Thursday, August 1, 2013

၈ လေးလုံးတွင် လူမိုက်များကြောင့် စစ်တပ်မှ ၀င်ထိန်းသိမ်းရ

,
၈ လေးလုံးတွင် ကျောင်းသားများကို ခေါင်းဖြတ်သတ်ခဲ့သည့် ပြည်ပြေး မိုးသီးဇွန်
၈ လေးလုံးကို သတိရတယ်ဆိုရင်.......

၈ လေးလုံးနဲ့ ပါတ်သက်ပီး တော်တော်များများ တင်နေတာတွေ လိုက်ကြည့်တာတော့ ဒီမိုကရေစီ အရေးတော်ပုံ၊ ဖိနှိပ်တဲ့ အစိုးရကို တော်လှန်တယ်၊ မတရားမှုကို ရှုံချတယ်၊ ဆန့်ကျင်တယ် အစရှိသဖြင့် ပြောနေ ဆိုနေတာတွေကို တွေ့ရပါတယ်...... ဘယ်ကိစ္စမဆို ကောင်းကျိုးရှိသလို ဆိုးကျိုး လည်း ရှိပါတယ်.... ၈ လေးလုံး အရေးတော်ပုံကြောင့် ဒုက္ခရောက်ခဲ့ တာတွေ၊ ပြဿနာ တက်ခဲ့တာတွေ ကို ဘယ်သူမှ ရေးကြတာ မတွေ့ရပါဘူး......

၈ ရက် ၈ လ ၈၈ မဖြစ်ခင်ကတည်းက ဆန္ဒပြနေတဲ့ သပိတ်တွေကြောင့် တစ်နိုင်ငံလုံး ကုန်စည် စီးဆင်းမှုတွေ ရပ်တန့်သထက် ရပ်တန့်လာပီး စားဝတ်နေရေးတွေ ခက်ခဲကုန်ခဲ့တာ ဘယ်သူမှ ငြင်းမရတဲ့ အမှန်တရား တစ်ခုပါပဲ....... အရေးအခင်းတွေနဲ့အတူ ရောပါလာတဲ့ တောကြောင်တွေရဲ့ နှိပ်စက်မှုတွေကြောင့် နယ်တွေမှာ ဓါးပြမှုတွေ၊ တရားခံမပေါ်တဲ့ လူသတ်မှုတွေ အစရှိတဲ့ ရာဇဝတ်မှုတွေ များစွာ ဖြစ်ခဲ့ပါတယ်.......

ကျွန်တော်တို့ နယ်ဘက်တွေမှာဆိုလည်း မအောင်မြင်တဲ့ တော်လှန်ရေးကြောင့် လက်နက်တွေကို မြေကြီးထဲ ပလတ်စတစ်အိပ်တွေနဲ့ ထည့်မြှုပ်ထားတဲ့ ကွန်မြူနစ် အနွယ်တွေ၊ ရောင်စုံ သောင်းကျန်းသူတွေ မြို့တက်သိမ်းဖို့ လုပ်ခဲ့တာတွေဟာလည်း မြို့လုံးကျွတ် မီးလောင်တိုက် သွင်းခံခဲ့ရတာကို ကြုံခဲ့တဲ့ ကျွန်တော်တို့ မြို့လေးအဖို့တော့ သွေးပျက်စရာ ထိတ်လန့်ခြောက်ခြားမှုတွေပါ........


ဒီလိုပဲ ကိုယ်စီကိုယ်ငှ၊ ဂျင်ကလိ၊ လေးခွ၊ အချိုအချောင်နဲ့ ဝယ်လို့ရတဲ့ သေနတ် (အတို၊ အရှည်)၊ လက်ပစ်ဗုံးတွေနဲ့ ထောင်ထောင် ထောင်ထောင် ရပ်ရွာကို အုပ်ချုပ်နေလို့ ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိတဲ့ ဘဝမျိုး ဖြစ်ခဲ့တာတွေလည်း ဘယ်သူမှ ရေးတာ မတွေ့ရပါဘူး...... သောက်မြင်ကတ်တဲ့လူ၊ သောက်မြင်ကပ်တဲ့အိမ်ကို တံဆိပ်လေး တစ်ချက်ကပ်လိုက်တာနဲ့ ဝိုင်းပီး လူအုပ်နဲ့ အမဲဖျက်တာတွေ ဆိုတာ အခုနောက်ပိုင်း သိပ်ကြားဖူးမယ် မထင်ပါ.......

ကြည့်မရတဲ့သူဟာ အမျိုးသမီးတစ်ယောက်ပင် ဖြစ်နေပါစေ ထောက်လှမ်းရေးလို့ စွတ်စွဲ၊ လူပုံအလည်မှာ အဝတ်အစားတွေအကုန် ဆွဲချွတ် မိမွေးတိုင်း ဖမွေးတိုင်း (တုံးလုံး) ခန္ဓာကိုယ်ကို ဝိုင်းပီး လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ ကန်ကျောက် နောက်ဆုံးမှ ဆံပင်ကနေကိုင် ခပ်တိုတို ဓါးတစ်လက်နဲ့ ဝက်သားများ ကြိတ်လှီးသလို လည်ပင်းကို လှီးပီး ဖြစ်တာတွေ ဒီဘက် လူငယ်တွေ မြင်ဖူးမယ် မထင်ပါ......

ပိုဆိုးတာက အဲ့ဒိ ကိုယ်တုံးလုံး ခေါင်းမရှိတဲ့ လူသေကောင်ကြီးပေါ် ခြေထောက်နဲ့ အောင်သေ အောင်သားလိုနင်း၊ လက်တစ်ဖက်က ဖြတ်ထားတဲ့ ခေါင်းကိုကိုင်ပီး ဝံ့ကြွားနေတာတွေ၊ အဲ့ဒိ ခေါင်းကြီးကို နိုင်ငံခြား သတင်းဌာနက ကင်မရာမင်းနား ကပ်ယူပြပီး ဘဲဒီးဂွတ်၊ ဘဲဒီးဂွတ်နဲ့ လူစိတ်ပျောက်နေတဲ့ လူတွေရဲ့ လုပ်ရပ်တွေကို ဒီဘက်ခေတ်မှာ သိမှီတဲ့လူ နည်းသထက် နည်းလာတာ တွေ့ရပါတယ်......

အရေးတော်ပုံတိုင်းမှာ ကောင်းတာဖြစ်သလို၊ ဆိုးတာလည်း ဖြစ်တာပါပဲ...... ၈ လေးလုံးဖြစ်တော့ စားဝတ်နေရေး ကြပ်တည်းကုန်လို့ ထမင်းတစ်လုပ်အတွက် အဆင်ပြေရာ အကုန်လုပ်ကြရတဲ့ ဘဝတွေ တစ်နိုင်ငံလုံးမှာ မနည်းပါဘူး..... ဒီလိုပဲ အပြစ်မရှိပဲ အသတ်ခံရတဲ့ သူတွေ အစိုးရဘက်က သတ်သလို၊ ဆန္ဒပြတဲ့ လူတွေဘက်က စွတ်စွဲပီး သတ်ပစ်လိုက်လို့ သေရတဲ့လူလည်း မနည်းပါဘူး......

တကယ်ကတော့ ၈ လေးလုံး အရေးတော်ပုံဆိုတာ မအောင်မြင်သော ကြိုးစားမှု တစ်ခုပါပဲ...... သပိတ် အဖွဲ့အခြင်းခြင်း ညီညီညွတ်ညွတ် မရှိခဲ့တာက တစ်ချက်ဖြစ်သလို အခြေအနေပေါ် မူတည်ပီး အခွင့်အရေးကိုလည်း အသုံးမချတတ်ခဲ့ကြပါဘူး..... ဒေါက်တာမောင်မောင်က ပါတီစုံစနစ်ကို စတင်မိတ်ဆက်ပေးခဲ့ပေမယ့်လည်း သပိတ်စုံ အကုန်ရ ဆိုတဲ့မူကို ဆွဲကိုင်ခဲ့တဲ့အတွက် နောက်ဆုံးမှာ စစ်အုပ်ချုပ်ရေးနဲ့ အဆုံးသတ်ခဲ့တာ ၂၀၁၀ အထိ ဖြစ်ခဲ့တာပါပဲ......

ဘယ်လိုပဲဖြစ်ဖြစ် ၈ လေးလုံးမှာ အပြစ်မဲ့သူတွေ သေခဲ့သလို၊ ပြည်သူလူထုလည်း ဒုက္ခတွေ အများကြီး ရောက်ခဲ့ပြီး ကျီးလန့်စာစား ခဲ့ရတဲ့အဖြစ်မျိုးဟာ ကြုံဖူးတဲ့ သူတွေအဖို့တော့ တစ်သက် မမေ့စရာပါပဲ...... အနိဓ္ဓါရုံ၊ သွေးပျက်ဖွယ် မြင်ကွင်းတွေနဲ့ ဆောက်တည်ရာ မဲ့တဲ့ ဘဝမျိုးတွေ ပြန်မဖြစ်စေချင်တာ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ လူသားတိုင်းရဲ့ ဆန္ဒတွေပါပဲ......

၈ လေးလုံး နှစ်ပါတ်လည်တွေ လုပ်ကြတာတွေ့တော့ တစ်ခုပဲ တိုက်တွန်းချင်တာက ၈ လေးလုံးကြောင့် အာဏာရှင် အကြမ်းဖက်ခဲ့သလို၊ ဆန္ဒပြသူ လူအုပ်ကြီးထဲကနေလည်း အကြမ်းဖက်ခဲ့တာတွေ ရှိခဲ့တယ် ဆိုတာကိုပါ မမေ့မလျော့ ထည့်သွင်းစေချင်တယ်....... လွန်စွာ ကြီးမားတဲ့ သပိတ်တစ်ခုရဲ့ နောက်ကွယ်မှာ ဖြစ်လာတဲ့ ဆိုးကျိုး ကောင်းကျိုးတွေပါ လူတွေသိဖို့ လိုအပ်တယ် ဆိုတာကို ၈ လေးလုံး နှစ်ပါတ်လည် ပြုလုပ်သူတွေ အနေနဲ့ ၈ လေးလုံးကြောင့် ဖြစ်လာတဲ့ ကောင်းကျိုး ဆိုးကျိုးတွေရဲ့ အဖြစ်မှန်ကို နောင်လာ နောက်သားတွေ သင်ခန်းစာယူဖို့ မလိမ်မညာပဲ အဖြစ်မှန်ကို ဖော်ထုတ်စေချင်ပါတယ်......



From: Voice of James Mint
Ref : MDS

0 comments to “၈ လေးလုံးတွင် လူမိုက်များကြောင့် စစ်တပ်မှ ၀င်ထိန်းသိမ်းရ”

Post a Comment