Wednesday, August 14, 2013

မုံရွာမြို့တွင် နေအိမ်အတွင်း ပုတ်ပွနေသော လူသေအလောင်း တစ်လောင်းတွေ့ရှိ

,
မုံရွာ၊ သြဂုတ် ၁၁ ရက်နေ့
မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ ပန်းတမာလမ်းရှိ လူနေအိမ်တစ်လုံးအတွင်းမှ ပုတ်ပွနေသော လူသေ အလောင်း တစ်လောင်းအား ယခုလ ၁၀ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်က တွေ့ရှိခဲ့ရကြောင်း မုံရွာ အမှတ်(၂) ရဲစခန်းမှူး ဦးညီညီ အောင်မှ ပြောကြားသည်။
သေဆုံးသူမှာ ဦးအောင်မျိုးကြင် အသက် (၄၀)နှစ် အဖအမည် ဦးကြင် ဆိုသူဖြစ်ကြောင်း၊ ၎င်းသေဆုံးနေ သူမှာ လူပျိုကြီးတစ်ယောက်ပြီး ၎င်းနေအိမ်တွင် တစ်ဦးတည်းနေထိုင်သူဖြစ်ရာ ကျောက်ကပ်ရောဂါနှင့် ဟိုမုန်း အားနည်းရောဂါစွဲ ကပ်နေသူ ဝေဒနာရှင်တစ်ဦးလည်းဖြစ်ကြောင်း ရဲစခန်းမှုးမှ ဆက်လက်၍ ပြောပြ သည်။
အဆိုပါ လူသေဆုံးနေမှုသည် မည်သည့်အတွက်ကြောင့် သေဆုံးရသည်ကို ဆက်လက်၍ စီစစ်နိုင်ရန် အတွက် မုံရွာ အမှတ်(၂) ရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁၁ / ၂၀၁၃ အရ ဆက်လက်ဆောင်ရွက် လျက် ရှိကြောင်း သိရှိရသည်။
သတင်း၊ ကိုတိုး(ချင်းတွင်း)
From: Myanmar News Now

0 comments to “မုံရွာမြို့တွင် နေအိမ်အတွင်း ပုတ်ပွနေသော လူသေအလောင်း တစ်လောင်းတွေ့ရှိ”

Post a Comment