Wednesday, July 31, 2013

အမေရိကန် ပြည်ထောင်စုတွင် အစ္စရေး- ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်

,

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဇူလိုင် ၂၉ ရက် ညနေပိုင်းတွင် ပြန်လည် စတင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို အမေရိကန် ပြည်ထောင်စုရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ဇူလိုင် ၂၉ ရက်ညနေပိုင်းတွင် ပြုလုပ်ခဲ့ပြီး ၎င်းဆွေးနွေးပွဲသို့ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း၊ လွန့်အလွန် ထူးခြားသော ဆွေးနွေးပွဲ ဖြစ်ကြောင်း မစ္စတာကယ်ရီက ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ ဆွေးနွေးပွဲ ကျင်းပမှုနှင့် စပ်လျဉ်း၍ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အစောပိုင်းတွင် ကြိုဆိုဂုဏ်ပြု ခဲ့သော်လည်း ယင်းဆွေးနွေးပွဲသည် ခက်ခဲသော ဆွေးနွေးပွဲ တစ်ရပ်ဖြစ်နိုင်ကြောင်း ၎င်းက သတိပေး ပြောကြားခဲ့သည်။ ဖမ်းဆီးခြင်း ခံထားရသည့် ပါလက်စတိုင်း အကျဉ်းသား ၁ဝဝ ကျော်ကို လွှတ်ပေးရန် အစ္စရေး အစိုးရက သဘောတူ လက်ခံခဲ့ပြီးနောက် ဆွေးနွေးပွဲများကို ပြန်လည် စတင်ခဲ့ခြင်း ဖြစ်ပြီး နှစ်နိုင်ငံ ကိုယ်စားလှယ်များကြား ကနဦး ဆွေးနွေးပွဲများကို ဇူလိုင် ၃ဝ ရက်ထိ ကျင်းပသွားရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
source: MWD

0 comments to “အမေရိကန် ပြည်ထောင်စုတွင် အစ္စရေး- ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်”

Post a Comment