Thursday, August 1, 2013

ကချင်တိုင်းရင်းသားတွေအတွက်ရင်လေးတယ်

,


          သူငယ်ချင်း
          တစ်လောက အစိုးရတပ်တွေနဲ့ပူးပေါင်းဖို့ ကြံစည်ခဲ့ကြတဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင် ၄၂ ယောက် ပြန်လည်ဖမ်းဆီးမိတဲ့အကြောင်း၊ ဒီကိစ္စအတွက် ကေအိုင်အေစစ်ဦးစီးချုပ်ဂမ်ရှောင်ဟာ ဌာနချုပ်လိုင်ဇာ မှာ အစည်းအဝေးလုပ်ပြီး ဒီတပ်ဖွဲ့ဝင်တွေကို သေဒဏ်ပေးရန် ဆုံးဖြတ်ခဲ့တဲ့အကြောင်း၊ တပ်မှူးတွေ အကြား သဘောထားကွဲလွဲပြီး လက်နက်ကိုင်ဖြေရှင်းမယ့်အထိ ပြဿနာပေါ်ခဲ့တဲ့အကြောင်း၊ နောင် အစည်းအဝေးလာရင် လက်နက်ကိုင်ဆောင်ခွင့် ပိတ်ပင်လိုက်တဲ့အကြောင်းနဲ့ ကေအိုင်အေ/ ကေအိုင်အေအဖွဲ့ထဲမှာလည်း အထက်အောက်ရော အချင်းချင်းပါ မယုံမကြည်သင်္ကာမကင်းဖြစ်နေကြ တယ်ဆိုတဲ့အကြောင်းတွေကိုတော့ မင်းသိပြီးပါပြီ။
          ကေအိုင်အေပြောခွင့်ရပုဂ္ဂိုလ်ဆိုတဲ့ ဦးလနန်ကတော့ အစိုးရတပ်နဲ့ ပူးပေါင်းဖို့ကြံတဲ့ ကေအိုင်အေတပ်ဖွဲ့ဝင်တချို့ကို သေဒဏ်ပေးမယ်ဆိုတဲ့သတင်းဟာ မမှန်ဘူးလို့ ငြင်းပါတယ်။ ဒီလို ငြင်းရမှာကတော့ သူ့အလုပ်ပဲလေ။ ဂမ်ရှောင်အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး လိုင်ဇာမှာအစည်းအဝေး မလုပ်ခဲ့ဘူးလို့ငြင်းခဲ့တယ်။ ဒါပေမယ့် ဦးလနန်ကပဲ “တပ်မှာတော့တပ်စည်းကမ်းရှိတယ်။ သေဒဏ်ပေး တာတော့မရှိဘူး။ ရာထူးလျှော့တယ်။ ရာထူးချတယ်။ တက်လမ်းမရှိဘူး။ ဒီလိုတွေတော့ရှိတယ်။” ဆိုပြီး ပြောပြတာလေးကတော့ ဒီကိစ္စတွေဟာ တကယ်ရှိနေတယ်။ တကယ်ဖြစ်နေတယ်ဆိုတာ ပေါ်လွင်နေ တယ်လေ။ ဖုံးဖိထားလို့မရတဲ့ ကိစ္စဆိုတော့ ပေါ်တာပေါ့။ 

          ဖမ်းဆီးထိန်းသိမ်းခံရတဲ့ တပ်ဖွဲ့ဝင်တချို့ကလည်း ကေအိုင်အိုခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေဆီကို စာရေးပြီးအသနားခံကြတာလည်း မင်းကြားမှာပါ။ ဒို့ကေအိုင်အေ ခေါင်းဆောင်ကြီးတွေသိမ်းသွင်းထားတဲ့အတိုင်း ဘာမှန်းမသိတဲ့ ကချင်လူထုကောင်းစားရေး၊ ကချင်ပြည်နယ်လွတ်လပ်ရေးအတွက် သားပစ်၊ မယားပစ် အသက်စွန့်ပြီး တိုက်ပွဲဝင်နေကြရတာကိုး။ တကယ့်အရေးအကြောင်းလည်းဖြစ်ရော တပ်ဖွဲ့ဝင်တွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေကို မေ့လိုက်ကြတယ်။ ခေါင်းဆောင်တစ်ယောက်ကို သနားညှာတာမှုမရှိဘဲ အားအားရှိ သတ်ဖို့၊ ဖြတ်ဖို့လောက်ကိုပဲပြောနေ၊ စဉ်းစားနေကြတာလေ။
          တကယ်တော့ ဒို့ကေအိုင်အေစစ်သားတွေရှိနေလို့ သူတို့က ခေါင်းဆောင်ဖြစ်နေတာလေ။  ဒို့မရှိရင် သူတို့ဗိုလ်လုပ်လို့မရပါဘူး။ ဘ၀မေ့နေကြတာလေ။ ဂမ်ရှောင် အပါအ၀င် ဒို့ခေါင်းဆောင် အချို့ဟာ အာဏာရူး၊ နိုင်ငံရူး၊ လူမျိုးကြီးဝါဒရူးတွေမှန်း၊ မဆင်မခြင် တဇောက်ကန်းတွေမှန်း တဖြည်းဖြည်းနဲ့ သိလာရတယ်။ ဒီလိုလူတွေက တပ်ဖွဲ့ဝင်အချင်းချင်းအပေါ် နှိပ်ကွပ်နေမှတော့ လက်အောက်က တပ်ဖွဲ့ဝင်တွေအနေနဲ့ သူတို့အတွက် အသက်စွန့်တိုက်ပွဲဝင်ပေးဖို့ ဆိုတာ ဖြစ်နိုင်ပါ့ မလား။

    ခုတော့ဂမ်ရှောင်ရဲ့ အထက်မကြည့်၊ အောက်မကြည့် တဇောက်ကန်းလုပ်နေတာကြောင့် ကေအိုင်အေ လူကြီးဟောင်းတွေလည်း ကြည့်မနေနိုင်တော့ဘူး။ တရုတ်ပြည်မှာနေတဲ့ ကေအိုင်အို အကြံပေး ဦးဟာရာလကနေ ကေအိုင်အိုဥက္ကဋ္ဌ ဦးဇောင်းဟရားနဲ့ ဦးအင်ဘန်လတို့ဆီကို စာရေးခဲ့ တယ်။ ကအိုင်အေစစ်ဦးစီးချုပ်ရဲ့လုပ်ပိုင်ခွင့်တွေကို ပြန်လည်သုံးသပ်ဖို့ ကေအိုင်အို၊ ကေအိုင်စီနဲ့ ကေအိုင်အေတာဝန်ခံအရာရှိနဲ့ တပ်ဖွဲ့ဝင်များကို အဆင့်ဆင့်အမိန့်နားထောင်ဖို့ အကြံပြုခဲ့ရတယ်။
          အကြံပြုတာတွေကတော့ ထိန်းသိမ်းထားတဲ့ ကေအိုင်အေတပ်ဖွဲ့ဝင်တွေကို သေဒဏ်အမိန့်ပေး ဖို့ စီစဉ်လို့ တပ်ဖွဲ့ဝင်တွေစိတ်ဝမ်းကွဲရတယ်။ ဒါကြောင့် သေဒဏ်အစား အခြားပြစ်ဒဏ်ပေးစီရင် သင့်တယ်။  သက်သေမခိုင်လုံဘဲအပြစ်ပေးရင်သူတို့ဆွေမျိုးတွေကလက်ခံမှာမဟုတ်ဘူး။စပေါ့ ကျောက်စိမ်းမှော်ဒေသမှာ ဒီလိုသေဒဏ်ပေးခဲ့လို့ ပြဿနာတွေကြီးခဲ့ပြီးပြီ။ သေဒဏ်အပြစ်ပေးတာကို လည်း မဟာမိတ်တွေနဲ့ ဂမ်ရှောင်ကထင်ရာတွေလုပ်နေတဲ့အတွက်ဒုတိယဗိုလ်မှူးကြီးအဆင့်အောက် တပ်ဖွဲ့ဝင်တွေကို
ကာင်စီထံမတင်ပြဘဲ သေဒဏ်ပေးနိုင်တဲ့ စစ်ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို ပြန်သုံးသပ် ဖို့လိုတယ်လို့ ဦးဟာရာလက စာရေးလိုက်တယ်။
          တပ်မှူးအချို့ဟာ နီးစပ်ရာဆွေမျိုးသားချင်းတွေကို ခေါ်ပြီး ကိုယ်ပိုင်တပ်တွေလိုသုံးနေတာတွေ လည်းတားသင့်တယ်။ရှေ့တန်းကအရာရှိတွေရဲ့မိသားစုတွေကိုအကြောင်းအမျိုးမျိုးပြပြီး နောက်တန်းကိုပြန်ခေါ်နေတာလည်း မကျေမနပ်ဖြစ်နေကြတယ်။ကေအိုင်အေတပ်ဖွဲ့အတွင်းမှာ ဆရာမွေး၊ တပည့်မွေးနေကြလို့ အမိန့်နာခံတာနည်းလာတယ်။ဒါကြောင့်တပ်ဖွဲ့ဝင်တွေကိုဥက္ကဋ္ဌရဲ့အာဏာနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့၊
 နောင်ကိုဒီလိုပေါက်ကရလုပ်လို့မရအောင် အရေးကြီးတဲ့ကိစ္စ တွေကို တစ်ဦးတည်းက စီရင်ဆုံးဖြတ်တာထက် ဗဟိုစီရင်ဆုံးဖြတ်ရေးအဖွဲ့ ဖွဲ့စည်းထားသင့်တယ်လို့ ဦးဟာရာလက အကြံပြုခဲ့တယ်။ ဒါကိုဂမ်ရှောင်သိသွားလို့ ဦးအင်ဘန်လတို့လည်း ဌာနချုပ်ကို ပြန်မလာ ဘဲရှောင်နေကြတယ်။
          မင်းကိုပြောခဲ့တဲ့အတိုင်းပဲ ဒို့ကေအိုင်အေထဲမှာတော့ အထက်ပိုင်းမှာရော၊ အထက်အောက်ရော စိတ်ဝမ်းတွေကွဲပြီး အချင်းချင်းယုံကြည်မှုလည်း မရှိကြတော့ဘူးဖြစ်နေတာ။ အထက်ကလည်း တဇောက်ကန်းလျှောက်လုပ်နေတာ။လက်အောက်ကလည်းအထက်အမိန့်တွေသိပ်ဂရုမစိုက်ကြ တော့ဘူး။ ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ထားချိန်မှာ ကေအိုင်အေတပ်ဖွဲ့ဝင်တွေဟာ အပစ်ရပ်လို့ ကိုယ့်ရပ်ရွာတွေကို ပြန်လာတဲ့ ကချင်တိုင်းရင်းသားတွေကို မူရင်းရွာတွေမှာ မနေဖို့ မောင်းထုတ်နေ ကြတယ်။ တချို့တပ်ဖွဲ့ဝင်တွေကလည်း စားစရာရိက္ခာပြတ်လပ်နေကြတော့ အထက်ကမသိအောင် ကားတွေကို ဆက်ကြေးကောက်ပြီး ရှာစားနေကြရတယ်။ တော်တော်လေး ဖရိုဖရဲဖြစ်နေတာ။ ဒီတစ်ခါ စစ်တပ်က လာတိုက်ရင်တော့ ဒို့ကေအိုင်အေကွဲမှာပဲ။ တွေးလိုက်တိုင်း ဒို့ကချင်တိုင်းရင်းသားတွေ အတွက် ရင်လေးပါတယ် သူငယ်ချင်းရာ။
အားယော်

0 comments to “ကချင်တိုင်းရင်းသားတွေအတွက်ရင်လေးတယ်”

Post a Comment