Saturday, August 3, 2013

ရှမ်းမြောက်ဒေသမှ ပလောင်တိုင်းရင်းသားများအား KIA အဖွဲ့က လူသစ်စုဆောင်းမှုများရှိနေ

,

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူဒေသများမှ ပလောင်တိုင်းရင်းသားများအား KIA အဖွဲ့ က ဇူလိုင် ၂၅ ရက်နေ့တွင် လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းနှင့် ဇူလိုင် ၂၇ ရက်နေ့တွင် မိုင် ဂျာယန်သို့ ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

“ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူမြို့နယ်ထဲမှာ နေထိုင်တဲ့ ပလောင်တိုင်းရင်းသား တွေကိုပဲ ရွေးပြီး ခေါ်သွားတာ၊ လွန်ခဲ့တဲ့ ၂ ရက်လောက်က KIA အဖွဲ့တစ်ဖွဲ့ ရောက်လာပြီး လူသစ်အဖြစ် အသက် ၁၈ နှစ်နဲ့ အသက် ၃၀ ကြားလူငယ်တွေကိုရွေးပြီး ခေါ်သွားတာ၊ တရုတ်နိုင်ငံထဲကို တရားမ၀င်လမ်းကြောင်းအတိုင်း ခေါ်သွားတယ် လို့တော့ ပြန်ကြားရတယ်” ဟု မန်တုံမြို့နယ်တွင် နေထိုင်သော ဒေသခံပလောင်တိုင်းရင်းသားတစ်ဦးက ပြောပြခဲ့သည်။
KIA အဖွဲ့မှ ဖမ်းဆီးသွားသော ပလောင်တိုင်းရင်းသားများအား မုံးဂိုးလမ်း ကြောင်းအတိုင်း တရုတ်နိုင်ငံသို့ တရားမ၀င် ၀င်ရောက်၍ ၀မ်တိမ်၊ ရွှေလီ၊ ကျန်းဖုန်းလမ်းကြောင်းအတိုင်း အငှားယာဉ်လိုင်းကားများဖြင့် ၀န်ဂေါဘွမ်သို့ ပို့ဆောင်ရန် မိုင်ဂျာယန်မြို့သို့ ခေါ်ဆောင်လာခဲ့ကြောင်း တရုတ် - မြန်မာ နယ်စပ် ရှိ ကချင် အရေးလေ့လာသူ သတင်းထောက်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
အဆိုပါဖမ်းဆီးလာခဲ့သော ပလောင်တိုင်းရင်းသားများအား မိုင်ဂျာယန်မှ တစ်ဆင့် KIA အဖွဲ့ တပ်မဟာ(၃) တည်ရှိရာ ၀န်ဂေါဘွမ်သို့ ပို့ဆောင်မည် ဖြစ်ကြောင်း၊ ၎င်းနေရာတွင် စစ်သင်တန်းတက်ရောက်ခိုင်းပြီး သင်တန်းပြီးဆုံးပါက ပလောင်တပ်ရင်းအဖြစ် သီးခြားဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း၊ KIA အဖွဲ့သည် ဇူ လိုင် ၂၀ ရက်နေ့ကလည်း ပလောင်တိုင်းရင်းသား(၆၅)ဦး ခန့်အား လိုင်ဇာမှ တပ်မဟာ(၃)နယ်မြေသို့ ပို့ ဆောင်ခဲ့ပြီး ဖြစ်၍ KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးစုဆောင်းထားသော ပလောင်တိုင်းရင်းသားများမှာ စုစုပေါင်း (၁၀၀)ဦးထက်မနည်း ရှိနေပြီဖြစ်ကြောင်း ကချင်အရေးလေ့လာသူ သတင်းထောက်အချို့မှ သုံး သပ်ပြောဆို ကြပါသည်။
ခွန်နော်

0 comments to “ရှမ်းမြောက်ဒေသမှ ပလောင်တိုင်းရင်းသားများအား KIA အဖွဲ့က လူသစ်စုဆောင်းမှုများရှိနေ”

Post a Comment