Wednesday, July 31, 2013

ပိုးတုံးလုံးလား လိပ်ပြာလား

,


ဥချမယ်၊ ပိုးတုံးလုံး ဖြစ်မယ်၊ လိပ်ပြာဖြစ်လာမယ် တဆင့် စီမှာ ဘယ်လောက်ကြာသလဲ မမှတ်မိပါ၊

၈၈ -အရေးအခင်း က တပြည်လုံး နိုင်ငံသူ နိုင်ငံသား အားလုံး ( အခွင့်ထူးခံတွေက လွဲလို့ ) ပါဝင် ခဲ့ကြတယ်လို့ သဘောပေါက်နားလည်ထားတာပါ။

အခုတော့ လူတစ်စု က သူတို့ အမွေဆိုင် ပစ္စည်းလို ဆုပ်ကိုင်ထားရင်း အခွင့်အရေး ခံစားစရာ လက်မှတ်လို သုံးနေကြတယ်။ သူတို့ ဘဲ လှုပ်ရှားခဲ့တာလိုလို နာမည်ကောင်း ဟစ်နေကြတယ်။

၁၉၄၅ ဂျပန်တော်လှန်ရေး ပြီး နောက်ပိုင်း နိုင်ငံရေး လောကမှာ ၄၅ မျိုးဆက် လို့ နာမည်တပ် နိုင်ငံရေး လုပ်တဲ့သူတွေ ရှိခဲ့သလား မသိဘူးနော် ကြားတော့မကြားဘူးဘူး။

ပိုးတုံးလုံးဘဝမှာ အပင်ကို အရည်စုပ် အရွက်နုတွေစား ဖျက်ဆီးတဲ့ အဖျက် ပိုးကောင်လို့ သတ်မှတ် တယ်ထင်တာဘဲ



လိပ်ပြာဘဝ ပြောင်းမှ လေထဲမှာ ပျံသန်းရင်း အလှပြရင်း ဝတ်ရည်စုပ်ရင်း ဝတ်မှုံ ဖိုမတွေကို တွေ့ဆုံပေးရင်း အပင်လောက မျိုးဆက်ကူး ခြင်းကို အထောက်အကူ ပြုပေးတာပါ။

သခင်အောင်ဆန်း ဝရမ်းဆုငွေ ထုတ်ခံရတုန်းက ထောင်ကျခံခဲ့ရင် မြန်မာပြည် လွတ်လပ်ရေး အခြေအနေ တစ်မျိုးပြောင်းသွားမယ် ထင်တယ်။

အနိုင်ကျင့်ခံရလို့ အနစ်နာခံရတာကို ကိုယ်ချင်းစာ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဒါကိုဘဲ တပြပြ နဲ့ အခွင့်ထူးခံ လက်မှတ်လို သုံးနေတာကို မျက်စိနောက်လာသလိုဘဲ။

လိပ်ပြာကို သဘောကျပေမဲ့ ပိုးတုံးလုံးကောင်တွေကို ရွံပါတယ်

0 comments to “ပိုးတုံးလုံးလား လိပ်ပြာလား”

Post a Comment