Wednesday, July 31, 2013

နိုင်ငံအတွက် အကျိုးရှိမည့် ကိစ္စရပ်များကို လွှတ်တော် အတွင်း၌ အကောင်အထည်ဖော် ဆောင်ရွက်နေ

,
နေပြည်တော် ဇူလိုင် ၃ဝ
ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အား ဗြိတိန်နိုင်ငံ အောက် လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. John Bercow ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ  လွှတ်တော် အဆောက်အအုံ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်၌ လာရောက် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် လွှတ်တော်ရေးရာနှင့် ဥပဒေရေးရာ ဆိုင်ရာများ၊ လွှတ်တော် ကျင်းပစဉ် ကာလအတွင်း ပွင့်လင်း မြင်သာမှု ရှိစွာမေးမြန်း ဆွေးနွေးခြင်း ပြုလုပ် ဆောင်ရွက်မှု ဆိုင်ရာများ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မထားရှိဘဲ နိုင်ငံအတွက်  အကျိုးရှိမည့် ကိစ္စရပ်များကို လွှတ်တော်အတွင်း၌ စုစည်း ညီညွတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေမှု ဆိုင်ရာ များ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်ဆိုင်ရာများ အပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စု လွှတ်တော် နာယက နှင့်အတူ ဒုတိယ နာယက ဦးမြညိမ်း၊ ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မြင့် ဖေ၊ ဦးသိန်းဝင်းနှင့် ဦးအောင်ထွန်းတို့ တက်ရောက်ကြပြီး ဧည့်သည်တော် အောက်လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ဗြိတိန် သံအမတ်ကြီးံ H.E.Mr.Andrew  Heyn နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

0 comments to “နိုင်ငံအတွက် အကျိုးရှိမည့် ကိစ္စရပ်များကို လွှတ်တော် အတွင်း၌ အကောင်အထည်ဖော် ဆောင်ရွက်နေ”

Post a Comment