ခုတစ်လောနေရာတော်တော်များများတွင်၈၈ရဲ့(၂၅)နှစ်ပြည့်အကြောင်းပြောကြဆိုကြလာတာကိုတွေ့ရပါသည်။
တစ်ဖက်မှာလည်း ၈၈ ကို ဒိဌဓမ္မကြုံဖူးသူများက နှာခေါင်းရှုံ့ကြပြီး ထိုအဖြစ်အပျက်ကို အရွံကြီး ရွံကြသူတွေရှိသလို ၊ ၎င်း၏အခြားတစ်ဖက်တွင်လည်း ၈၈ ကို ချီးကျူးထောပဌာပြု ကာ တသသလွမ်းဆွတ်နေကြသောသူများလည်း ရှိသည်။ ၈၈ ကိုမီဒီယာတွေ ပုံဖော်ထားတဲ့ သမိုင်းဝင် တော်လှန်ရေးကြီးလို ပုံသဏ္ဍန်ကို သာ သိနေကြတဲ့ လူငယ်တွေက များပါတယ်။၈၈ မှာကျောင်းသားတွေ ကို စစ်တပ်က ပစ်တယ်လို့ ပြောကြပေမယ့် ။
၁နာရီလောက် လော်စပီကာနဲ့လူစုခွဲဖို့ အော်ပြောနေတဲ့စစ်သားတွေကိုတော့ဘယ်သူမှအလေးမထားကြပါဘူး။
တကယ်မလုပ်ပါဘူးဆိုအတွေးနဲ့ သွေးတိုးစမ်းရာကနေအထိနာသွားရတဲ့ပွဲပါ။၈၈ဆိုတာအနည်းစပ်ဆုံး ခေါင်းစဉ်
တပ်ပေးရမယ်ဆိုရင်”တလွဲမာနအသုံးချခဲ့ရတဲ့ပွဲ”ပါပဲ။့သီချင်းလုဖွင့်ရာကနေဖြစ်တဲ့ဇာတ်လမ်းကနေတစ်နိုင်ငံလုံး
မီးဟုန်းဟုန်းတောက်ခဲ့တဲ့၈၈မှာမြေပေါ်မြေအောက်ဗကပယူဂျီတွေအသုံးချခံ ကျောင်းသားတွေက မွှေးတဲ့ မီးပါ။တကယ်တော့ ၈၈ဆိုတာအစိုးရဲ့ အုပ်ချုပ်ရေးတွေပြိုပျက်ပြီး မင်းမဲ့စရိုက်နဲ့ လမ်းပေါ်တက် တွေ့တဖျက် ပြည်သူပိုင်စ္စည်းတွေဖျက်ဆီး ရဲစခန်းတွေဝင်ဆီး၊မြန်မာပြည်သားအချင်းချင်းကို အရှင်ရှင်လတ်လတ် ခေါင်းဖြတ်သတ်၊မီးရှို့သတ်စတဲ့ဒိဌမြင်ကွင်းတွေကိုမျက်ဝါးထင်ထင်မြင်ရတဲ့နှစ်လို့ပြော
လို့ရသလို၊“ဒါလားဗုဒ္ဓသာသနာထွန်းကားရာနိုင်ငံ”လို့မေးရမလိုတောင်ဖြစ်ခဲ့တဲ့နှစ်လို့ပြောရမှာပါ။ဘာမဟုတ်
တဲ့လ္ဘက်ရည်ဆိုင်ကကျောင်းသားကိစ္စကနေနိုင်ငံတစ်ခုလုံးနီးပါးအုတ်အောသောင်းနင်းဖြစ်သွားရတဲ့ အထိ ဖြူစင်တဲ့ ကျောင်းသားဘ၀ ဟာခေတ်အဆက်ဆက်က လက်ကျန်မြေပေါ်/မြေအောက် အဖျက်သမားတွေရဲ့ဝင်ပူးခြင်းကိုခံခဲ့ရတာပါ။ပြန်တွေးပြီး ပြောရမယ်ဆိုရင်စိတ်မချမ်းမြေ့ဖွယ်ကိစ္စရပ်ကြီး ဖြစ်သလို ၊ တွေးမိတိုင်းအော့နှလုံး နာစရာပါ။တစ်နည်းဆိုရရင်အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားကြီး ဘုန်းဘုန်းလဲတဲ့အချိန်မှာ အခွင့်ကောင်းကို စောင့်နေတဲ့ တောကြောင်တွေရဲ့ လက်ခမောင်း ခတ်သံအောက်မှာ မြန်မာပြည်သားတွေရဲ့ လုံခြုံရေးဆိုတာ ယောင်္ကျားသားတွေဟာ ကိုယ်အိမ်ကိုယ် ကင်းစောင့်ရပြီး ကျီးလန့်စာစား ခဲ့ရတဲ့ နှစ်ပါပဲ။ရဲစခန်းတွေမီးရှို့ ၊
ဓာတ်တိုင်တွေ လှဲ ၊ ကားတွေထုခွဲ ၊ ၀န်းထမ်းတွေ ရှာ ခေါင်းဖြတ်၊ မီးရှို့သတ်ပြီး နိုင်ငံခြား သတင်းထောက်တွေရဲ့ ကင်မရာရှေ့မှာ“ဗဲရီးဂွတ်၊ဗဲရီးဂွတ်”ဆိုသူတွေရဲ့ အသံက အခုထက်ထိနားထဲက မထွက်ပါဘူး။ထစ်ခနဲရှိသတ်မယ် ဖြတ်မယ်ဆိုတဲ့စကားတွေနဲ့ယောင်္ကျားလေးရှိတဲ့အိမ်ဆိုဆန္ဒပြဖို့လိုက်ခိုင်း၊ မလိုက်နိုင်တဲ့အိမ်တွေဆိုထမင်းထုပ်ပေးစတဲ့ဓားပြဆန်ဆန်ခြိမ်းခြောက်မှုတွေအောက်မှာစာဖတ်သူသာကြုံခဲ
့ရရင်ဒီလိုအတိတ်ဆိုးကြီးကိုပြန်သတိရချင်မှာမဟုတ်ပါဘူး။နောက်ဆုံးအစိုးရကအလျှော့ပေး
တွေ့ဆုံဖို့တောင်းဆိုခဲ့တာတောင်နိုင်ငံရေးအခင်းအကျင်းအကြောင်းနကန်းမသိတဲ့အခု၈၈ကျောင်းသား ခေါင်း
ဆောင်ဆိုသူတွေဟာသတင်းသမားတွေနဲ့မီဒီယာတွေက နေတစ်ဆင့်မဖိတ်လို့ဆိုပြီး ငြင်းဆန်ခဲ့ကြပါတယ်။
အခုတော့ ဒီအတိတ်ဆိုးဟာ၂၅ နှစ်ပြည့်ပါပြီ။”ယနေ့ သည် မနက်ဖြန်အတွက်သမိုင်းဖြစ်သည်”ဆိုတဲ့ စကားအတိုင်းဆို ၂၅ နှစ်မြောက်သမိုင်းလို့ဆိုရမှာပါ။အဲ့ဒီအချိန်တုန်းက ဆူပူသောင်းကျန်း လူသတ်ခေါင်းဖြတ် ၊ ပြည်သူပိုင်ပစ္စည်းတွေ ထုနှက်ဖျက်ဆီးခဲ့တဲ့ သူတွေက အခုတော့ ဒီမိုကရေစီ လမ်းကြောင်းကြီးကို သူတို့ပဲ ဖော်ဆောင်ခဲ့သယောင်၊ မြန်မာနိုင်ငံရဲ့သူရဲကောင်းဇာနည်တွေထဲမယ်
ဗိုလ်ချုပ်အောင်ဆန်းပြီးရင် သူတို့ပဲ ရှိသယောင်နဲ့ ပြောဆိုနေတာတွေ့နေရတော့ စိတ်ထဲက ရယ်ချင်မိသလို ဖြစ်မိပါတယ်။ ဦးဥတ္တမတို့ ဗိုလ်မင်းရောင်တို့လို သူတို့ ဘာမှ မစွမ်းဆောင်ခဲ့ကြပေမယ့် သူတို့ကိုယ် သူတို့ ၈၈သူရဲကောင်းတဲ့။အမှန်တော့ အခု ၈၈ ကျောင်းသားဆိုသူတွေဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇာတ်လမ်းရူး ရူးနေတဲ့သူတွေလို့ပြောရမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်ဟာ ကျောင်းသား ဘ၀ ကနေ နိုင်ငံရေးလောက ထဲ ၀င်တယ် ၊ အဲ့ကနေ နာမည် သတင်းကျော်ဇောတယ် ၊ နောက်ဆုံး တိုင်းပြည်ရဲ့ အာဇာနည် တစ်ယောက်ဖြစ်လာခဲ့တယ်ပေါ့ ။အဲ့လို ကျောရိုးလေးထားပြီး သူတို့ ကိုယ်သူတို့လဲ အမွန်းတင်ကြပါသေးတယ်။ ကျွန်တော် အမြင်သက်သက် ကတော့ ဗိုလ်ချုပ်ဟာထူးချွန်သူဖြစ်တဲ့အပြင် အင်္ဂလိပ်စာကိုလဲ ကြေညက်ပြီး တိုင်ပြည်အတွက် အနစ်နာခံကိုစိတ်ထားဖြူစင်မြင့်မြတ်တဲ့သူတစ်ယောက် ဖြစ်ခဲ့လို့လဲသူဟာ ဘယ်အချိန်ဖြစ်ဖြစ် ပြည့်သူရင်ထဲမှာ အမြဲရှိနေတာပါ။(စကားချပ်__မကြာသေးခင်က ခု ၈၈ ကျောင်းသားခေါင်းဆောင် တစ်ဦးက နော်ဝေးမှာ သူများရေးပေးတဲ့အင်္ဂလိပ်စာတမ်းကို အသံထွက်မှန်အောင် မဖတ်နိုင်လို့ အရှက်ရခဲ့တယ်လို့ ကြားလိုက်ရပါတယ်။ တကယ်တော့ ဒါဟာ သူကိုလဲ
အပြစ်တင်လို့ မရပါဘူး ။ သူ က ကျောင်းမှ ပြီးအောင်မတတ်ခဲ့တာ။)ဒါပေမယ့် အခု ၈၈ ဆိုသူများကကော ပြည်သူ့အပေါ်ဘာတွေများ ဖြူစင်ခဲ့ပြီးပါပီလဲ ။
အရိုးခံပြည်သူတွေကို မြောက်ပေး.. ပြီးရင် ခေါင်းစဉ်အောက်က ရှောင်ပြေး ၊ အချိန်တန်လို့ အစိုးရနဲ့ ပြဿနာတက်ပြီဆိုတဲ့အချိန်မှာ၈၈ဆိုသူများက နိုင်ငံခြားကို ရောက်နေပါပြီ။ပြည်သူတွေအတွက်လို့
ခေါင်းစဉ်တပ်နေပေမယ့် အချိန်တန်တော့လဲ ကိုယ်ဖျောက်သွားပြီး တတိယ နိုင်ငံမှာ ဒေါ်လာတွေ ယပ်တောင်ခပ်နေပါရော ။အဲ့လိုစိတ်ထားမျိုးနဲ့ တော့ ဗိုလ်ချုပ်အောင်ဆန်း ခြေရာမပြောနဲ့ခြေမှုန့်ကိုတောင် မမီပါဘူး။
တကယ်တော့ ၈၈ ဆိုတာ အခု သူတို့ပြောနေသလောက်ကြီးကျယ်မြင့်မြတ်တဲ့ တော်လှန်ရေးမျိုးကြီး မဟုတ်ပါဘူး။ဆန္ဒပြ ထဲမှာ ပါတဲ့ သူတွေဟာ ထမင်းစားရတယ် ၊ ဆီးကြိုတဲ့ သူတွေနဲ့ သူတို့ ပျော်ကြရတယ်၊သူတို့ သတ္တိပို ပြခွင့်ရတယ့်လို့ပဲထင်နေပြီး ဗကပ ယူဂျီတွေရဲ့လူထုဖောက်ခွဲမှု စနက်တံ တစ်ချောင်းဖြစ်ခဲ့တယ်ဆိုတာ သူတို့မသိခဲ့ကြပါဘူး။၈၈ ဆိုတဲ့ ဇာတ်လမ်း ထဲမှာ ပြည်တွင်းပြည်ပ ကမီဒီယာတွေရဲ့ သွေးထိုးမြှောက်ပင့်မှု အောက်မှာတိုင်းပြည်ဟာတစ်စစီဆုတ်ယုတ်သွားခဲ့ရပါတယ်။မြန်မြာ
ပြည်သားချင်း ခေါင်းဖြတ်သတ်တဲ့အိမ်ကြက်ခြင်းအိုးမဲသုတ်တိုက်တဲ့ပွဲမှာပြည်ပမီဒီယာBBC၊VOAတို့ဟာတော်
တော်လေးအလုပ်ဖြစ်ခဲ့ပါတယ်။”ဖားပြုတ်ကိုက်တာကိုတရုတ်ရိုက်တယ်”ဖြစ်အောင်ကြေငြာပြီးမာနရှိတဲ့ကျောင်း
သားလူငယ်စိတ်ဓာတ်ကိုအမြတ်ထုတ်သွားခဲ့ကြတာပါ။
တွေးကြည့်ရင် မကြုံခဲ့ရတဲ့ သူတောင် အတော်လေး ရင်နာဖို့ကောင်းပါတယ်။ဒီရင်နာစရာ အဖြစ်အပျက် တိုင်းပြည်ပျက်မယ့် ပွဲလို ထပ်မကြုံအောင် တွေးခေါ်တတ်တဲ့ လူငယ် နဲ့ ပညာတတ် မျိုးဆက်တွေ လိုနေပြီဆိုတာ ၈၈ က သာဓကပါ။(အခုထိ ကျောင်းမပြီးနိုင်သေးသူများတော့ ထည့်မပြောလို)သေသေချာချာသဘောပေါက်မယ်ဆိုရင်အတိတ်ဆိုတာ ချေးခြောက်ရေနူးရမယ့်အရာမဟုတ်ပဲ
ပစ္စုပ္ပန်ကောင်းဖို့အတွက်အမြဲဖတ်ရပြီးသင်ခန်းစာယူရမယ့်စာအုပ်ဆိုတာသိစေချင်ပါတော့သည်။
သားရွှေလူ