Friday, August 2, 2013

ထိန်းသိမ်းထားသော ဘင်္ဂါလီ ၈ ဦး ထွက်ပြေးရန် ကြိုးပမ်း

,

ထိုင်းနိုင်ငံ တောင်ပိုင်း ၊ ဆောင်ခလာ ပြည်နယ်ရှိ ဆာဒါအိုခရိုင် လူဝင်မှု ကြီးကြပ်ရေး ဌာနစင်တာ တွင် ထိန်းသိမ်းထားသော ဘင်္ဂါလီ ၈ ဦးသည် ဇူလိုင်လ ၂၉ ရက်တွင် အဆိုပါ စင်တာ၌ ဆူပူအုံကြွမှု ဖြစ်ပွားပြီးနောက် ထွက်ပြေးရန် ကြိုးပမ်း ခဲ့ကြောင်း ဇူလိုင်လ ၃၁ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ သိရသည်။
ဆူပူအုံကြွမှု မှာ ၄င်းစင်တာ၏ ဒုတိယအထပ် တွင် ထိန်းသိမ်း ခံထားရသူ ဘင်္ဂါလီ ၃၈၀ ဦးမှ အုတ်ခဲများဖြင့် ပစ်ပေါက်ခြင်း မှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၄င်းတို့သည် တတိယ နိုင်ငံ တစ်နိုင်ငံ သို့မဟုတ် မလေးရှား နိုင်ငံသို့ ပို့ပေးရန် တောင်းဆိုခဲ့ကြောင်း နှင့် အခြား တစ်နိုင်ငံတွင် အလုပ်ရရှိရေး မျှော်လင့်ချက် ဖြင့် ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်မှ ထွက်ခွာ လာခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် ၇ လကြာ ထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။ ထို့အပြင် ၄င်းတို့ အနေဖြင့် အလုပ် လုပ်ကိုင်ပြီး မိသားစုများထံသို့ ငွေပို့လိုကြောင်း ပြောကြား ခဲ့ကြောင်းလည်း သိရသည်။
ဆာဒါအို ခရိုင် အကြီးအကဲ Noppadol Songmuang နှင့် ဒေသခံ ဘာသာရေး ခေါင်းဆောင်များ အနေဖြင့် လိုအပ်သော အထောက်အပံ့များ ပေးသွားရန် အတွက် အဆိုပါ ဆူပူ အုံကြွမှုတွင် ပါဝင်သူများ နှင့် ဆွေးနွေးမှု ပြုလုပ် သွးမည် ဖြစ်ကြောင်း သိရှိရသည်။

Source_MkK

0 comments to “ထိန်းသိမ်းထားသော ဘင်္ဂါလီ ၈ ဦး ထွက်ပြေးရန် ကြိုးပမ်း ”

Post a Comment