Tuesday, August 6, 2013

အစၥလာမ္ဘာသာမွ ရုန်းထွက်ရင် သတ်ပစ်ရမယ်ဆိုတဲ့ တားမြစ်ချက်သာ မရှိခဲ့ဘူးဆိုရင်

,
" အစ္စလာမ်ဘာသာမှ ရုန်းထွက်ရင် သတ်ပစ်ရမယ်ဆိုတဲ့ တားမြစ်ချက်သာ မရှိခဲ့ဘူးဆိုရင် ၊ ယနေ့ ကမ္ဘာပေါ်မှာ အစ္စလာမ်ဘာသာ ဆိုတာ ၊ မရှိနိုင်တော့ဘူး။ "


Yusuf_Al_ Qaradawi ( ဆွန်နီအစ္စလာမ် ဘာသာရေးခေါင်းဆောင် )

----- ----- ----- ----- -----
အစ္စလမ် ( နိုင်ငံရေး ရောထွေးသော ဘာသာ Politicized Religion )
----- ----- ----- ----- -----

ဘာသာရေး အများစုမှာ နိုင်ငံရေး ရောယှက်ခြင်းကို အားမပေးကြပါ။

သို့သော် အစ္စလမ်ဘာသာသည် ဘာသာပြန့်ပွားခြင်း ဘာသာစိုးမိုးခြင်းကို ဦးစားပေးသော ဘာသာဖြစ်သဖြင့် နိုင်ငံရေးစိုးမိုးသော တခုတည်းသော ဘာသာဟု ဆိုနိုင်ပါသည်။

ဘယ်ဘာသာမှာ ဘုန်းတြော်ကီးများ တိုင်းပြည်အုပ်ချုပ်နေတာ ရှိပါသလဲ။

အီရန်နိုင်ငံနိုင်ငံမှာ မွတ်စလင်တရားဟောဆရာကြီးများသည် သက်ဦးဆံပိုင် အာဏာရှင်များဖြစ်၍ အာရာတိုလာရပ်ဆင်ဂျာနီဆိုလျှင် သမ္မတ နှစ်ခါ လုပ်လိုက်သေးသည်။

ဆော်ဒီတွင် ၀ဟာဗီ တရားရေးဆရာကြီးများက ဆော့ဒ်မျိုးဆက် ဘုရင်အဆက်ဆက်ကို အားပေးထောက်ခံရင်း အလွန်တင်းကြပ် အစွန်းရောက်သော ၀ဟာဗီ (Wahhabi) ဘာသာရေး အယူဝါဒကို ဓါးမိုးကာ ထန်းသိမ်းခဲ့သည်။

ထို့ပြင် တကမ္ဘာလုံး၌ ရေနံဒေါ်လာ သုံး၍ ၀ဟာဗီအတွေးအခေါ်ကို ဖြန့်ခဲ့သည်။

တကမ္ဘာလုံး၌ ဆော်ဒီရေနံဒေါ်လာများဖြင့် ပလီတွေ အနှံ့ ဆောက်လျှက်ရှိသည်။

အဆိုးဆုံး ဥပမာမှာ အာဖကန်၌ တာလီဖန်တွေကြီးဆိုးစဉ်က မိုလာအိုမာသည် သက်ဦးဆံပိုင် အာဏါရှင်အဖြစ် အုပ်ချုပ်ရုံမက ၎င်း၏အမိန့်နှင့် နှစ်ပေါင်း ၂၀၀၀ ကျော်တည်ရှိခဲ့သော ဗုဒ္ဓရုပ်ပွားတော်များကို မိုက်မိုက်ကန်းကန်း ဒိုက်နမိုက်ဖြင့် ဖျက်စီးခဲ့ကြသည်။

ဘာသာရေးပုလိပ် များက မိန်းကလေးများကို လိုက်ရိုက်နှိပ်ကွပ်ကြသည်မှာလည်း အာဖကန်က ဆော်ဒီပုံစံ ပုံဖေါ်ခြင်းသာဖြစ်သည်။

တကယ်တော့ အစ္စလမ်ဘာသာသည် အစ္စလမ်ဘာသာရေးဆရာတွေ ပြောတာနားထောင်၊ အားလုံးလိုက်နာ၊ မလိုက်နာလျှင် သတ်မည်ဖြတ်မည်၊ လည်လှီးမည်ဆိုသော (အဓမ္မ) ဘာသာဖြစ်သည်ဆိုသည်ကို မည်သူမှ မငြင်းနိုင်ပါ။

ယနေ့ အီဂျစ်နိုင်ငံတွင် အာါဏါရရှိလျှက်ရှိသော Muslim Brotherhood ကို စတည်တည်ထောင်ခဲ့သူသည် ဒုတိယကမ္ဘာစစ်အတွင်းက ၀င်ရိုးတန်းနိုင်ငံများနှင့် မဟာမိတ်ပြုခဲ့ရုံမက ဟစ်တလာနှင့်အတူ နာဇီယူနီ ဖေါင်းဝတ်၍ ၀င့်ကြွားခဲ့ဖူးသည်။

နာဇီတွေ ယုံတာက အာဏါရှင်စနစ်၊ အစ္စလမ်ဘာသာ ကျင့်သုံးတာကလည်း အာဏါရှင်စနစ် သူတော်ချင်းချင်း သတင်းလွေ့လွေ့ လာပေါင်းမိနေကြပါသည်။

အဓိက အရေးအကြီးသော အချက်မှာ ဘာသာရေး နှင့် နိုင်ငံရေးကို ခွဲခြားထားနိုင်ရေးဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် ဘာသာရေးကို နိုင်ငံရေးတွင် ဆွဲသွင်းလာလျှင် ရှု့ပ်ထွေးလာနိုင်သောကြောင့် ဖြစ်ပေသည်။


( ဘိုဘိုကျော်ငြိမ်း )

0 comments to “အစ္စလာမ်ဘာသာမှ ရုန်းထွက်ရင် သတ်ပစ်ရမယ်ဆိုတဲ့ တားမြစ်ချက်သာ မရှိခဲ့ဘူးဆိုရင်”

Post a Comment