Wednesday, August 21, 2013

မြန်မာ့ ရုပ်ရှင်လောက တိုးတက်ရန် ဇာတ်ညွှန်းသင်တန်း အခမဲ့ဖွင့်လှစ်

,
ရန်ကုန် သြဂုတ် ၂ဝ
အရည်အသွေးမြင့် မြန်မာဇာတ်ညွှန်း ရေးသားသူများ ပေါ်ထွက်လာစေရန် ဗြိတိသျှကောင်စီ၊ ရန်ကုန် ရုပ်ရှင်ကျောင်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးတို့ ပူးပေါင်း၍ ဇာတ်ညွှန်းရေးသား ခြင်း
အနုပညာ သင်တန်းကို သြဂုတ်၁၉ ရက်မှ ၃၁ ရက်အထိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဝင်္ကပါလမ်း ဗဟန်းမြို့နယ်၌ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ ''မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်တွင် လူသား အရင်းအမြစ်များဖွံ့ဖြိုး တိုးတက်ရေးသည် အဓိကအကျဆုံး လိုအပ်ချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ယခု ဖွင့်လှစ်တဲ့ သင်တန်းဟာ မြန်မာ့ ရုပ်ရှင်လောက တိုးတက်ရေးအတွက် အဓိက လိုအပ်ချက်ကို အတိုင်းအတာ တစ်ခုအထိ ဖြည့်ဆည်း ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်'' ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောကြားခဲ့သည်။ ဤသင်တန်းကို ဝတ္ထုတို၊ ဝတ္ထုရှည်၊ ကဗျာနှင့် စာနယ်ဇင်း ရေးသား ဖန်တီးမှုများတွင် အထောက်အထားပြသနိုင်သည့် အတွေ့အကြုံရှိသူ မြန်မာနိုင်ငံသား မည်သူမဆို လျှောက်ထားနိုင်ပြီး လျှောက်ထားသူများထဲမှ ၁၆ ဦးကို ရွေးချယ်ကာ အခမဲ့သင်တန်း ပေးခြင်း ဖြစ်ကြောင်း သိရသည်။

0 comments to “မြန်မာ့ ရုပ်ရှင်လောက တိုးတက်ရန် ဇာတ်ညွှန်းသင်တန်း အခမဲ့ဖွင့်လှစ် ”

Post a Comment