Monday, August 5, 2013

ကျင့်ဝတ်နှင့်မညီသော ကျောင်းဆရာမအား တာဝန်မှထုတ်ပယ်၍ ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် မိဘများက သမ္မတထံတိုင်ကြား

,
Sunday, August 4, 2013

ဆရာ့ကျင့် ဝတ်နှင့်မညီသော ကျောင်းဆရာ မအား ဆရာမတာဝန်မှ ထုတ် ပယ်၍ ဥပဒေအရအရေးယူဆောင် ရွက်ပေးပါရန် ကျောင်းသားမိဘမှ သမ္မတအပါအဝင်နေရာ ၁၅နေ ရာသို့တိုင်ကြားမှုများ ပြုလုပ်ထား ကြောင်း ကျောင်းသားမိဘထံမှ သိရသည်။
အင်းစိန်မြို့နယ် အမက(၂) မူလတန်းကျောင်းတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့်ဆ ရာမအား ကျောင်းမှထုတ်ပယ် ပေးပါရန် ဇူလိုင် ၁၈ရက်မှစတင် ကာ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသားမိဘက ပြောသည်။
တိုင်ကြားခဲ့သည့်ကျောင်းသားမိဘဦးညီညီက''ခုလို နေရာ တွေအများကြီးကိုတိုင်ရတာက အောက်ခြေရဲ့အရေးယူတာ ပေါ့ လျော့တာရယ်၊ ယုံကြည်စိတ်ချမှု မရှိရတာရယ်တွေကြောင့် ဖြစ်ပါ တယ်။ အင်းစိန်မြို့နယ် ပညာရေး မှူးက လာပြီးစစ်ဆေးနေတယ်လို့ တော့ သိရပါတယ်။ ကလေးကို လဲ အခုအခန်းပြောင်းပေးထားရ ပါတယ်''ဟုပြောသည်။
ယင်းမှဆက်လက်၍ ဆရာ မထံတွင် ကျူရှင်တက်ရမည်ဆို ခြင်းကြောင့် ဇွန် ၁ရက်မှစတင် ကာ အဆိုပါဆရာမထံတွင် ကျူ ရှင်အား တစ်လ ကျပ် ၅ဝဝဝဖြင့် ထားခဲ့ကြောင်း၊ ကျူရှင်မှ သင် ကြားသည့်စာများနှင့်ပတ်သက် ၍ အိမ်ရောက်တိုင်း ပြန်လည် စစ်ဆေးသည့်အခါ မှားယွင်းလွဲ ချော်မှုများတွေ့နေရသောကြောင့် ယင်းဆရာမထံ သွားရောက်မေး မြန်းသောအခါ သင်ကြားဖြေကြားသည့်အဖြေမှာကလေးစာအုပ်တွင်ဖြေကြားထားသောအ ဖြေများနှင့်တူညီနေသော်လည်း အခြားအတန်းတူဆရာများအား လုံး၏အဖြေများနှင့်မတူညီဘဲ မှားယွင်းကွာခြားနေကြောင်း တွေ့ ရသည့်အတွက် ကျူရှင်ဆက် လက်မထားရှိတော့ကြောင်း၊ ယင်း ကြောင့် ဆရာမမှ ကလေးအား အမျိုးမျိုး စိတ်ဒုက္ခပေးခဲ့ကြောင်း ပြောသည်။
ယင်းဆရာမကလည်း တိုင် ချင်သည့်နေရာ တိုင်ကြားမှုပြု လုပ်နိုင်ကြောင်း၊ ပညာရေးမှူး လည်း ဂရုမစိုက်ကြောင်း၊ ဒီထက် ကြီးမားသည့် ပြဿနာများပင် ဖြေရှင်းခဲ့ကြောင်း၊ မည်သည့်ပုံစံ နှင့်မှ အလုပ်ထုတ်၍မရကြောင်း၊ ငွေရှိပါက အကုန်လုပ်၍ဖြစ်နိုင် ကြောင်းပြောကြားခဲ့သည်ဟု ကျောင်း တိုင်ကြားစာအရ သိရသည်။
အမက(၂)မူလတန်း ကျောင်းမှ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်ခင်ညွန့်လွင်က ''ဆရာ မကြီးရော ဆရာမတွေကိုပါ သက် ဆိုင်ရာ ဆရာကြီးတွေလာရောက် စစ်ဆေးနေပါတယ်။ ဒီပြဿနာ နဲ့ ပတ်သက်ပြီး ဆရာမကြီးက တော့ ကျောင်းအုပ်တစ်ဦး ဖြစ်တဲ့ အတွက် တာဝန်အရပြောခွင့်မရှိ ပါဘူး''ဟုပြောသည်။
အင်းစိန်မြို့နယ် ပညာရေး မှူးဦးတင်လှိုင်က ''ကျွန်တော် ပညာရေးမှူးအနေနဲ့ ဇူလိုင် ၂၅ ရက်မှာ ကျောင်းကဆရာမအား လုံးကို စစ်ဆေးပြီးပါပြီ။ စစ်ဆေး ချက်ရလဒ်ကိုလဲ သက်ဆိုင်ရာဝန် ကြီးဌာနအသီးသီးကို တင်ပြီးပါ ပြီ။ စစ်ဆေးချက်ရလဒ်အပိုင်း တွေ၊ ဌာနဆိုင်ရာတင်တဲ့နေ့တွေ ကိုတော့ ဝန်ထမ်းစည်းမျဉ်းနဲ့ လုပ် ဆောင်ရတာဖြစ်တဲ့အတွက် တာ ဝန်အရ ပြောခွင့်မရှိပါဘူး''ဟု ပြောသည်။

FROM-YANGON MEDIA

0 comments to “ကျင့်ဝတ်နှင့်မညီသော ကျောင်းဆရာမအား တာဝန်မှထုတ်ပယ်၍ ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် မိဘများက သမ္မတထံတိုင်ကြား”

Post a Comment