Thursday, August 15, 2013

အိန္ဒိယ ရေငုပ်သင်္ဘော INS Sindhurakshak ပေါက်ကွဲမှုဖြစ်ပွား ရေယာဉ်အမှုထမ်း ၁၈ ဦးသေဆုံး

,
မွမ်ဘိုင်း သြဂုတ် ၁၄
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းသင်္ဘောကျင်းတွင် ဆိုက်ကပ်ထားသည့် အိန္ဒိယရေငုပ်သင်္ဘော INS Sindhurakshak သည် ယနေ့ နံနက် အစောပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး  မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ရေငုပ် သင်္ဘောအတွင်း၌ ရှိနေသော ရေယာဉ် အမှုထမ်း ၁၈ ဦး သေဆုံး ခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းမှုကို  ငြှိမ်းသတ်နိုင်ရန် အတွက် မီးသတ် သမားများသည် နာရီပေါင်းများစွာ အချိန်ယူ ခဲ့ရကြောင်း သိရ သည်။
ဒီဇယ်စွမ်းအင်သုံး အဆိုပါရေငုပ် သင်္ဘော ပေါက်ကွဲမှုကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး အခြား အစိတ်အပိုင်း များမှာ လည်း ရေထဲသို့ နစ်မြုပ်သွားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေး အဖွဲ့ဝင်များ ရောက်ရှိလာပြီး ဒဏ်ရာ ရရှိသူများကို ဆေးရုံသို့ ပို့ဆောင် ပေးနိုင်ခဲ့ကြောင်း  သိရသည်။
သို့သော်ရေငုပ်သင်္ဘော ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ မသိရှိရသေးကြောင်း၊ ရေတပ်ဆိုင်ရာ စုံစမ်း စစ်ဆေးရေး အဖွဲ့က အဆိုပါ ပေါက်ကွဲမှုအတွက် စစ်ဆေးမှုများပြု လုပ်နေကြောင်းနှင့် ထိုပေါက်ကွဲမှုသည် ပြင်ပ ပယောဂ မပါရှိဘဲ ရေငုပ်သင်္ဘော၏ ချွတ်ယွင်း ချက်ကြောင့် ဖြစ်နိုင်ကြောင်း တာဝန်ရှိသူ တစ်ဦးက  ပြောကြားခဲ့သည်။

မြ၀တီ


0 comments to “အိန္ဒိယ ရေငုပ်သင်္ဘော INS Sindhurakshak ပေါက်ကွဲမှုဖြစ်ပွား ရေယာဉ်အမှုထမ်း ၁၈ ဦးသေဆုံး ”

Post a Comment