Wednesday, August 14, 2013

What is အပြစ်မဲ့ပြည်သူ

,


အခုတလော ၈ ပူးတွေ၊ နိုင်ငံရေးပါတီကြီးတစ်ခုကလူတွေ
နေရာတကာ ဘာလုပ်လုပ် အပြစ်မဲ့ပြည်သူဆိုတဲ့စကားနဲ့ပဲ
လုပ်စားနေတာကို ဘယ်နေရာမှာပဲဖြစ်ဖြစ် ခဏခဏမြင်နေ၊ တွေ့နေရတယ်။

ခင်ဗျားတို့က ပြည်သူကို ဒီမိုကရေစီ လမ်းပြမဲ့ သူတွေပဲ။
ဆန္ဒပြတာနဲ့က ပတ်သက်လို့ အမြင်ရှင်း သင့်တာပေါ့။
၈၈ ပဲဖြစ်ဖြစ် ၂၀၀၇ ပဲဖြစ်ဖြစ် ဆန္ဒ စပြခါစမှာ အစိုးရက ဘာလုပ်သလဲ။
ကြည့်နေတာ ပဲမလား။ ချက်ချင်း ပစ်သလား။

ဒီနေရာမှာ အစိုးရက ဆန္ဒပြသူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းရမယ်လို့
အတတ်ပြောလို့တော့ မရဘူးနော်။
ဥပမာ ပြီးခဲ့တဲ့နှစ်တွေတုန်းက ထိုင်းမှာ
အနီဝတ်တွေက ခုရွေးကောက်ပွဲ လုပ်ဖို့ တောင်းတယ်။
အဖီဆစ်က ၉ လအတွင်း ရွှေးကောက်ပွဲ လုပ်ပေးမယ် ပြောတယ်။
အစိုးရလုပ်သူက သူသင့်တော်တယ်ထင်တာ သူဆုံးဖြတ်တာပဲ။ မှန်တယ်မှားတယ်ဆိုတာကတော့ ကိုယ်ရှုထောင့်နဲ့ ကိုယ်ပေါ့။

ဒါကို ၁ ရက် ၂ ရက် ၁ ပတ် ကြာလာတော့
တိုင်းပြည် စီးပွါးရေးတွေ ထိခိုက်လာပြီ။
တည်ငြိမ်အေးချမ်းမှု ထိခိုက်လာပြီ။ အစိုးရလုပ်သူမှာ တာဝန်ရှိလာပြီ။
အရေးပေါ် အခြေအနေ ကျေညာမှာပဲ။
ခင်ဗျားတို့ အစိုးရလုပ်လို့ ကြံ့ဖွံ့က ဆန္ဒပြတယ်။
ညှိမရဘူး ဆိုပါစို့။
ဘာလုပ်မလဲ ထိုင်ကြည့်နေ မှာလား။
လချီ နှစ်ချီ လုပ်လာရင် ဘာလုပ်မလဲ။
နိုင်ငံတကာမှာ ဘယ်အစိုးရကကော ကြာကြာထိုင်ကြည့်နေလဲ။

အဲတော့ မာရှယ်လောထုတ်ပြီဆိုပါစို့။ အဲလို ထုတ်ပြီးလို့မှ
ဆက်လုပ်ရင် ဥပဒေပြင်ပရောက်တဲ့ သူတွေဖြစ်ပြီ။
ဆက်လုပ်ရင် ၂ မျိုးပဲရှိတယ်။
Do or Die ပဲ။ အစိုးရကို အာခံတာလေ။

အစိုးရ ပြုတ်ရင်ပြုတ်၊ မပြုတ်ရင်
ဆန္ဒပြသူတွေသေကြေတာ ဖမ်းခံရတာ ဖြစ်လာမှာပဲ။
ဒါကို အပြစ်မဲ့ပြည်သူ ဆိုတဲ့ စကားက အစိုးရဘက်က
ကြည့်ရင်တော့ မှားပါတယ်။ မာရှယ်လော မထုတ်ခင်ထိ မှန်တယ်။

ဒါကြောင့် ဒီမိုကရေစီမှာ ဆန္ဒပြခွင့်ရှိပါတယ်။
သို့သော် ဥပဒေ အတွင်းဆန္ဒပြတာနဲ့ အပြင်က ပြတာ
၂ မျိုး ရှိတယ်ဆိုတာ ရော မပြစ်ပါနဲ့။
ခင်ဗျားတို့ ဒီမိုကရေစီ ဘိုးအေတွေ ဒီလောက်လေးတော့
ကွဲပြားနားလည် သင့်တာပေါ့။

ခင်ဗျားတို့က မာရှယ်လော ထုတ်ထုတ် မထုတ်ထုတ်
ကိုယ်ကိုကိုယ် အပြစ်မဲ့လို့ သတ်မှတ်တာ မှားနေတယ်။
ထုတ်ပြီးရင် ဥပဒေအရ အပြင် ရောက်နေပြီ။
အစိုးရက ဥပဒေလိုက်နာ လို့လား complaint မတက်နဲ့ဦး။
လောလောဆယ် သူက အစိုးရလေ။

အဲတော့ မူမရှိပါဘူး မပြောနဲ့။ ထပ်ပြောပါမယ်။
မာရှယ်လော မထုတ်ခင် ပြရင် အပြစ်မဲ့ ပြည်သူ။
ထုတ်ပြီးမှ ပြရင် အစိုးရကို ဆန့်ကျင်တဲ့ ပြည်သူ။
အပြစ်ရှိ ပြည်သူ (အစိုးရဘက်က ကြည့်ရင်)။

ဒီလိုဆိုရင် ဆက်မပြရတော့ဘူးလား မမေးပါနဲ့။
ပြချင်သပဆို ဆက်သာပြပါ။ အစိုးရပြုတ်ရင် အစိုးရက
ရာဇ၀တ်သားဖြစ်နိုင်သလို အေး..မပြုတ်ရင် ကိုယ့်အသက်တွေ ရင်းရမယ်

( ဒါကလည်း လက်ရှိအချိန်ထိ တစ်ယောက်မှမတွေ့ဖူးသေးပါဘူး
ရှေ့ဆုံးကနေ မားမားမတ်မတ်ထွက်ပြတဲ့လူ၊
အပြစ်မဲ့တဲ့ ကလေးတွေနဲ့ ရဟန်းတော်တွေကိုပဲေ၇ှ့ကတင်ပြီး
တစ်ခုခုဖြစ်လာရင် အရင်ဆုံးပျောက်သွားကြတာကများပါတယ်)

မသေရင် ကိုယ် ရာဇ၀တ်သားဖြစ်နိုင်တယ်ဆိုတာ ထည့်တွက်ပေါ့။
အပြစ်မဲ့ပြည်သူနဲ့ ဆန္ဒပြတိုက်ပွဲဝင်သူ မကွဲဘူး ဖြစ်နေတဲ့ ဒီမိုဘိုးအေကြီးများအတွက်ပါ...။

0 comments to “What is အပြစ်မဲ့ပြည်သူ”

Post a Comment