Wednesday, July 31, 2013

ပြည်ထောင်စုလွှတ်တော် နာယက လွှဲပြောင်းပွဲသို့ နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ တက်ရောက်မည်

,

ဇူလိုင် ၃၁ ရက် (ယနေ့) ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် နာယကလွှဲပြောင်းပွဲသို့ နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းနှစ်နှစ်နှင့် ခြောက်လကာလအတွင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြည်ထောင်စုလွှတ်တော်၏ နာယကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပြီးနောက် ကျန်သက် တမ်း ကာလများအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော် နာယက အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်မည် ဖြစ်သည်။



နာယကတာဝန် လွှဲပြောင်းပွဲ အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က နာယကတာဝန် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြမည် ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက တာဝန်များကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ထံမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံ လွှဲပြောင်းပေးအပ်မည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်သို့ နှုတ်ခွန်းဆက်စကား ပြောကြားမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၆၊ ပုဒ်မ ခွဲ(က)နှင့်အညီ ပြည်ထောင်စုလွှတ်တော် နာယကတာဝန်ကို အောင် မြင်စွာ ထမ်းဆောင်ခဲ့သည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အား ပြည်ထောင်စုလွှတ်တော်
က ဂုဏ်ပြုမှတ်တမ်းတင်မည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် နာယက လွှဲပြောင်းပွဲသို့ နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်မည်ဖြစ် ကြောင်း သိရသည်။

eleven media group

0 comments to “ပြည်ထောင်စုလွှတ်တော် နာယက လွှဲပြောင်းပွဲသို့ နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ တက်ရောက်မည် ”

Post a Comment