Thursday, August 8, 2013

၁၈ နှစ် မပြည့်ပါက တပ်မတော်မှ လက်မခံပါ။

,

မြန်မာနိုင်ငံ၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ် ဇွန်(၂၇)ရက်တွင် လုပ်ငန်းစီမံချက်ကို (UN CTFMR)နှင့် လက်မှတ်ရေး ထိုးခဲ့ပြီး ဖြစ်သည်။


အဆိုပါစီမံချက်ကို အကောင်အထည်ဖော်ရန် အသေးစိတ်လုပ်ငန်းအစီအစဉ်များကိုလည်း ရေးဆွဲ သဘောတူပြီးဖြစ်ရာ (၁၈)လအတွင်း တပ်မတော်အတွင်း၌ အရွယ်မရောက်သေးသူကလေးသူငယ်စစ်သည် လုံးဝမကျန်ရှိစေ ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား လုံးဝစုဆောင်းခြင်း မပြုရန်နှင့် အကြောင်းအမျိုးမျိုးဖြင့် မှားယွင်းစုဆောင်းခဲ့သူများ ရှိပါကလည်း အမြန်ဆုံး ထွက်ခွင့်ပြုရန် စိစစ်ဆောင်ရွက် လျက်ရှိသည့်အပြင် တာဝန်ရှိသူများကိုလည်း စစ်စည်းကမ်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။

----- ----- ----- ----- -----
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်သန်းစိုးနှင့် Co-Chair of CTFMR Mr. Ashok Nigam တို့က တပ်မတော်အတွင်းမှ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား ပြန်လည်နှုတ်ထွက်ခွင့်ပြု၍ မိဘများထံလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်
----- ----- ----- ----- -----

ရန်ကုန် - ၂၀၁၃ ဩဂုတ် ၇


ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့တို့၏ အစီအမံဖြင့် တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေး သူငယ်များကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်အလိုက် အသေးစိတ် စိစစ်နှုတ်ထွက်ခွင့်ပြုလျက်ရှိရာ (၆၈)ဦး စိစစ်တွေ့ရှိခဲ့ပြီး စိစစ်ဖော်ထုတ်ရရှိသော အရွယ်မရောက်သေးသူ ကလေးသူငယ်များအား ၎င်းတို့၏မိဘများထံသို့ ပြန်လည် လွှဲပြောင်းပေး အပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ကျင်းပသည်။

အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်သန်းစိုးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးတို့မှ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်ကြသော UNICEF ၊ UNHCR ၊ ILO၊ Save the Childern၊ World Vision၊ World Food Programme၊ UNDP တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်လည်နှုတ်ထွက် ခွင့်ရကလေးသူငယ်(၆၈)ဦးနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်သန်းစိုးနှင့် Co-Chair of CTFMR Mr. Ashok Nigam တို့က အမှာစကားပြောကြားကြသည်။ ထို့နောက် တပ်မတော်မှ နှုတ်ထွက်ခွင့်ပြုသည့်လက်မှတ်နှင့် (၁၀)နှစ်မှ (၁၈)နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တာဝန်ရှိသူတို့က ပေးအပ်ခဲ့ပြီး ကလေးများအား မိဘ(သို့မဟုတ်) အုပ်ထိန်းသူတို့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အခမ်းအနားပြီးနောက် ကလေးများနှင့်မိဘများကို မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေးလုပ်ငန်း အဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ စီစဉ်သော ကြားကာလပြုစုစောင့် ရှောက်ရေးစခန်းသို့တပ်မတော်မှ ပို့ဆောင်ပေးခဲ့ပြီး ထိုစခန်းတွင်မိဘများနှင့် အဆက်အသွယ်မရရှိသေးပါက ဆက်သွယ် ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဆေးဝါးကုသရန် လိုအပ် မှုရှိ/မရှိစစ်ဆေး၍ လိုအပ်ကကုသမှုခံယူစေခြင်း၊ ကျောင်းပြန် တက်ရန်ဆန္ဒရှိပါက ကျောင်းပြန်တက်ရန်၊ ကျောင်းပြင်ပ ပညာသင်ကြားရန်၊ အလုပ်လုပ်ကိုင်ရန်ဆန္ဒရှိပါက မျှတသော အလုပ်အကိုင်ရ ရှိနိုင်ရန် လိုအပ်သည့်ကျွမ်းကျင်မှု သင်ယူရန်ဖြစ်နိုင်ခြေများဆန်းစစ်ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံပစ္စည်းများဝေငှခြင်း၊ အိမ်အပြန်ခရီး စရိတ်နှင့် စားစရိတ်စီစဉ်ပေးခြင်းများဆောင်ရွက်ပေးမည်ဖြစ်သည်။

အလားတူ မိဘများထံလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို အဆိုပါအမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရန်ကုန်)၌ ၂၀၁၂ ခုနှစ် စက်တင်ဘာ(၃)ရက်တွင် (၄၂)ဦးအား ပထမအကြိမ်အဖြစ် လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဖေဖော် ဝါရီ(၁၅)ရက်တွင် (၂၄)ဦးအား ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဇူလိုင်(၇)ရက်တွင် (၄၂)ဦးအား တတိယ အကြိမ်အဖြစ် လွှဲပြောင်းပေးအပ်ခဲ့ခြင်းများဆောင်ရွက်နိုင်ခဲ့ပြီး ယခုအကြိမ် သည် စတုတ္ထအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ် ဇွန်(၂၇)ရက်တွင် လုပ်ငန်းစီမံချက်ကို (UN CTFMR)နှင့် လက်မှတ်ရေး ထိုးခဲ့ပြီး ဖြစ်သည်။

အဆိုပါစီမံချက်ကို အကောင်အထည်ဖော်ရန် အသေးစိတ်လုပ်ငန်းအစီအစဉ်များကိုလည်း ရေးဆွဲ သဘောတူပြီးဖြစ်ရာ (၁၈)လအတွင်း တပ်မတော်အတွင်း၌ အရွယ်မရောက်သေးသူကလေးသူငယ်စစ်သည် လုံးဝမကျန်ရှိစေ ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား လုံးဝစုဆောင်းခြင်း မပြုရန်နှင့် အကြောင်းအမျိုးမျိုးဖြင့် မှားယွင်းစုဆောင်းခဲ့သူများ ရှိပါကလည်း အမြန်ဆုံး ထွက်ခွင့်ပြုရန် စိစစ်ဆောင်ရွက် လျက်ရှိသည့်အပြင် တာဝန်ရှိသူများကိုလည်း စစ်စည်းကမ်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။


(သတင်းစဉ်)

Credit : www.moi.gov.mm

0 comments to “ ၁၈ နှစ် မပြည့်ပါက တပ်မတော်မှ လက်မခံပါ။”

Post a Comment