Wednesday, July 31, 2013

" ခင်ဗျားတို့ ပြောတဲ့ ပြည်တွင်းစစ် "

,

-------------------------------------
အနှစ် ၆၀ကျော် ကြာမြင့်နေပြီဖြစ်တဲ့ 
မြန်မာပြည် ပြည်တွင်းစစ်ကိုသုံးသပ်တိုင်း….
တပ်မတော် အစိုးရဟာ…..
ပြည်တွင်းစစ်ကို တမင်အချိန်ဆွဲထားတယ်ဆိုတဲ့ ….
အတွေးအခေါ်ပိုင်ရှင်များကို ရည်ရွယ်ပြီး…..
ဒီ စစ်ပညာ ဆောင်းပါးကို ကျွန်တော်ရေးပါတယ်….။

မြန်မာပြည် ပြည်တွင်းစစ်မှာ….
ဗကပကို အမြစ်ပြတ်ချေမှုန်းနိုင်ပြီ ဖြစ်လို့ ….
ဗကပ အကြောင်းကို ထည့်ရေးမနေတော့ပါဘူး…
တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖြစ်နေတဲ့ …..
ပြည်တွင်းစစ်ကို သုံးသပ်ရင်….
တိုင်းရင်းသားတွေဖက်က ပြောက်ကျား စစ်နည်းဗျူဟာ ……
အစိုးရတပ်တွေဘက်ကတော့…..
ပြည်သူ့ စစ်နည်းဗျူဟာနဲ့ ….
အကန့် အသတ်နဲ့ ကျင့်သုံးသော …..
တန်ပြန်ပြောက်ကျား စစ်နည်းဗျူဟာများကို …..
အဓိကထား သုံးစွဲတာတွေ့ ရပါတယ်….။

ပြောက်ကျားတပ်တစ်ခု အနေနဲ့ …..
ပထမဆုံးလုပ်ရမယ့် အလုပ်ကတော့ …….
အခြေခံနယ်မြေတွေတည်ဆောက်ပြီး …
အဲဒီနယ်မြေအတွင်း …..
ကိုယ့်တပ်ဖွဲ့ ငယ်လေးတွေနဲ့ လှုပ်ရှား စစ်ဆင်နိုင်ဖို့ ဖြစ်ပါတယ်…..။

ပြောက်ကျားတပ်ဖွဲ့ တွေရဲ့ အဓိကအားသာချက်ဟာ …..
သေးငယ်ကျစ်လစ်ပြီး …..


လှုပ်ရှားမှုလွယ်ကူတဲ့ အဖွဲ့ လေးတွေဖြစ်တဲ့ အတွက် ……
လေးလံပြီး လှုပ်ရှားမှုနှေးကွေးတဲ့ .....
သမားရိုးကျ ရန်သူ့ တပ်တွေကို …..
တောတွင်းနဲ့ ခြုံခိုတိုက်ပွဲတွေမှာ …..
ကောင်းကောင်း ဒုက္ခပေးနိုင်တယ် ဆိုပေမယ့်လည်း …..
တစ်ဖက်က ကြည့်ပြန်ရင်တော့ လည်း …..
ပစ်အားကောင်းလှတဲ့ …
လက်နက်ကြီး လက်နက်ငယ် အပြည့်အစုံတပ်ဆင်ထားတဲ့ …..
သမားရိုးကျ တပ်ဖွဲ့ တစ်ခုနဲ့ …..
ရင်ဆိုင်တိုက်ခိုက်ဖို့ ဆိုတာကတော့ …..
လုံးဝမဖြစ်နိုင်ဘူးလို့ ပဲ ဆိုရမှာပါ…..။

တိုက်ပွဲဖြစ်ချိန်ကြာမြင့်လာတာနဲ့ အမျှ …..
ပြောက်ကျား တပ်တစ်ခုရဲ့ အခြေအနေဟာ …..
အဆိုးဖက်ကို ဦးတည်လာနေပြီး …..
အချိန် အတော်ကြာသွားမယ် ဆိုရင်တော့ …..
ကိုယ့်ထက် အင်အားသာတဲ့ တစ်ဖက်တပ်ဖွဲ့ များရဲ့ ……
အဖက်ဖက်က ၀ိုင်းဝန်းပိတ်ဆို့ မှုကိုခံရပြီး ….
ဇာတ်သိမ်းဖို့ ကတော့ …..
အတော့်ကို နီးစပ်လို့ သွားပါပြီ….

ပြောက်ကျားတပ်များရဲ့ စစ်နည်းဗျူဟာကို ဆန်းစစ်ရင် …..
အဆင့် ၃ ဆင့် ခွဲခြားနိုင်ပါတယ်…..
ပထမအဆင့်ကတော့ ….
အခြေခံနယ်မြေတွေတည်ဆောက်…..
အမာခံများမွေးမြူ ….
ပြည်သူလူထုကို စည်းရုံးသိမ်းသွင်း ….
စစ်ရေးလှုပ်ရှားမှု အငယ်စားလေးများနဲ့ …..
နယ်မြေတွင်း အင်အားနည်းပါးတဲ့ ……
ရန်သူ့ တပ်ဖွဲ့ လေးများ နဲ့ စခန်းငယ်လေးများကို …..
အလစ်အငိုက်ရယူပြီး ခြုံခိုတိုက်ခိုက်ခြင်းဖြစ်ပါတယ်……။

ဒီအဆင့်အရှိန်ရပြီး ….
ဒေသကြီးတစ်ခုလုံးက အခြေခံနယ်မြေတွေ မှာ …..
ကိုယ့်အင်အား ကြီးထွားလာပြီဆိုရင်တော့ ……….
ဒုတိယအဆင့်ဖြစ်တဲ့  ....
အခြေစိုက်စခန်းများ စတင်တည်ဆောက်ခြင်း …..
နယ်မြေအတွင်းမှာရှိတဲ့ …..
ရန်သူ့ ရဲ့ စခန်းကြီးငယ်များ တပ်ဖွဲ့ များ ကိုဝင်ရောက်တိုက်ခိုက်ခြင်း ….
လက်နက်ခဲယမ်း ရိက္ခာများ စုဆောင်းခြင်း …..
စဉ်ဆက်မပြတ် ရေရှည်ရရှိရေး ဆောင်ရွက်ခြင်း ……
အခြေခံနယ်မြေများအား ဆက်စပ်ပြီး လှုပ်ရှားခြင်း ……
ပြောက်ကျားတပ်ဖွဲ့ များအား …..
လက်နက်ကြီးများ ပါဝင်တပ်ဆင်ထားသော ……
သမားရိုးကျတပ်ဖွဲ့ များအသွင် …..
ပြောင်းလဲ ဖွဲ့ စည်း လေ့ကျင့်ခြင်း တို့ ကို ပြုလုပ်ရပါတယ်…….။

ပြီးရင်တော့…..
တတိယ အဆင့်ဖြစ်တဲ့ ထိုးစစ်ကြီးများ ဆင်နွှဲခြင်း …….
မြို့ သိမ်း နယ်သိမ်းတိုက်ပွဲများဆင်နွှဲခြင်း ……
လွတ်မြောက်နယ်မြေများထူထောင်ခြင်း ……
လွတ်လပ်ရေးကြေငြာခြင်း ….တို့ ကို …..
လုပ်ဆောင်ရပါတော့တယ်….
ဒီနေရာမှာ တစ်ချက်သတိထားရတာကတော့ ……
အချိန်မတိုင်မီ ကိုယ့်ဖက်က အသင့်မဖြစ်မီ ….
အဆင့် ကူးပြောင်းလိုက်မိတဲ့ အခါမှာ ……
တစ်ဖက်တပ်ဖွဲ့ များရဲ့ …..
အပြင်းအထန်ပြန်လည်တိုက်ခိုက်မှုကြောင့် ……
ကူးပြောင်းတဲ့ အဆင့်ကို မရောက်တဲ့ အပြင် ……
နဂိုမူလ ရှိရင်းစွဲအဆင့်ထက်ပါ ……
ပြုတ်ကျ ရှုံးနိမ့် သွားတတ်တာကိုပါပဲ…..။

မြန်မာပြည်က ပြောက်ကျားတပ်တွေရဲ့ ....
အနေအထားကို သုံးသပ်ရင်…..
လွတ်လပ်ရေး မရခင်ကပဲ …..
ပထမအဆင့် နဲ့  ဒုတိယ အဆင့်ကို ....
တည်ဆောက်ထားနိုင်ခဲ့တဲ့ အတွက်….
ပြည်တွင်းစစ်စတင်တာနဲ့  တစ်ပြိုင်နက်…
တတိယအဆင့်ကို စတင်ဆင်နွှဲခဲ့တာကိုတွေ့ ရှိနိုင်ပြီး….
အဲဒီနောက်ပိုင်းမှာတော့……
အစိုးရရဲ့ တန်ပြန်ထိုးစစ်ကြောင့်….
ဒုတိယအဆင့်ကိုပဲ လျောကျ ဆိုက်ရောက်သွားတာကို ….
တွေ့ ရမှာဖြစ်ပါတယ်….။



၁၉၉၀ ခုနှစ်နောက်ပိုင်း ပြုလုပ်ခဲ့တဲ့ ....
အစိုးရတပ်များရဲ့ စစ်ဆင်ရေး အများအပြားမှာ …
ပြောက်ကျားတပ်များရဲ့ ....
ဒေသတွင်း ခြေကုပ်စခန်းများအားလုံး ချေမှုန်းခံခဲ့ရပြီး…..
မြန်မာပြည်က ပြောက်ကျားတပ်များရဲ့ အခြေအနေဟာ….
ကနဦး ပထမအဆင့်အထိ လျောကျထိုးဆင်းသွားခဲ့ကာ…..
ယနေ့ အချိန်ထိ …..
ပြန်လည် အဆင့်မြှင့်တင်နိုင်ခြင်း မရှိတော့ပါဘူး…..။

လက်ရှိအနေအထားမှာတော့ …..
နယ်မြေဒေသတစ်ချို့ လောက်မှာပဲ ….
လှုပ်ရှားနိုင်တော့တဲ့ ပြောက်ကျားတပ်ဖွဲ့ အချို့ ဟာ
ပထမအဆင့်ရဲ့ ကနဦးအခြေအနေကပဲ ….
တက်မလာနိုင်တော့တဲ့  အနေအထားကို …
ဆိုက်ရောက်လို့ သွားခဲ့ ပါပြီ……..။

ပြောက်ကျားစစ်ရဲ့ အဓိက အားနည်းချက်ကတော့ …….
အင်အားမကောင်းသေးတဲ့ ....
ပထမအဆင့် အခြေအနေမှာတင် ……
အခြေခံနယ်မြေတွေတည်ဆောက်လို့ မရအောင် ……
ရန်သူက တန်ပြန်ပြောက်ကျားနည်းတွေနဲ့  ……
နယ်မြေအတွင်း တန်ပြန်ထိုးစစ်ဆင်လာတာကို …..
ကာကွယ်ဖို့ ခက်ခဲတာပါပဲ ……..။

တန်ပြန်ပြောက်ကျား စစ်နည်းဗျူဟာတွေအရဆို …….
သတင်း ရိက္ခာနဲ့  အမာခံတွေတည်ဆောက်လို့ မရအောင်…
နယ်မြေတွင်း ကျေးရွာများကို တောတွင်းမှ ပြောင်းရွေ့ စေခြင်း…
ပြောက်ကျား နှင့် ရွာသားခွဲခြားနိုင်ရန် ……
အသိအမှတ်ပြုကဒ်များ ထုတ်ပေးခြင်း…
ပြည်သူ့ စစ် အဖွဲ့ များ ဖွဲ့ စည်းခြင်း ……
မသွားရနယ်မြေများ သတ်မှတ်ခြင်း ……
ရွာပုန်းများအား မီးရှို့ ဖျက်ဆီးခြင်း ……
လက်နက်ရိက္ခာ သယ်ယူသည့် ……
လမ်းကြောင်းများအား ဖြတ်တောက်ပိတ်ဆို့ ခြင်း …
နယ်မြေအတွင်းရှိ ပြောက်ကျားများကို …..
တပ်အင်အား အများအပြားဖြင့် ….
အမြစ်ပြတ်ဝိုင်းပတ်ပိတ်ဆို့ ချေမှုန်းခြင်း ……
တန်ပြန်ပြောက်ကျား အထူးတပ်ဖွဲ့ များကို .....
နယ်မြေတွင်း စေလွှတ်ကာ...
ပြောက်ကျားတပ်ဖွဲ့ များကို ...
ကောက်သင်းကောက် လိုက်လံချေမှုန်းခြင်း ....
စတာတွေကို လုပ်ဆောင်ရမှာပါ….

တကယ်တော့လည်း ပြောက်ကျားစစ်ဟာ…
တိုက်ခိုက်ရတာ ခက်ခဲလှတယ်ဆိုပေမယ့်
လုံးဝ ချေမှုန်းလို့ မရတဲ့ …..
စစ်နည်းဗျူဟာတစ်ခုတော့မဟုတ်ပါဘူး…….
အင်မတန်အင်အားကောင်းလှတဲ့ ဗကပတွေကိုတောင်မှ ….
တန်ပြန်ပြောက်ကျား နည်းနာတွေ…
ဖြတ်လေးဖြတ် စနစ်တွေနဲ့  …..
အပြတ်ရှင်းခဲ့ တဲ့ တပ်မတော်ဟာ….
တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ …..
ပြောက်ကျားစစ်ကို အမြစ်ဖြတ်ဖို့ ကိစ္စမှာတော့ …..
အခက်အခဲကြီး နှစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ်…..။

အဲဒါကတော့ တိုင်းရင်းသား လက်နက်ကိုင်များဟာ…..
ဗကပ လို ၀ါဒရေးရာ ရန်သူမဟုတ်ပဲ ….
လူမျိုးရေးကို အခြေခံတဲ့  …..
ကိုယ့်ပြည်ထောင်စု တိုင်းရင်းသားများပဲ ဖြစ်နေတဲ့ အချက်ရယ်…
နောက်တစ်ချက်ကတော့ …..
ပြည်ပ စွက်ဖက် ထောက်ခံမှုရယ်ပါ….။

ဝါဒရေးရာကိုအခြေမခံပဲ …..
လူမျိုးရေးအရ လက်နက်စွဲကိုင်နေတဲ့ ……
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကို ခြေမှုန်းဖို့ ဆိုတာသည်
အဲနယ်မြေအတွင်းက တိုင်းရင်းသားကျေးရွာတွေကို ….
တန်ပြန်ပြောက်ကျား စစ်နည်းဗျူဟာတွေအတိုင်း …..
အတိအကျဆောင်ရွက်ဖို့ အတွက်…..
အခက်အခဲ အများကြီးရှိ နေနိုင်ပြီး …..
ပြောက်ကျားတပ်ဖွဲ့ နဲ့ .....
သူ့ တို့ ကိုနှိမ်နှင်းတဲ့ တပ်ဖွဲ့ များက …..
ကိုးကွယ်တဲ့ ဘာသာပါမတူရင်တော့ …..
နိုင်ငံတကာရဲ့ အမြင်မှာ….
လူမျိုးတုန်း သတ်ဖြတ်ချေမှုန်းနေတယ်ဆိုတဲ့ ….
အမြင်တစ်ခုကို ဖြစ်ပေါ်လာစေပြီး
လုပ်ရကိုင်ရခက်ခဲတဲ့ အခြေအနေကို ……
အများကြီးဆိုက်ရောက်သွားပါပြီ….……..။

ဒါဟာ မြန်မာပြည်မှာ …..
ပြည်တွင်းစစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ …..
ခက်ခဲတဲ့ အကြောင်း ၂ချက်ထဲက တစ်ချက်ဖြစ်ပြီး …..
နောက်တစ်ချက်ကတော့ …..
ပြောက်ကျားများလှုပ်ရှားနေတဲ့  နယ်မြေတွင်းကို …..
အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ချီတက်လာတဲ့ ……
မြန်မာပြည်က သမားရိုးကျတပ်ဖွဲ့ များ …..
ရင်ဆိုင်ရတဲ့ ပြသနာဖြစ်တဲ့……
နယ်မြေတွင်းက ပြောက်ကျားတပ်တွေဟာ …..
သူတို့ ကိုလက်ခံထားတဲ့ …..
တစ်ဖက်နိုင်ငံက အခြေစိုက်စခန်းတွေဆီကို …..
လျှင်လျှင်မြန်မြန် ဆုတ်ခွါသွားတာပါပဲ…..။

များပြားလှတဲ့ သမားရိုးကျ တိုက်ခိုက်ရေးတပ်မတွေ …..
ပြန်လည်ထွက်ခွာမသွားမချင်း …..
အဲဒီနယ်မြေကို ပြန်လည်ဝင်ရောက်မလာတော့သလို…..
အမြဲတန်းလည်း အခြေပြုတပ်စွဲထားဖို့ မဖြစ်နိုင်တဲ့ ….
တိုက်ခိုက်ရေးတပ်မများ ပြန်လည်ထွက်ခွာသွားချိန်မှာ…..
ပြောက်ကျားတပ်များဟာ …
တစ်ဖက်နိုင်ငံအခြေစိုက်စခန်းများကနေ ….
ပြန်လည်ဝင်ရောက်လာကြပြီး ……
မဆုံးနိုင်တဲ့ ပြည်တွင်းစစ်ကြီးကို ….
ဆက်လက် ဆင်နွှဲလျက်ရှိကြပါတော့တယ်….။

ဒါဟာ….
မြန်မာပြည် ပြည်တွင်းစစ်ကြီး ….
တာရှည်နေရတဲ့  အဓိက အချက်နှစ်ချက်ပဲဖြစ်ပါတယ်….။



by Ye Moe

0 comments to “" ခင်ဗျားတို့ ပြောတဲ့ ပြည်တွင်းစစ် "”

Post a Comment