Wednesday, July 31, 2013

ဒီမိုကရေစီ ဘိုးအေ အမေရိကန်တွင် ကလေးပြည့်တန်ဆာ ၁၀၅ ဦး ဖမ်းမိ

,

အမေရိကန်ပြည်ထောင်စုတခွင်မှာ ၃ ရက်ကြာ စစ်ဆင်ရေးအရ ပြည့်တန်ဆာအဖြစ် အသုံးချခံနေရတဲ့ အရွယ်မရောက်သေးသူ ၁၀၅ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့  FBI ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရိုက ပြောဆိုလိုက်ပါတယ်။

နိုင်ငံတ၀ှမ်း စစ်ဆင်ရေးမှာ အရွယ်မရောက်သေးသူတွေကို ပြည့်တန်ဆာလုပ်ငန်းအတွက် အသုံးချနေသူတွေနဲ့ ခေါင်းပုံဖြတ်နေသူ ၁၅၀ ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုတ၀ှမ်းက မြို့ကြီး ၇၆ မြို့က ဒေသခံ၊ ပြည်နယ်နဲ့ ပြည်ထောင်စု တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေ ပူးပေါင်းပြီး စစ်ဆင်ရေး ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။  ၂၀၀၃ ခုနှစ်က စတင် အကောင်အထည်ဖော်ခဲ့ပြီး အရွယ်မရောက်သေးသူ ၂၇၀၀ ကို ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ 


source:voa

0 comments to “ဒီမိုကရေစီ ဘိုးအေ အမေရိကန်တွင် ကလေးပြည့်တန်ဆာ ၁၀၅ ဦး ဖမ်းမိ”

Post a Comment