ်ခဲ့တယ် ဆိုပြီး လေဖမ်း ဒန်းစီး နေကြ သူ တွေကို ပြောပါရစေ။ တကယ် အဖြစ်မှန် က သန့ှ်ရှင်းနဲ့ တည်မြဲ ကွဲကြေ တာ့ ဒေါ်ခင်ကြည် က ဦးနုရဲ့သန့်ရှင်း ဘက်က မဲဆွယ် ပေးခဲ့ တယ်၊၊ဒါကြောင့် ဦးနုရဲ့ သန့ှ်ရှင်း မဲနိုင် သွားပြီး အစိုးရ ဖွဲ့နိုင်ေ တာ့ ဒေါ်ခင်ကြည် ကို ကျေးဇူး ဆပ် တဲ့ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ ယခု အချိန် အထိ တစ်ဦး တည်းသော အမျိုးသမီး သံအမတ် အဖြစ်နဲ့ အိန္ဒိယ နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ခန့်အပ်ပြီး ချီးမြှောက် ခဲ့တာပါ၊ ဒေါ်စုက တက္ကသိုလ် ၀င်တန်း အောင်ပြီး ကာစ ပဲ ရှိအုံးမယ်၊ ၊ဒေါ်စု မွေးတာက (၁၉၄၅)၊ ဒေါ်ခင်ကြည်ကို သံအမတ် ခန့်တာက (၁၉၆၁)၊ တွက်ကြည့် (၁၆)နှစ်သမီး ပဲ ရှိသေး တယ်၊၊ အိန္ဒိယမှာ ကျောင်း ဆက် တက် တာတွေ၊ အောက်စ်ဖို့ဒ် တက္ကသိုလ် ၀င်ခွင့် ရအောင် အိန္ဒိယမှာ ကျူရှင်ယူ ခဲ့ရတာ တွေ၊ သူများ တွေ နှစ်ချီပြီး ကြိုးစားရတဲ့ အောက်စ်ဖို့ဒ် ၀င်ခွင့် ကို ဒေါ်စု က လပိုင်း လောက်နဲ့ ကြိုးစား ခဲ့ရတာ တွေ ကို သူကိုယ်တိုင် ပြော ထား တာတွေ ရှိပါတယ်၊၊

ဒေါ်စုသားသမီး တစ်ယောက်လုပ်နေပီးဘာလို့မသိရတာလဲ၊ဘာလို့ မှန်းတုပ် ရမ်းတုပ် လုပ် ရတာလဲ၊၊ ဗိုလ်ချုပ်အောင်ဆန်း ရဲ့သားသမီးတွေ အနေနဲ့ တစ်ရပ် တစ်ကျေးမှာ မဖြစ်သင့်တာတွေ မဖြစ်ရအောင် အင်္ဂလန်ကို လွှတ်လိုက် တာနဲ့ ပတ်သက်ပြီး ဦးနေ၀င်း က ဒေါ်ခင်ကြည် ကို သတိပေး စကား ပြောကြား ခဲ့တာတွေ သမိုင်း အနေနဲ့ ရှိပါတယ်၊ ဆိုတော့ ဒေါ်စုကို အင်္ဂလန် ကို သွားအောင် ဦးနေ၀င်း က ပထုတ် လိုက်တာလား ၊ သူ့ဘာသာ သူ ပညာ လိုလား လို့သွားတာလား ဆိုတာ စဉ်းစားဖို့ပါ၊၊ ဒေါ်ခင်ကြည် ကို အိန္ဒိယ ပို့တာ ဘယ်သူလဲ ဆိုတာ လေ့လာဖို့ပါ၊ သူ့ဘာသာ သူ တွေ့ကရာ နဲ့ကြိုက်၊ တွေ့ကရာ နဲ့ ယူပြီး တော့မှ ဟိုအပြစ်တင်၊ ဒီ အပြစ်တင် လုပ်နေ တာ ကတော့ မကောင်း ပါဘူး၊၊ မကြာခဏ ကိုးကား နေကြတဲ့ ကျမ ဧရာဝတီ တိုင်း မှာ နေခဲ့ရင် ရှင်နဲ့ညား မှာ ပေါ့ ဆိုတဲ့ စကားဟာ အင်မတန် အနှစ်သာရ ကင်းမဲ့ ပါတယ်၊ ရောက်ရာနေရာမှာ တွေ့ရာလူနဲ့ မဖြစ်မနေ ယူလိုက် ရလောက်အောင် (ကန်တော့ပါရဲ့) မနေနိုင်၊ မထိုင်နိုင် ဖြစ်ခဲ့ လို့လား၊ ကိုယ့်ရဲ့မျိုးရိုး၊ ကိုယ့်ရဲ့ အနေ အထား ကို သတိပြု ခဲ့သင့် တာပေါ့၊၊

သူ တစ်ယောက်တည်း အတွက်တော့ သူ့ဆန္ဒ ကို ဦးစားပေး ခဲ့တာ ပြောစရာ မရှိပါဘူး၊၊ အမျိုးသား အရေးမှာ တော့ အင်မတန် ကြီးလေးတဲ့  ပြစ်မှုကြီး တစ်ခုကို ကျူးလွန် ခဲ့တာပါပဲ၊၊ လွန်ခဲ့တဲ့ လေးနှစ်လောက် က တောင်ကိုရီး ယား ၀န်ကြီးချုပ် ရာထူး အတွက် သမ္မတ လီမြောင်ဘတ် က အမျိုးသမီး တစ်ဦး ကို အဆို တင်သွင်း ပါတယ်၊ အဲဒီ ၀န်ကြီးချုပ် လောင်း အမျိုးသမီး က ကိုရီးယား အချင်း အိမ်ထောင် ပြုပြီး သားသမီးမွေး တဲ့အခါ အမေရိကန် မှာ သွားမွေး ပါတယ်၊ အဲဒီမှာ မွေးရင် natural citizen ရ လို့ပါ၊ သားသမီးရဲ့ ပညာရေး အတွက် ဒီလို ကြံစည်ပြီး ဆောင်ရွက် ခဲ့တာပါ၊၊ ဆိုပါတော့ အဲဒီ အမျိုးသမီးရဲ့ သားနှစ်ဦး က အမေရိကန်မှာ ပညာ သင်ကြားပြီး အမေရိကန် နိုင်ငံ သား ခံယူကြ ပါတယ်၊ အဲဒါက ဘာမှ အရေးကြီး တဲ့ ကိစ္စ မဟုတ်ပေမယ့် ၀န်ကြီးချုပ် အမည် စာရင်း တင်သွင်း ခဲ့ရတဲ့ အခါမှာ သူ့သား နှစ်ဦး က အမေရိကန် နိုင်ငံသား တွေ ဖြစ်နေကြ လို့ ပါလီမန် က ကန့်ကွက် ခဲ့ပါတယ်၊ သူ ၀န်ကြီးချုပ် မဖြစ်ခဲ့ ပါဘူး၊ တောင်ကိုရီးယား ပါလီမန် က မျက်ကန်း မျိုးချစ်တွေ ကြောင့်ပေါ့၊၊

မကြာသေး မီက ဒီမှာ လည်း ဒုသမ္မတ ရွေးရာမှာ တစ်ပြေး ခဲ့တဲ့ ရန်ကုန် တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ ကို ဘာကြောင့် ပယ်ခဲ့ ရတာလဲ၊ ဥပဒေ မဲ့ လျှောက်ပြော၊ လျှောက်လုပ် လို့ မရပါဘူး၊၊နိုင်ငံတော် အကြီးအကဲ နဲ့ ပတ်သက် တဲ့ အရည်အချင်း တွေ ကို မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးစီး ရေးဆွဲပြီး ချမှတ် ခဲ့တာပါ၊ ၂၀၀၈-ဥပဒေ မှာလည်း အဲဒီ အချက် ကိုပဲ မပြောင်း မလွဲ ဒီအတိုင်း ပြဌာန်း ခဲ့တာပါ၊ အဲဒါ ကို သူ့သမီး က ဖျက်ဖို့  ကြိုးစား နေတာပါ၊၊

ဘယ် အာဏာရှင် ကမှ သူ့ကို တားမြစ် နေတာ မဟုတ်ပါဘူး၊၊ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဖခင် ဗိုလ်ချုပ် အောင်ဆန်း က နိုင်ငံနဲ့ လူမျိုး အတွက် သူ့သမီး ကို သူကိုယ်တိုင် တားမြစ် ထားခဲ့ တာပါ၊၊ ဒေါ်စု အနေနဲ့ ဘယ်သူ့ကိုမှ အပြစ် မတင်သင့် ပါဘူး၊ နိုင်ငံခြား သား ကို ယူခဲ့မိတဲ့ သူ ကိုယ်တိုင် ကို အပြစ် တင် ချင်တင်၊ နိုင်ငံခြား သား နဲ့ ပတ်သက်သူ ကို နိုင်ငံ့ အကြီးအကဲ မတင်ဖို့ တားမြစ် ခဲ့ တဲ့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင် တဲ့ တိုင်းပြု ပြည်ပြု လွှတ်တော် ကို အပြစ် တင်ချင် တင်၊၊ ဒီနှစ် ချက်ပဲ လုပ်သင့် ပါတယ်၊၊ သူ့ အရည် အချင်း ကို အကြွင်းမဲ့ ယုံကြည် ပါတယ်၊၊ သူ ဦးဆောင်ရင် တိုင်းပြည် တိုးတက်မှု မြန်မယ် ဆိုတာကို လည်း ယုံကြည် ပါတယ်၊၊ ဒါပေမယ့် အဲဒီ တစ်ချက်တည်း နဲ့တော့ နိုင်ငံရဲ့ အခြေခံ ဥပဒေကို စက္ကူစုတ် ဖြစ်အောင် မလုပ်သင့် ပါဘူး၊၊ သူ့ တစ်ယောက်တည်း အတွက် အခု အချိန် မှာ အဲဒီ အချက်ကို ပြင်မယ် ဆိုရင် နိုင်ငံဟာ သာလာယံ ဇရပ်စုပ်လို ၀င်ချင် သူဝင်၊
ထွက်ချင် သူထွက် လုပ်ချင်ရာ လုပ်နိုင်တဲ့ နိုင်ငံ ဖြစ်သွား ပါလိမ့်မယ်၊၊ အဓိက က လူထက် စနစ် က သာ အရေးကြီး တာပါ၊၊ စနစ် ကောင်း တစ်ခု အခြေ ခိုင်ခိုင် တည်ဆောက် နိုင်ခဲ့ရင် ဘယ်သူပဲ ခေါင်းဆောင်၊ ခေါင်းဆောင် စနစ် က သူ့ဘာသာ လည်ပတ် နေပြီး လူက စနစ် ပေါ်မှာ အလိုက်သင့် လိုက် နေ ရုံ ပါပဲ၊ အမေရိကန် မှာ စနစ်က အခြေခိုင်ပြီး ဖြစ်လို့ ဘယ်သူ တက်တက် ဒီအ တိုင်း ပါပဲ၊ ဒီမှာလည်း လူ တစ်ယောက် ကို အားကိုး တာထက် စနစ် ကောင်း တစ်ခု အခြေခိုင် အောင် ၀ိုင်းဝန်း တည်ဆောက် သင့် ပါတယ်၊၊ လွတ်လပ်ရေး ရပြီး ပါလီမန် ဒီမိုကရေစီ ခေတ်မှာ တိုင်းပြည် တိုးတက်ခဲ့ တာ ပါပဲ၊ အဲဒီ အချိန်က ဒေါ်စု တောင် လူမမယ် အရွယ် လောက်ပဲ ရှိသေး တာပါ ၊သူလုပ်မှ တိုင်းပြည် တိုးတက်မယ် ဆိုတာကတော့ (personal cult) ပုဂ္ဂိုလ်ေ ရး ကိုးကွယ်မှု သက်သက် သာ ဖြစ်ပါ တယ်၊၊

ဒေါ်စု အနေနဲ့ လည်း ဘယ်သူ မပြု မိမိမှု ကို ကိုယ့် အခွင့်အရေး အတွက် အခြားသူ တွေကို အပြစ် တင်ပြီး နိုင်ငံ အတွက် ခေါင်းဆောင်ကြီး တွေ ချမှတ် ခဲ့တဲ့ ဥပဒေကို ပယ်ဖျက်ဖို့ မကြိုးစား ပဲ တိုင်းပြည် ခေါင်းဆောင် သားသမီး တစ်ဦး အနေနဲ့ မကျူးလွန် သင့်တဲ့ အပြစ်ကို ကျူးလွန် မိခဲ့တဲ့ အတွက် အပြစ်ချေ တဲ့ အနေနဲ့ ကျရာ ကနေ နိုင်ငံ အကျိုး သယ်ပိုး သင့် ပါတယ်၊၊ ဘယ်နေရာ က ပဲ လုပ်ရ လုပ်ရ နိုင်ငံ အတွက် လုပ်မယ် ဆိုတဲ့ စိတ်ဓါတ် မွေးသင့် ပါတယ်၊၊ အမျိုးသား ရင်ကြား စေ့ရေး ကြိုးစား နေတယ် ဆိုရင် မိမိ ကြောင့် ပြည်သူ လူထု အတွင်း စိတ်ဝမ်း ကွဲပြားမှု မဖြစ်ရ အော င်ေ ဆာင်ရွက် သင့် ပါတယ်။

ကျွန်တော် တို့ သာမန် နိုင်ငံသား တွေ အနေနဲ့ လည်း အချင်းချင်း စိတ်ဝမ်း ကွဲပြား စေမယ့် အလုပ်တွေ မလုပ်သင့် တော့ပါ လို့ တိုက်တွန်း ချင်ပါတယ် ခင်ဗျာ .....

Kyi Soe

0 comments to “ဘူးမမှုတ် နဲ့ သမီးရယ် ”

Post a Comment