Monday, August 26, 2013

မြန်မာ့တပ်မတော်မှ ပထမဆုံး သမိုင်းဝင်ပြစ်မှုကြီးများ

,

ပထမဆုံး စစ်သည်ရိက္ခာပိုတင်၍ နိုင်ငံတော်ဘဏ္ဏာအလွဲသုံးစားမှုတရားခံ ကျန်စစ်သား
ဖြစ်စဉ်မှာ ပဲခူးမြို့မှ ဂျွမ်းစစ်သည်များကို ချီစစ်ဖြင့် သွားရောက်တိုက်ခိုက်ရာတွင်စစ်သည် လေးယောက်ကို စစ်သည်လေးသိန်း ဟု အထက်ဌာနအား သစ္စာမဲ့စွာ လိမ်ညာထွက်ဆိုခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ

ပထမဆုံး တပ်မတော်ပိုင်ယာဉ် ပျက်စီးစေမှုတရားခံ ဘုရင့်နောင်

ဖြစ်စဉ်မှာ နောင်ရိုးတိုက်ပွဲအတွင်း တပ်မတော်ပိုင်ဖောင်များကို အထက်အကြီးအကဲ၏ အမိန့်ညွှန်ကြားချက် တစ်စုံတစ်ရာ မရရှိပဲ မိမိသဘောဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ

ပထမဆုံး စစ်စည်းကမ်းမလိုက်နာမှုတရားခံ မဟာဗန္ဓုလ
ဖြစ်စဉ်မှာ နိုင်ငံတော်အကြီးအကဲများ သြဝါဒမြွက်ကြားစဉ် တပ်မတော်အရာရှိတစ်ဦး မပြုလုပ်သင့်သော အပြုအမူ(ဘေးလူအား တံတောင်ဖြင့် ထောင်းခြင်း)ကို ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ

ပထမဆုံး လက်နက်  နဲ့  ခွင့်မဲ့ပျက်ကွက်မှု တရားခံ ကျန်စစ်သား
ဖြစ်စဉ်မှာ ပြစ်မှုထင်ရှား  စစ်ဆေး စီရင် စဉ် အခွင့်မရပဲ အရိဒမ္မာ လှံအား ယူဆောင်၍ မင်းနေပြည်တော်မှ
ထွက်ပြေးတိမ်ရှောင် မှု ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ

ပထမဆုံး တရားမဝင် ခလေးစစ်သားစုဆောင်းမှုတရားခံ သတိုးမင်းဖျား

ဖြစ်စဉ်မှာအသက်မပြည့်သေးသောကလေးငယ် မောင်မင်းရဲကျော်စွာကိုစစ်သင်တန်းကျောင်း စေလွှတ်ခြင်းဖြင့် နိုင်ငံတကာတွင် တပ်မတော်၏သိက္ခာကျဆင်းစေကြောင်း စစ်ဆေးတွေ့ရှိရ

(တရားစွဲဆိုချိန်တွင် မင်းရဲကျော်စွာ ကျဆုံးသွားပြီဖြစ်ရာ facebook နှင့် ဂျာနယ်များမှလည်း မင်းရဲကျော်စွာ၏ သနားစဖွယ် ကျောင်းစိမ်းဝတ်စုံနှင့် ဓာတ်ပုံများကို အသားပေးဖော်ပြလျက်ရှိ)

(ဆက်လက်ဖော်ပြပါမည်)
ကိုဆေး

0 comments to “မြန်မာ့တပ်မတော်မှ ပထမဆုံး သမိုင်းဝင်ပြစ်မှုကြီးများ”

Post a Comment