Thursday, August 8, 2013

ကိုရီးယားနှင့် မြန်မာ နည်းပညာကုမ္ပဏီများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်

,
ကိုရီးယားနိုင်ငံမှ အိုင်တီကုမ္ပဏီကြီးများနှင့် နည်းပညာလုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီ ၁၀ ခု မြန်မာနိုင်ငံသို့ လာရောက်ကာ ပြည်တွင်းမှ အိုင်တီလုပ်ငန်း ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ခု စက်တင်ဘာလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ကိုရီးယားနိုင်ငံမှ ကုမ္ပဏီ ၁၀ ခုနှင့် ပြည်တွင်းနည်းပညာ စီးပွားရေးကုမ္ပဏီများ တွေ့ဆုံပြီး Networking, CCTV, Banking, Crdit, Inssurance, Education, Software ဆိုင်ရာ ကဏ္ဍများနှင့် အခြားသော အိုင်တီလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ချိတ်ဆက် ဆောင်ရွက်ပေးသည့် ကိုရီးယားနိုင်ငံ အခြေစိုက် ဂွန်ဟောင်းကုမ္ပဏီမှ ဒါရိုက်တာ မစ္စတာ Yang Seo Kua က ပြောသည်။ “အဓိကကတော့ သူတို့တွေက အိုင်တီနဲ့ပတ်သက်ပြီး စီးပွားရေးအခွင့်အလမ်းတွေ ဆွေးနွေးသွားမှာပါ” ဟု ၄င်းက ပြောသည်။

 အဆိုပါ မြန်မာ-ကိုရီးယား အိုင်တီနည်းပညာကဏ္ဍ စီးပွားရေး တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် ရန်ကင်းခန်းမ၌ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြည်တွင်းသို့ လာရောက်၍ ပူးပေါင်းလုပ်ကိုင်နိုင်မည့် စီးပွားရေး အခွင့်အလမ်းများကို မိတ်ဖက်ကုမ္ပဏီများနှင့် အိုင်တီကုမ္ပဏီကြီးများဖြင့် အဓိက ဆွေးနွေးသွားမည် ဖြစ်သည်။ 

လာရောက်မည့် ကိုရီးယားနိုင်ငံမှ ကုမ္ပဏီများတွင် အိုင်တီနည်းပညာဆိုင်ရာ စီးပွားရေးကုမ္ပဏီကြီးများ ဖြစ်သည့် Tomoto System ကုမ္ပဏီ၊ NEXUS ကုမ္ပဏီများ အပါအဝင် Software Development ကုမ္ပဏီများ၊ IT Solution & Application ဆိုင်ရာ ကုမ္ပဏီများ အဓိကပါဝင်ကြောင်း သတင်းရရှိသည်။ စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များ အနေဖြင့် စက်တင်ဘာလ ၁၇ ရက် နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်ပြီး egunhong@gmail.com အီးမေးလ်နှင့် ဖုန်းနံပါတ် ၂၄၁၂၀၈၊ ၀၉-၄၃၁၀၃၉၃၁၊ ၀၉-၄၉၀၀၀၇၇၇ သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

From:ခေတ်လူငယ်

0 comments to “ကိုရီးယားနှင့် မြန်မာ နည်းပညာကုမ္ပဏီများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်”

Post a Comment