Wednesday, July 31, 2013

......မျက်ရည်တွေထဲက မင်္ဂလာပွဲ.....

,

 
==================
တကယ်တော့ သူတို့ နှစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေဟာ
၁ လပဲ ခံမယ်ဆိုတာ သိခဲ့ရင်..
သူတို့နှစ်ယောက် ဒီလောက် ပြုံးရွှင်နိုင်ခဲ့မှာ မဟုတ်ပါဘူး.
နှစ်ယောက်အတူလက်တွဲမယ်လို့ ဆုံးဖြတ်ပြီး..
အနာဂတ်ကို ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့..
သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲက ၁၅ ရက် ၇ လ ၂၀၁၂ တဲ့။
ချစ်စခင်စ ကြင်နာစမှာ စစ်သည်ယောက်ျားအတွက် .
လက်ထပ်ခွင့် ရတဲ့ရက်က ၁၅ ရက်တဲ့..
ခွင့် ရက်ပြည့်လို့ တပ်ကို ပြန်.. ရှေ့တန်းကို ထွက်ရအုံးမယ်ဆိုတဲ့ သတင်း ..
သူ သူ့ရဲ့ဇနီးကို ဘယ်လိုပြောခဲ့ပါလိမ့်…
စစ်ပွဲဆိုတာ အနိဌာရုံလို့ သိထားတဲ့ သာမန်ပြည်သူ မိန်းကလေးက..
ယခုမှ ယူပြီးစ ရှေ့တန်းပြန်သွားမည့် ယောက်ျားအတွက်…
ဘယ်လို သတိပေး စိုးရိမ်စကားတွေ ပြောခဲ့ပါလိမ့်…

တိုက်ပွဲမှာ ဒဏ်ရာရ… မသေဆုံးခင် အခိုက်အတန့်မှာ..
အဖေ၊အမေ မိဘ မောင်နှမ တွေနဲ့…
ကျန်ရစ်ရမယ့် ဇနီးသည်အတွက်…
ဘယ်လိုအတွေးတွေ တွေးပြီး သူသေဆုံးခဲ့ပါလိမ့်…
စစ်သည်ယောက်ျား ကျန်းမာစေဖို့..

ဘုရားမှာ အမြဲဆုတောင်းနေရတဲ့ ပူပူနွေးနွေး ဇနီးသည်ဘ၀…
စစ်မြေမှာ တိုက်ပွဲကျပြီဆိုတဲ့ သတင်းကြားတော့…
သူမ ဘယ်လိုခံစားရမှာပါလိမ့်ဗျာ..
ဖော်မပြနိုင်ခံစားချက်တွေနဲ့ ညီမငယ်ကို နှစ်သိမ့်ပေးရမယ်ဆိုရင်တောင်…
သူမ အငိုတိတ်စေမယ့် စကား ကျွန်တော့်ဆီမှာ မရှိပါဘူး။
သူဟာ စစ်ကို လိုလားခဲ့သူ မဟုတ်ပါဘူး..
သူမဟာလဲ စစ်ကို လိုလားနေသူ တစ်ယောက် မဟုတ်ပါဘူး…
ဒါပေမယ့် စစ်ဆိုတာ မရှိလို့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်တွေ ပြည့်နေရင်…
တစ်ခုခုကို မကျေနပ်တိုင်း မြို့ထဲမှာ သေနတ်ဖောက်နေရင်…
လက်နက်အင်အား ပိုင်ဆိုင်မှုပေါ်မူတည်ပြီး ပြည်ထောင်စုကြီးက ခွဲထွက်ဖို့ ကြိုးစားလာကြရင်..
ဒီလို…ဒီလို ဖြစ်လာရင် ဆိုတဲ့ အတွေးတွေနဲ့ အသက်ပေးခဲ့ရတာကြောင့် 
နိုင်ငံတော်အလံအောက် ရောက်တိုင်း သူတို့ကို အမြဲ ဂါရ၀ ပြုလျှက်ပါ.


0 comments to “......မျက်ရည်တွေထဲက မင်္ဂလာပွဲ..... ”

Post a Comment