Monday, August 5, 2013

ရန်ပွဲဖြစ်ခဲ့ကြတဲ့ နေပြည်တော်အသင်းနဲ့  ၇န်ကုန်ယူနိုက်တက်အသင်း တို့ရဲ့ ကြားဖြတ်သတင်း

,
ဒီနေ့ ညနေ ကန်တဲ့ နေပြည်တော်အသင်းနဲ့ ၇န်ကုန်ယူနိုက်တက်အသင်း
တို့ ပွဲစဉ်သတင်း များကိုစုစည်းဖော်ပြလိုက်ပါတယ်...
------------------------------------------------------------------------
MNL ပွဲစဉ် ၂၂ ထဲမှ ပွဲတစ်ပွဲဖြစ်သည့် နေပြည်တော်နှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့၏ ပွဲကို သြဂုတ် ၄ ၇က် ညနေ ၆ နာရီ၌ နေပြည်တော်တွင် ကျင်းပပြုလုပ်နေလျက်ရှိရာ ယခုအခါ ရုန်းရင်းဆန်ခတ်   ဖြစ်ပွားမှု များကြောင့်  ပွဲကို ခေတ္တရပ်နားထားကြောင်း သိရသည်။


နေပြည်တော်နှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားနေသည့်ပွဲမှာရုန်းရင်းဆန်ခတ် မှုများကြောင့် ပြိုင်ပွဲ ကျင်းပရေး တာဝန်ရှိသူများက ယင်းပွဲကို ဆက်လက်ကစားရန် မသင့်တော့သည့် အတွက် ရပ်ဆိုင်း ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ မူလက ယင်းပွဲအပြီးတွင် ပြုလုပ်မည့် ယခုနှစ် MNL  အမှတ်ပေးလိဂ် ပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ပွဲရပ်နား ထားချိန်တွင် ပွဲချိန်မှာ ၃၇ မိနစ်ရှိပြီဖြစ်ပြီး ရန်ကုန်အသင်း တိုက်စစ်မှူး ဆီဇာ၏ အငြင်းပွားဖွယ် ပယ်နယ် တီဖြင့် ရန်ကုန်ယူနိုက်တက် အသင်းက (၁-၀) ဂိုးဖြင့် အနိုင်ရရှိနေကြောင်း သိရသည်။ ယင်းပွဲ အား မည်သည့်နေ့ရက်တွင် ပြန်လည်ကစားမည် ဆိုသည်ကို လောလောဆယ် မသိရှိရသေးဘဲ နောက်ဆက်တွဲ သတင်းများကို ဆက်လက်ဖော်ပြသွားပါမည်။

(Eleven Media Group )
--------------------------------------------------------------------
ယနေ့  သြဂုတ်လ ညနေ (၆း၀၀) နာရီ အချိန်တွင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိ ကွင်း တွင် ယှဉ်ပြိုင်က စားသော နေပြည်တော် အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်း တို့  ၏ ပွဲ စဉ် တွင် နေပြည်တော် အသင်း များ မှာ အားပေးရာတွင် လွန်လွန်ကျူးကျူး ဖြစ်ခဲ့ သည် အစပိုင်းတွင် ကွင်းအတွင်း  သို့ ရေဗူးများ ပစ်ပေါက်ခဲ့ သည်။ နောက်ပိုင်းတွင် ရန်ကုန် ကစားသမား တစ်ဦး အား နေပြည်တော် ကစားသမား တစ်ဦး မှ မျက်နှာ အား ခြေထောက်နှင့် ကန်လိုက်ပြီးေ နာက်ပိုင်းတွင် နေပြည်တော်အသင်း အားပေးသူ ပရိတ် သတ်များ သည် ပွဲကြည့်စင်ပေါ်မှာ ကွင်းအတွင်းသို့ ခုန်ဆင်းပြီး ရန်ကုန်အသင်းကစားသမား နှင့် အသင်း တာဝန် ရှိသူများ အား လက်သီးဖြင့်ထိုးခြင်း ခုံဟုယူဆရသော ဖိုက်ပါခုံ ဖြင့် ပစ်ပေါက်ခြင်း တို့ များ ဖြစ်ပေါ်ခဲ့ပါသည်။ ထိုဖြစ်စဉ် ဖြစ်ပွားနေချိန် တွင် ကွင်း အတွင်း နှင့် ပွဲကြည့်စဉ် အတွင်း တို့ တွင် လုံခြုံရေး ရဲ များ မရှိနေသည် ကို တွေ့ ရှိရပါသည်။ ထို့ ကြောင့် နောင်ကျင်းပမည့် 2013 အရှေ့ တောင် အာရှ အား ကစားပြိုင်ပွဲ အား လက်ခံကျင်းပမည့်ကွင်းတွင် ယခုလို ဖြစ်သည် မှာ လုံခြုံရေးပေါ့ရော့ မှု ကြောင့် ဟုတ် သုံးသပ်မိပါသည်။ ယခုလို ပဋိပက္ခ ဖြစ်ပွားမှု ကြောင့်ပွဲ အားရပ်တန့် လိုက်ရကြောင်း ထိုနေ ရာ သို့ ရောက်ရှိနေသော Myanmar News International သတင်းထောက်မှ သတင်းပေး ပို့ ထား ပါသည်။

From: ( Myanmar News International )

0 comments to “ရန်ပွဲဖြစ်ခဲ့ကြတဲ့ နေပြည်တော်အသင်းနဲ့  ၇န်ကုန်ယူနိုက်တက်အသင်း တို့ရဲ့ ကြားဖြတ်သတင်း”

Post a Comment