Tuesday, August 6, 2013

----- ----- ----- လူမိုက်တွေစွာ၊ အချောင်သမား လူလိမ်တွေ ရမ်းကားနေတဲ့ ဒီမိုကရေစီခေတ် ----- ----- -----

,


ဒီမိုကရေစီခေတ်မှာ " မီဒီယာနဲ့ အခြေအနေကို ကာဘာယူပြီး လုပ်စားတတ်သူတွေ " ဆိုတဲ့ လူတန်းစား ပေါ်နေပြီ !!!

They don't know Democracy value. They move toward Anarchy.

ကိုယ့်လုပ်တဲ့ အလုပ်တိုင်းကို တာဝန်ယူတတ်တဲ့၊ တာဝန်သိတတ်တဲ့ စိတ်ဓာတ်သည် ဒီမိုကရေစီစနစ်၏ အနှစ်သာရပါ။

ဒီမိုကရေစီ ချည်း နင်းကန်အော်နေပြီး ပါးစပ်က ကွမ်းတံတွေး တစ်ပျစ်ပျစ် တွေ့ကရာ လိုက်ထွေးနေရင် မဟုတ်သေးပါဘူး။

အပျက်ပျက်နဲ့  နှာခေါင်းသွေးထွက် ရင် ကျွန်တော်တို့ နိုင်ငံ ၊ ကျွန်တော်တို့ လူမျိုး ၊ ကျွန်တော်တို့ တွေဘဲ ခံရမှာ။

ဘေးကဆိုင်းတီးနေတဲ့ ၊ ကျွန်တော်တို့ကို ပျက်ရာပျက်ကြောင်း ဖြစ်စေချင်တဲ့ ၊ သူတွေက လက်ခုပ်တီးပြီး ပျော်နေမှာပါ။

ခု ခင်ဗျားတို့ အချောင်သမား လူလိမ် လူမိုက်တွေ အော်နေတာက " ဒီမိုကရေစီ " ၊ လုပ်ပုံက " ကွန်မြူနစ် "

နိုင်ငံရေး အမြတ်ထုတ်ချင်တဲ့ သူတွေက ၀ိုင်းမြှောက်ပေး

ကျောင်းသားအဖေ အရွယ်တွေက ၊ ကျောင်းသားသမဂ္ဂ ဆိုပြီး ပလက်ဖောင်းရှာ ၊ လုပ်ချင်တာ လုပ်

ခွပ်ဒေါင်းတွေပါ ဒေါင်းဆိုတာ ခွပ်ရမယ် ဘာညာလျှောက်ပြော ... ခံရတော့ ပြည်သူတွေ။

ပြောလိုက်တော့ တိုင်းပြည်ကောင်းစားရေး ၊ လုပ်နေတာက တိုင်းပြည် မွဲဆေးဖော်ရေး။

ပြည်သူတွေရဲ့  ရေချိန်ကိုကြည့်ပါဗျာ။ ဖြစ်သင့် ဖြစ်ထိုက်တာကိုသာ တွန်းကြပါ။

မဖြစ်နိုင်သေးတာကို မဖြစ်နိုင်သေးကြောင်း အသိအမှတ်ပြု လက်ခံရန်၊ ဦးတည်ချက်ကို တဖြည်းဖြည်းချင်း (စိတ်ခံစားချက်များ ရှေ့တန်း မတင်ပဲ) ဆောင်ရွက်နိုင်မှသာ ပွတ်တိုက်မှုနဲနဲဖြင့် အောင်မြင်နိုင်သည့် အခွင့်အလမ်းများ ရမှာပါ။

ဒီနေ့ထိ ခင်ဗျာတို့ အတွေးကြီးက " ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပစ္စုပါန်နဲ့ ၊ အနာဂတ် ပျောက်နေပြီး ၊ အတိတ်မှာဘဲ ရေသောက် ၊ ဗိုက်မှောက်နေရမဲ့ လူပိန်းကြိုက် ၊ အလကား ၊ အချောင်သမား အတွေးကြီးပါဗျာ။ အဲ့ဒါကြီးကို ရပ်ကြပါတော့။ "

နိုင်ငံတော် အစိုးရအနေနဲ့လည်း အချောင်သမား လူလိမ် လူမိုက်တွေကို ဒီအတိုင်း လွှတ်မထားပဲ ၊ နိုင်ငံတော် နှင့် ပြည်သူလူထု အကျိုး မျှော်ကိုးကာ ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့  တောင်းဆိုလိုက်ပါတယ်။

0 comments to “ ----- ----- ----- လူမိုက်တွေစွာ၊ အချောင်သမား လူလိမ်တွေ ရမ်းကားနေတဲ့ ဒီမိုကရေစီခေတ် ----- ----- ----- ”

Post a Comment