Thursday, August 8, 2013

မေ့မရနိုင်ခဲ့သောပုံရိပ်များ

,


၈၈ အရေးအခင်းကာလကပေါ့
ဖေဖေကကျောက်တလုံး ခ.လ.ရ(၈၁) မှာတပ်ခွဲမှူး ဗိုလ်မှူးဘဝနဲ့ ရှေ့တန်းမဲသဝေါစခန်းမှာအသေ အကြေတိုက်နေချိန် ကျွန်မကတော့ရန်ကုန်မှာဆန္ဒပြဖို့
စီတန်းလာတဲ့အဖွဲ့ တွေများစွာကို လမ်းထိပ်ထွက်ကြည့် လက်ခုပ်တီးအားပေးလို့ ဝေလားဝါးလားပျော်နေချိန်ပေါ့အရေးအခင်းကာလကျောင်းတွေပိတ်သွား တော့အမေကတပ်ကိုမိသားစုနဲ့နေဖို့လှမ်းခေါ်ပါရောကျွန်မတပ်ကို လည်းရောက်ရောအမေရဲ့စိုးရိမ်ပူပန်မှု တွေတပ်မိသားစုတွေရဲ့စိတ်ပင်ပန်း ဆင်းရဲမှုတွေကျဆုံးစစ်သည်တွေရဲ့ မိသားစုမျက်ရည်တွေ တွေ့ လိုက် ရတော့ ကျွန်မနှလုံးသား အရောင်ပြောင်းသွားခဲ့ပါတယ် အဲ့ဒီ့အချိန်မှာမဲသဝေါတိုက်နေတဲ့တပ်မ ၆၆ အောက်ကျောက်တလုံး ၈၁ ဆိုတော့စဉ်းစားကြည့်ကြပေါ့ရှင်
ကျွန်မရောက်ပြီး နောက်ပိုင်း ဖေဖေရှေ့တန်းမှာဒဏ်ရာရလို့ဖားအံ
ဆေးရုံကိုလိုက်သွားရပါတယ် ဖားအံ ဆေးရုံလည်းရောက်ရောကျွန်မတွေ့ ခဲ့ရတာတွေကိုဒီနေ့ထိအမှတ်ရနေ တုန်းပါဆေးရုံဝင်းထဲလမ်းလျှောက် တဲ့ ကော်ရစ်တာမှာရော မြေကွက်လပ်တွေမှာရောတာလပတ် တွေနဲ့ခင်းပြီးဒဏ်ရာရစစ်သည်လူနာ တွေဟာအများကြီးပါ ဖေဖေရှိရာအဆောင်ကိုသွားဖို့အဲ့ဒီ့လူနာတွေကိုကျော်ခွပြီး လျှောက်လမ်း တလျှောက်ခြေချစရာမရှိအောင် ရှောင်သွားရပါတယ် နေရာတိုင်းမှာသွေးနံ့တွေနဲ့ညှီပြီး ယင်ကောင်တွေကလည်းအနာတွေ နားမှာတရုန်းရုန်းနဲ့ပါ ခြေထောက်အပြတ်ကိုမပြီးအော်ဟစ်ညီးညူနေတဲ့သူတွေခွဲခန်းထဲကနေ ထော်လီနဲ့တွန်းပြီးတင်လာတဲ့လူနာ တွေရဲ့အော်ညီးသံတွေဆရာဝန်ဆရာမတွေပြေးလွှားနေတာတွေအကုန်မြင် တွေ့ ခဲ့ရပါတယ်ခုနက ကော်ရစ်တာလမ်းတလျှောက်ကလူနာတွေဟာလည်းဒဏ်ရာသေးလို့အပြင်ပို့ထားတာမဟုတ်ပါလူနာထားစရာ နေရာမရှိတော့လို့ပါသွေးသံရဲရဲ ခြေပြတ်လက်ပြတ်နဲ့ဒဏ်ရာရထားတဲ့သူတွေပါသွေးညှီနံ့ဟာလည်းနေရာတိုင်းပါအဲ့ဒီ့မြင်ကွင်းတွေတွေ့ ခဲ့ရ ကြုံခဲ့ရတဲ့ကျွန်မဟာရန်ကုန်ပြန်ရောက်ရင်ငါဘာလုပ်သင့်သလဲဆိုတာ သေချာသိလိုက်ပါတော့တယ်

တပ်မ ၆၆ ခလရ ၈၁ ကျောက်တလုံးရှိတပ်မတော်သားများနှင့်မဲသဝေါတိုက်ပွဲဝင်တပ်မတော်သားများအားအစဉ်ဦးညွှတ်လျှက်
ယမင်းသူရ

0 comments to “မေ့မရနိုင်ခဲ့သောပုံရိပ်များ”

Post a Comment