Wednesday, July 31, 2013

တန်ဘိုးငွေကျပ် ၁၃၂ သန်းကျော်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

,

နေပြည်တော်၊ ဇူလိုင် ၃၁

၃၀-၇-၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး(မူးယစ်/မြောက်)မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မန်္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ မြို့သစ်၊ ဘဘ/၁၁ ရပ်ကွက်နေ မဆွေဆွေမာ၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ နေအိမ်အတွင်း ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၂)ရပ်ကွက်နေ ချစ်ပွိုင့်(၂၇)နှစ်၊ ချမ်းမြသာစည်မြို့နယ်၊ ညည/၄၅ ရပ်ကွက်နေ ဇာနည်မောင်(၂၅)နှစ်၊ ဘဘ/၁၁ ရပ်ကွက်နေ မတင်တင်စိုး(၂၅)နှစ်နှင့် ချမ်းမြသာစည်တောင်ရပ်ကွက်နေ မအေးအေးအောင်(၂၂)နှစ်တို့ ၄ ဦးအားတွေ့ရှိရပြီး နေအိမ်အိပ်ခန်း အတွင်းရှိ မြွေရေခွံအိတ်(၃)အိတ်အတွင်းမှ ဆူဒိုအက်ဖီဒရင်းဆေးပြား ၉၅၃၂၅၀ ပြား၊ တန်ဘိုးငွေကျပ် (၁၁၄.၃၉)သန်း၊ ဆူဒိုအက်ဖီဒရင်းအမှုန့်(၉.၅)ကီလို၊ တန်ဘိုးငွေကျပ်(၁၁.၄)သန်း၊ အက်ဖီဒရင်း (၁.၅၅)ကီလို၊ တန်ဘိုးငွေကျပ်(၆.၂)သန်း၊ နေအိမ်အိပ်ခန်းဘီရိုအတွင်းရှိ ပိုက်ဆံအိတ်အတွင်း ပလပ်စတစ်အိတ်ဖြင့်ထည့်လျက် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆၀ ပြား၊ တန်ဘိုး ငွေကျပ်(၃)သိန်း၊ မဆွေဆွေမာ၏မှတ်ပုံတင် ၁ ခုနှင့် မြန်မာငွေကျပ်(၂၄၀)သိန်း၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် ဆိုင်ကယ် ၂ စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရ ဖမ်းဆီးရမိသည့် ဆူဒိုအက်ဖီဒရင်းဆေးပြားများနှင့် ဆေးပြားအကြေမှုန့် များအား မဆွေဆွေမာ၏မောင်တော်စပ်သူ ကျော်ဇင်ထိုက်နှင့် ချစ်ပွိုင့်တို့ ၂ ဦးမှ အိန်္ဒိယနိုင်ငံ၊ မိုရေးမြို့မှ ပြန်လည်ရောင်းချရန်ဝယ်ယူလာခြင်းဖြစ်ကြောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများမှာ မဆွေဆွေမာ ပိုင်ဆိုင်သည့်ဆေးပြားများဖြစ်ကြောင်းနှင့် မဆွေဆွေမာနှင့်ကျော်ဇင်ထိုက်တို့ ၂ ဦးမှာ အပြင်သို့သွား နေကြောင်း သိရှိရသဖြင့် ချစ်ပွိုင့်၊ ဇာနည်မောင်၊ ကျော်ဇင်ထိုက်၊ မဆွေဆွေမာ၊ မတင်တင်စိုးနှင့် မအေးအေးအောင်တို့ ၆ ဦးအား အောင်ပင်လယ်ရဲစခန်း မယ(ပ)၃/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ခ)/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူကြောင်း သတင်းရရှိသည်။

By - YZN

0 comments to “တန်ဘိုးငွေကျပ် ၁၃၂ သန်းကျော်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ”

Post a Comment