Wednesday, July 31, 2013

ဇေယျာသော် ၏ ရောဂါအစစ်အမှန်အား ပွင့်လင်းမြင်သာစွာ ပြောဆိုရန် NLD ငြင်းဆန်

,
 ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလကုန် မှစပြီး ၃ လ ခွင့်ယူကာ  လွှတ်တော်မတက်ပဲ အိမ်တွင် ကြိတ်ပြီး ဆေးကုနေသည့် ဇေယျာသော်သည် ၅ လ အကြာ ဇူလိုင်လကုန်တွင် လွှတ်တော်သို့ပြန်လည် တက်ရောက်လျှက်ရှိသော်လည်း ဇေယျာသော်၏ ရောဂါအစစ်အမှန်အား ပွင့်လင်းမြင်သာစွာ ပြောဆိုဖို့ NLD မှ ငြင်းဆန်လိုက်ကြောင်း သတင်းရရှိသည်။ ရက်ပါ အဆိုတော်မှတဆင့် လွှတ်တော်အမတ်ဖြစ်လာသော ဇေယျာသော်သည် လွှတ်တော်အမတ်တာဝန်ထမ်းဆောင်ရင်း သတ်တမ်း (၁) နှစ် မပြည့်သေးခင်မှာပဲ ရောဂါဟောင်း ထသည်ဟု ဆိုကာ အရေးပေါ် ဆေးရုံပို့ခဲ့ရသည်။ မည်သည့်ရောဂါဖြင့် ဆေးရုံတင်ရကြောင်းကိုတော့ ထိုစဉ်ကတည်းက NLD ပါတီမှ ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိခြေ။
ဆေးရုံမှာ ဆင်းပြီးနောက် လွှတ်တော်သို့ရောက်ရှိလာသော ဇေယျာသော်သည် ပိန်သွားသည့်အပြင် အသားအရေလည်း ဖြူဖက်ဖြူရော်ဖြစ်လျှက်ရှိပြီး တွေ့သူမြင်သူအားလုံးက အားမရကြောင်း လွှတ်တော်အမတ်များမှ ပြောဆိုလျှက်ရှိကြောင်း သိရသည်။
ဇေယျာသော်၏ ငယ်မည်မှာ ကျော်ကျော်ဖြစ်ပြီး အနောက်နိုင်ငံမှ သီချင်းများကို အတုယူအားကျကာ ငယ်စဉ်ကတည်းက လမ်းသူရဲ လုပ်ခဲ့ပြီးနောက် ကော်ပီသီချင်းများ ကို သီဆိုရင်း အက်စစ် အဖွဲ့ဖြင့် နာမည်ကြီးလာခဲ့သည်။ အက်စစ်အဖွဲ့သည် ထိုစဉ်ကတည်းက နာမည်ပျက်လျှက်ရှိပြီး အဖွဲ့ဝင်များက ဆေးစွဲနေကြောင်း၊ မကောင်းမှုများကို လိုက်စားနေကြောင်း သတင်းများထွက်ခဲ့ပြီးနောက် အဖွဲ့ဝင် ဇေယျာသော်လည်း ဆေးရုံတက်ခဲ့ရသည်။

အဖွဲ့ဝင် အနဂ္ဂမှာ ပထမ အိမ်ထောင်နှင့်ကွဲပြီးနောက် မကြာသေးခင်ကမှ တစ်ခုလက် သံသာဝင်း နှင့် ထပ်မံ လက်ထပ်ပေါင်းသင်းထားသဖြင့်
လူထုအတုမယူသင့်သည့် အနုပညာရှင်စာရင်းတွင်ပါဝင်ခဲ့သည်။ နောက်တစ်ဦးဖြစ်သည့် ရန်ရန်ချမ်းမှာလည်း ရုပ်ရှင်ရုံတွင်း နိုင်ငံတော်သီချင်းဖွင့်စဉ် မက်တက်မရပ်သဖြင့် လူထုက စိတ်ပျက်နေသူတစ်ဦးလည်းဖြစ်သည်။
ဇေယျာသော်၏ ရောဂါကို အချို့က ဘီပိုး ဟု ပြောဆိုလျှက်ရှိပြီး အချို့ကတော့ AIDS ဟု ခန့်မှန်းပြောဆိုလျှက်ရှိသော်လည်း NLD ကတော့ ငြင်းဆန်နိုင်ခြင်းမရှိသေးပေ။ လက်တလောအားဖြင့် ဇေယျာသော်မှာ အလွန်ပိန်သွားပြီး အားအင်ချိနဲ့နေသည့် ပုံစံတွေ့ရကြောင်း မျက်မြင်များက ဆိုသည်။
အသက် ၃၂ နှစ်အရွယ် လူပျို လူလွတ် ဇေယျာသော်သည် NLD ပါတီတွင် အသက် ၆၈ နှစ်အရွယ် မုဆိုးမ ဒေါ်အောင်ဆန်းစုကြည်မှ အထူးအလေးပေးခြင်းခံထားရသူတစ်ဦးဖြစ်ပြီး သွားလေရာကို ခေါ်ဆောင်ခြင်း ခံရသည့်အပြင် ဇေယျာသော် ခွင့်ယူထားစဉ်များတွင် ဇေယျာသော်တာဝန်ယူထားသော ဒေသများကို ဒေါ်အောင်ဆန်းစုကြည်ကသာ ပူးတွဲတာဝန်ယူခဲ့သည်။ ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အခြားပါတီဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံမှုထက် သာလွန်ပိုကဲနေသဖြင့် လူအများမှ သံသယဖြစ်လျှက်ရှိသော်လည်း နှစ်ဖက်စလုံးမှတော့ ၎င်းတို့ ရိုးသားကြောင်း တစုံတရာဖြေရှင်းခဲ့ခြင်း မရှိသေးပေ။

0 comments to “ဇေယျာသော် ၏ ရောဂါအစစ်အမှန်အား ပွင့်လင်းမြင်သာစွာ ပြောဆိုရန် NLD ငြင်းဆန် ”

Post a Comment