Wednesday, August 21, 2013

ဝန်ကြီးချုပ်နဲ့အတိုက်အခံ ခေါင်းဆောင် ဒုတိယအကြိမ် စကားနိုင်လုမယ်

,

Photo: ၀န်ကြီးချုပ်နဲ့အတိုက်အခံ ခေါင်းဆောင် ဒုတိယအကြိမ် စကားနိုင်လုမယ်
Wednesday, August 21, 2013

သြစတြေးလျနိုင်ငံမှာ စက်တင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်
ပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေ ခေတ္တရပ်နားပြီး အဓိကနိုင်ငံရေး ပါတီ
နှစ်ခုရဲ့ ခေါင်းဆောင်တွေ ဒုတိယအကြိမ် စကားနိုင်လုပွဲ ပြုလုပ်ကြမှာ
 ဖြစ်ပါတယ်။

ဒီညနေမှာ ပြုလုပ်မယ့် စကားနိုင်လုပွဲအတွက် ဝန်ကြီးချုပ် ကယ်ဗင်ရဒ်က မဲဆွယ်စည်းရုံးမှုတွေ ရပ်တန့်ပြီး ပြင်ဆင်မှုတွေ လုပ်နေသလို အတိုက်အခံ
ပါတီခေါင်းဆောင် တိုနီအာဘော့တ်ရဲ့ လက်အောက်ငယ်သားတွေကလည်း သူတို့ရဲ့ ခေါင်းဆောင်ကို ပါတီရဲ့ ပေါ်လစီအကြောင်း၊ စီးပွားရေးအကြောင်း
တွေကို အတတ်နိုင်ဆုံး အတိုချုပ် ပြောပြနေကြပါတယ်။

ရွေးကောက်ပွဲမကျင်းပခင် နှစ်ဖက်ခေါင်းဆောင်တွေ လေးကြိမ် စကားနိုင်
လုကြဖို့ ဝန်ကြီးချုပ်က စိန်ခေါ်ထားပြီး စီးပွားရေးနဲ့ ပတ်သက်တဲ့ စကားနိုင်
လုပွဲကိုတော့ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ ပြုလုပ်နိုင်တယ်လို့ အတိုက်အခံပါတီခေါင်းဆောင်ကို စိန်ခေါ်ထားပါတယ်။

အတိုက်အခံပါတီကတော့ စိန်ခေါ်မှုတွေကို မတုန့်ပြန်သေးပေမယ့် တတိယအကြိမ်မြောက်ပြုလုပ်မယ့် စကားနိုင်လုပွဲကိုတော့ ဆစ်ဒနီမြို့မှာ
 ပြုလုပ်မယ်လို့တော့ ပြောခဲ့ပါတယ်။

ဒီညမှာ ပြုလုပ်မယ့် ဒုတိယအကြိမ်မြောက် စကားနိုင်လုပွဲကို သြစတြေး
လျနိုင်ငံမြောက်ပိုင်း ကွင်းစလန်းပြည်နယ် Brisbane မြို့မှာ ပြုလုပ်မှာဖြစ်ပြီး သတင်းသမားတွေရဲ့ မေးခွန်းတွေကို ခေါင်းဆောင်နှစ်ဦး ဖြေရှင်းရမယ့်အပြင် ဒီရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးမလဲဆိုတာကို မဆုံးဖြတ်ရသေး
တဲ့ ပြည်သူ အယောက် ၁၀၀ ကနေ ခေါင်းဆောင်နှစ်ဦးကို မေးခွန်းမေးခွင့်
ရမှာဖြစ်တဲ့အတွက် အဖြေကောင်းတွေ ဖြေဖို့ ပြင်ဆင်နေကြတဲ့အကြောင်း 
အေဘီစီသတင်းထောက် Anna Henderson က သတင်းပေးပို့ထားပါတယ်။

ပထမအကြိမ် ပြုလုပ်တဲ့ စကားနိုင်လုပွဲမှာ နှစ်ဖက်စလုံးက သူတို့ အသာရတယ်လို့ ပြောဆိုကြပေမယ့် လေ့လာသုံးသပ်သူတွေကတော့ ဘယ်သူမှ မနိုင်ဘူးလို့ သုံးသပ်ထားပါတယ်။

အတိုက်အခံဖက်က သူတို့ရဲ့ ပေါ်လစီကောင်းကိုသာ ပြောပေမယ့် ဒီအပေါ် ဘယ်လို လုပ်ဆောင်မလဲဆိုတာ အသေးစိတ်မပြောနိုင်တဲ့အပေါ် အားနည်း
ချက်လို့ မြင်ကြပြီး ဝန်ကြီးချုပ်ဖက်ကလည်း တချို့မေးခွန်းတွေ ဖြေဆိုတဲ့
အခါ ကောင်းမွန်မှုမရှိဘူးလို့ ပြောပြီး ဘယ်သူမှ မနိုင်ဘူးလို့ သုံးသပ်ကြ
တာဖြစ်ပါတယ်။

ABC
သြစတြေးလျနိုင်ငံမှာ စက်တင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးတွေ ခေတ္တရပ်နားပြီး အဓိကနိုင်ငံရေး ပါတီနှစ်ခုရဲ့ ခေါင်းဆောင်တွေ ဒုတိယအကြိမ် စကားနိုင် လုပွဲ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

ဒီညနေမှာ ပြုလုပ်မယ့် စကားနိုင်လုပွဲအတွက် ဝန်ကြီးချုပ် ကယ်ဗင်ရဒ်က မဲဆွယ်စည်းရုံးမှုတွေ ရပ်တန့် ပြီး ပြင်ဆင်မှုတွေ လုပ်နေသလို အတိုက်အခံပါတီခေါင်းဆောင် တိုနီအာဘော့တ်ရဲ့ လက်အောက် ငယ်သားတွေကလည်း သူတို့ရဲ့ ခေါင်းဆောင်ကို ပါတီရဲ့ ပေါ်လစီအကြောင်း၊ စီးပွားရေးအကြောင်းတွေကို အတတ်နိုင်ဆုံး အတိုချုပ် ပြောပြနေကြပါတယ်။

ရွေးကောက်ပွဲမကျင်းပခင် နှစ်ဖက်ခေါင်းဆောင်တွေ လေးကြိမ် စကားနိုင်လုကြဖို့ ဝန်ကြီးချုပ်က စိန်ခေါ် ထားပြီး စီးပွားရေးနဲ့ ပတ်သက်တဲ့ စကားနိုင်လုပွဲကိုတော့ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာ မှာ ပြုလုပ်နိုင် တယ်လို့ အတိုက်အခံပါတီခေါင်းဆောင်ကို စိန်ခေါ်ထားပါတယ်။

အတိုက်အခံပါတီကတော့ စိန်ခေါ်မှုတွေကို မတုန့်ပြန်သေးပေမယ့် တတိယအကြိမ်မြောက်ပြုလုပ်မယ့် စကားနိုင်လုပွဲကိုတော့ ဆစ်ဒနီမြို့မှာ ပြုလုပ်မယ်လို့တော့ ပြောခဲ့ပါတယ်။

ဒီညမှာ ပြုလုပ်မယ့် ဒုတိယအကြိမ်မြောက် စကားနိုင်လုပွဲကို သြစတြေး လျနိုင်ငံမြောက်ပိုင်း ကွင်းစလန်းပြည် နယ် Brisbane မြို့မှာ ပြုလုပ်မှာဖြစ်ပြီး သတင်းသမားတွေ ရဲ့ မေးခွန်းတွေ ကို ခေါင်းဆောင်နှစ်ဦး ဖြေရှင်းရမယ့်အပြင် ဒီရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးမလဲဆိုတာကို မဆုံးဖြတ်ရသေးတဲ့ ပြည်သူ အယောက် ၁၀၀ ကနေ ခေါင်းဆောင်နှစ်ဦးကို မေးခွန်းမေးခွင့် ရမှာဖြစ်တဲ့အတွက် အဖြေကောင်းတွေ ဖြေဖို့ ပြင်ဆင်နေကြတဲ့အကြောင်း အေဘီစီသတင်းထောက် Anna Henderson က သတင်းပေးပို့ထားပါတယ်။

ပထမအကြိမ် ပြုလုပ်တဲ့ စကားနိုင်လုပွဲမှာ နှစ်ဖက်စလုံးက သူတို့ အသာရတယ်လို့ ပြော ဆိုကြပေ မယ့် လေ့လာသုံးသပ်သူတွေကတော့ ဘယ်သူမှ မနိုင်ဘူးလို့ သုံးသပ်ထားပါတယ်။

အတိုက်အခံဖက်က သူတို့ရဲ့ ပေါ်လစီကောင်းကိုသာ ပြောပေမယ့် ဒီအပေါ် ဘယ်လို လုပ်ဆောင် မလဲဆိုတာ အသေးစိတ်မပြောနိုင်တဲ့အပေါ် အားနည်းချက်လို့ မြင်ကြပြီး ဝန်ကြီးချုပ်ဖက်ကလည်း တချို့မေး ခွန်းတွေ ဖြေဆိုတဲ့အခါ ကောင်းမွန်မှုမရှိဘူးလို့ ပြောပြီး ဘယ်သူမှ မနိုင်ဘူးလို့ သုံးသပ်ကြ တာဖြစ်ပါတယ်။

ABC

0 comments to “၀န်ကြီးချုပ်နဲ့အတိုက်အခံ ခေါင်းဆောင် ဒုတိယအကြိမ် စကားနိုင်လုမယ် ”

Post a Comment