Wednesday, July 31, 2013

ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူတို့ထောင်ထားသော မိုင်းနှစ်လုံးပေါက်ကွဲပြီး အပြစ်မဲ့ အရပ်သားနှစ်ဦး ဒဏ်ရာရ

,

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ၀ါရာဇွတ်ကျေးရွာအုပ်စု၊ ရှဒူဇွတ်ကျေးရွာ အတွင်းရှိ ဒေသအခေါ် ၀ါခါးရွှေမှော်တွင် လုပ်ကိုင်လျက်ရှိသည့် မောင်ကျော်လွင်(၂၂)နှစ်၊ (ဘ)ဦးမောင်ကျော်မြင့်(ရခိုင်/ဗု)၊ သရက်ချောင်းကျေးရွာ၊ ရသေ့တောင်မြို့နယ်၊ ရခိုင်ပြည်နယ်နေသူနှင့် မောင်ညီပုတို့ နှစ်ဦးသည် ၀ါခါးရွှေမှော်မှ ရှဒူဇွတ်ကျေးရွာသို့ လမ်းလျှောက်ထွက်ခွာခဲ့ရာ လော့ဒ်ဂျာအနီးသို့ ဇန်န၀ါရီလ ၂၂ ရက်နေ့ ညနေ ၄နာရှိခွဲအချိန်ခန့်တွင် ရောက်ရှိစဉ် ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ ထောင်ထားသည့် မိုင်းတစ်လုံးအား မောင်ညီပုမှ နင်းမိပေါက်ကွဲခဲ့
သဖြင့် မောင်ကျော်လွန်မှထမ်းပိုးပြီး ဆက်လက်ထွက်ခွာခဲ့ရာ မိုင်းတစ်လုံးအား ထပ်မံနင်းမိ ပေါက်ကွဲခဲ့သဖြင့် မောင်ကျော်လွင်၏ ၀ဲဘက်ခြေသလုံး၊ ၀မ်းဗိုက် မိုင်းစထိမှန် ဒဏ်ရာ ထပ်မံရရှိခဲ့သဖြင့် ဒေသခံများ၏ အကူအညီဖြင့် ရှဒူဇွတ်ဆေးပေးခန်းတွင် ရောက်ရှိ ဆေးကုသလျက်ရှိပါသည်။ ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူတို့၏ အများပြည်သူအသုံးပြုလျက် ရှိသော လမ်းကြောင်းများတွင် မိုင်းမျိုးစုံအား ထောင်နေခြင်းကြောင့် ဒေသခံများကစက်ဆုပ်ရွံ့ရှာမုန်းတီးလျက်ရှိကြောင်း သိရှိရသည်။
source:SGF

0 comments to “ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူတို့ထောင်ထားသော မိုင်းနှစ်လုံးပေါက်ကွဲပြီး အပြစ်မဲ့ အရပ်သားနှစ်ဦး ဒဏ်ရာရ”

Post a Comment