Friday, August 16, 2013

နာနို နည်းပညာသုံး တိုက်ခိုက်ရေး ယာဉ်များကို ၂ဝ၁၅ ခုနှစ်တွင် ရုရှားစစ်ဘက် လက်ခံရရှိမည်

,
မော်စကို သြဂုတ် ၁၃
ရုရှားနိုင်ငံ ကုမ္ပဏီတစ်ခုက ထုတ်လုပ်သော နာနိုနည်းပညာသုံး အပေါ့စား တိုက်ခိုက်ရေး ယာဉ်များကို ရုရှား စစ်ဘက်နှင့် ရဲတပ်ဖွဲ့တို့ ထံသို့ ၂ဝ၁၅ ခုနှစ် နောက်ဆုံးထား၍ ပေးအပ်သွားဖြစ်ကြောင်း Izvestia သတင်း စာက သြဂုတ် ၁၃ ရက်က ဖော်ပြခဲ့သည်။
အဆိုပါ တိုက်ခိုက်ရေးယာဉ် ကိုယ်ထည်ပြားများကို ကျည်ကာ အကျ င်္ီပြုလုပ်ရာတွင် ထည့်သွင်း အသုံးပြုသော boron carbide အမှုန့်ကို အသုံးပြု၍ ထုတ်လုပ်တပ်ဆင် သွားမည်ဖြစ်ပြီး အဆိုပါ ကိုယ်ထည်ပြားများသည် လက်ရှိ ကိုယ်ထည်ပြားများထက် လေးဆ ပိုမိုပေါ့ပါး ကြောင်း သိရ သည်။
အဆိုပါ တိုက်ခိုက်ရေး ယာဉ်များ၏ စွမ်းဆောင်နိုင်မှုသည် လက်ရှိ တိုက်ခိုက်ရေး ယာဉ်များ၏ စွမ်းဆောင်မှု ထက်ငါးဆမှ ခြောက်ဆအထိ ပိုမို စွမ်းဆောင်နိုင်ပြီး ဈေးနှုန်းမှာမူ လက်ရှိ တိုက်ခိုက်ရေး ယာဉ်များထက် ၂၅ ရာခိုင်နှုန်း ပိုမို နည်းပါးကြောင်း သိရှိရသည်။ ကျည်ကာ အင်္ကျီများတွင် ထည့်သွင်း အသုံးပြုသော boron carbide သည် ၇ ဒသမ ၆၂ မီလီမီတာ ကျည်ဆန်ကို ကာကွယ်နိုင်စွမ်းရှိပြီး ယခု တိုက်ခိုက်ရေး ယာဉ်များ တွင် ထည့်သွင်း အသုံးပြုမည့် ကိုယ်ထည်ပြားများသည် ၁၂ ဒသမ ၇ နှင့် ၁၄ ဒသမ ၅ မီလီမီတာ ကျည်ဆန် များကိုပါ ကာကွယ်နိုင်စွမ်း ရှိမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ဖော် ပြောကြားခဲ့သည်။
ထို့အပြင် အဆိုပါ ကိုယ်ထည်ပြားများကို တိုက်ခိုက်ရေးနှင့် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ ဖြစ်သည့် Mi-8 ရဟတ်ယာဉ် များတွင်လည်း တပ်ဆင် အသုံးပြုသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ နည်းပညာ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ရုရှား အစိုးရက အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ သန်း သုံးစွဲခဲ့ကြောင်း သိရသည်။

မြ၀တီ
http://shwenewnews.blogspot.com/

0 comments to “နာနို နည်းပညာသုံး တိုက်ခိုက်ရေး ယာဉ်များကို ၂ဝ၁၅ ခုနှစ်တွင် ရုရှားစစ်ဘက် လက်ခံရရှိမည် ”

Post a Comment