Friday, August 16, 2013

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၂)

,


မော်စကို တွင် ထုတ်ဝေသည့်
အောင်ဆန်းအတ္ထုပ္ပတ္တိ

နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားခေါင်းဆောင်တစ်ဦး ၏ အတ္ထုပ္ပတ္တိကို အခြားနိုင်ငံတစ်ခုက စာပေအက္ခရာ တင်၍ အမှတ်တရထုတ်ဝေခြင်းသည် ထိုနိုင်ငံခေါင်းဆောင်၏ အရည်အသွေး၊ သိက္ခာကိုလေး စားသော အားဖြင့် အသိအမှတ်ပြုခြင်း၊ တစ်နည်းအားဖြင့် ဂုဏ်ပြုခြင်းဖြစ်သည်ဟု ယူဆရပေမည်။
ကျွန်တော် တို့၏ အမျိုးသားခေါင်းဆောင်၊ တစ်နည်းအားဖြင့် လွတ်လပ်ရေးဗိသုကာ သခင်အောင်ဆန်း ကို လည်း ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ရုရှားဘာသာဖြင့် အတ္ထုပ္ပတ္တိတစ်အုပ်ပြုစုထုတ်ဝေခဲ့ပါ သည်။ စာအုပ် ထုတ်ဝေသည့် နှစ် မှာ ၁၉၆၅ခုနှစ်ဖြစ်ပြီး အတ္ထုပ္ပတ္တိပြုစုသည့် စာရေးဆရာမှာ "အီဂယ်ရ်မိုရှီအိကာ" ဖြစ်သည်။

ထိုစာအုပ်အမည်မှာ " အောင်ဆန်း" ဖြစ်ပြီး အခန်း ၈ ခန်းပါ ၀င်ကာ စာရေးသူ၏ အမှာ သို့မဟုတ် နိဒါန်း ပါဝင်ပြီး (ရုရှားလို "ရှေ့ပြေးခြေဆင်း" ဟု ရေးထားပါသည်။ အောင်ဆန်း၏ ဘ၀နှင့် လုပ်ငန်း ဆောင်တာ တို့တွင် အရေးကြီးသော ရက်စွဲများပါ ထည့်သွင်းထားသည်။ ကျမ်းကိုးစာရင်းလည်း မမေ့မလျော့ ပါဝင် ပါသည်။
နိဒါန်း သို့မဟုတ် ရှေ့ပြေးခြေဆင်းကို ကဗျာဆန်ဆန် "သစ်ပင်များပေါ်မှပန်းများ သို့မဟုတ် ပန်းများ ပွင့်ကြပြီ" ဟု ခေါင်းစည်းတပ်ထားပါသည်။ ကိုလိုနီလက်အောက်ခံနိုင်ငံတွေ လွတ်လပ်ရေး ရရှိကြအောင် ကြံဆောင် နိုင်ကြပြီဟု ဆိုလိုပုံရပါသည်။

အခန်း ၁ "ကိုအောင်ဆန်း" ဟု ခေါင်းစီးပေးထားပြီး ကိုအောင်ဆန်း၏ တက္ကသိုလ်ကျောင်းသားဘ၀ လှုပ်ရှားမှုများ ကို ရေးသားထားပါသည်။ ၁၉၃၂ မှ ၁၉၃၈ ခန့်အထိ ဖြစ်သည်။
အခန်း ၃မှာ "သခင်အောင်ဆန်း" ဖြစ်သည်။ ဒို့ဗမာအစ်ညးအရုံးဝင် သခင်ဘ၀။ ၁၉၃၈မှ ၁၉၄၀ခန့်ထိ။ နိုင်ငံရေးသမားဘ၀ဖြစ်စဉ်များ ဖြစ်သည်။
အခန်း ၄ မှာ "ဗိုလ်တေဇ အောင်ဆန်း" ဖြစ်၏။ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ ဟိုင်လီ သင်္ဘောနှင့် ရုပ်ဖျတ်ပြီး တရုတ်ပြည်သို့ ထွက်ခွာ။ ထို့နောက် ဂျပန်ရောက်။ ရဲဘော်သုံးကျိပ်ဝင်များ နှင့် ဂျပန်ပြည် ဟိုင်နန်ကျွန်း တွင် စစ်ပညာသင်။ ထို့နောက် ထိုင်းနိုင်ငံတွင် ဗမာ့လွတ်လပ်ရေး တပ်မတော်ဖွဲ့စည်းပုံ။ ဗိုလ်တွေဇ အမည်ရပုံ စသည်ဖြင့် ၁၉၄၀မှ ၁၉၄၁အတွင်း လှုပ်ရှားမှုများ။
အခန်း ၅မှာ "ဗိုလ်ချုပ်အောင်ဆန်း"။ ဒုတိယကမ္ဘာစစ်အတွင်းနှင့် ဗမာပြည်လွတ်လပ်ရေးတိုက်ပွဲ ကာလ။ ၁၉၄၁ မှ ၁၉၄၂ခန့်အတွင်း ဖြစ်သည်။
အခန်း ၆မှာ "ဗိုလ်ချုပ်အောင်ဆန်း" ဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေး ကြိုးပမ်းမှုကာလ ဖြစ်သည်။ ၁၉၄၂နှင့် ၁၉၄၅ခန့် ဖြစ်သည်။
အခန်း ၇မှာ "ဦးအောင်ဆန်း"။ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး တောင်းဆိုကြိုးပမ်းစဉ်ကာလ၊ တိုင်းရင်းသား စည်းလုံးရေးကာလ၊ ပင်လုံစာချုပ်စသည်ဖြင့် ၁၉၄၆ မှ ၁၉၄၇ကာလ လှုပ်ရှားမှုများ ဖြစ်သည်။
အခန်း ၈မှာ "အောင်ဆန်းသေဆုံးခြင်း" ဖြစ်သည်။ သည်အခန်းတွင် ဗိုလ်ချုပ်နှင့်အာဇာနည် ခေါင်းဆောင် များ လုပ်ကြံခံရသော ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ရက် အဖြစ်အပျက်များ ဖြစ်သည်။

အောင်ဆန်းအတ္ထုပ္ပတ္တိစာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော ဓာတ်ပုံများကိုလည်း ဖော်ပြ ထားသည်။ ဓာတ်ပုံပေါင်း ၁၅ပုံနှင့် အောင်ဆန်း၏ အင်္ဂလိပ်ဘာသာလက်ရေးမူ တစ်ပုံကို လည်း ထည့်သွင်းထားသည်။ ထိုပုံများထဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အင်္ဂလိပ်ဝန်ကြီးချုပ် အက်တလီ တို့ ပူးတွဲပုံ မှာ သမိုင်းစာနှင့်အတူ ထူးခြားသည်။ (စာ-၁၉၂) လက်ရေးမူမှာလည်း ၁၉၄၄ခုနှစ်က ရေးသားခဲ့ပြီး "ငါတို့ အမျိုးသား လွတ်လပ်ရေးအတွက် အောင်ပွဲမရမရချင်း ဆက်တိုက်ရမည်" ဆိုသော ပြည်သူသို့ ပြောကြား သည့် မိန့်ခွန်းစာ ဖြစ်သည်။ (စာ-၁၆၀)
ရုရှားလို ရေးသားထားသော အောင်ဆန်းအတ္ထုပ္ပတ္တိမှာ အတော် ပြည့်စုံသည်ဟု ဆိုရမည်။ မွေးဖွား စဥင်္မှာ သေဆုံးချိန် အထိ အောင်ဆန်း ၏ မြန်မာပြည်လွတ်လပ်ရေးအတွက် ပုံဖော်ထုသွန်းခဲ့ပုံများကို တွေ့ရ ပေမည်။

မှတ်ချက်
ဤရုရှားဘာသာစာအုပ်ကို ငှားရမ်းပေးခဲ့သော ဆရာမဒေါ်ခင်နှင်းဦးအားလည်းကောင်း၊ ရုရှား ဘာသာမှ မြန်မာဘာသာ သို့ သိလိုသမျှ ပြန်ဆိုပေးသော ရုရှား၌ သိပ္ပံဒေါက်တာဘွဲ့ (Ph.D) ယူခဲ့ သော ဆရာဦးကျော်သိန်းထွေး အားလည်းကောင်း ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်အပ် ပါသည်။

PROBLEMS FOR BURMA'S FREEDOM
Comrades

    We have come here today as delegates of the nation to join in this momentous assembly. It is meet that we have gathered like this, for this is the one infallible way that mankind in its pristine wisdom has taken to itself for the solution of any question before it ever since the days of ancient tribal assemblies. It is also appropriate and indeed auspicious that we have assembled ourselves at a place hallowed in our history. Here, on this height, under whose shadow we are meeting, stands the majestic Shwedagon Pagoda  which is the standing monument of our nation's labour of love, the shrine and refuge of our nation's deathless hopes and boundless inspirations, the gigantic feat of human creation chiselled out of hoary legion, reflecting, in its golden beauty, mortal man's tireless striving after the infinite and the absolute. Here, before us, lines the rolling heath; over its expanse, several years ago, great events rumbled loud and long, and scarred its face not too gently at times and made it what it has been to this day-a consecrated land revered by our nation. Here, great men of our history came in days of yore and offered to dedicate themselves to the service of the nation. Here, in short, our history might be said to have germinated as it had in the other noted region of our country, Tagaung, and had, phoenix-like, resurrections several times again!
ဗမာ့လွတ်လပ်ရေးပြဿနာများ
(၁၉၄၆-ခု၊ဇန်န၀ါရီလ ၂၀ ရက်၊ ဖဆပလ မထမကွန်ဂရက်တွင် ပြောကြားသော ဥက္ကဌမိန့်ခွန်း)
ဗိုလ်ချုပ်အောင်ဆန်း

ဘာမားချဲလင်းခ်ျ စာအုပ် နှင့် ပတ်သက်၍ အောက်ပါကူးယူဖော်ပြထားသော ဗိုလ်ချုပ်အောင်ဆန်း၏စာမှာ ၁၉၄၆ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်၊ ရွှေတိဂုံဘုရားအလယ်ပစ္စယံတွင် ကျင်းပသော ဖဆပလ ပထမ ကွန်ဂရက် တွင် ပြောကြားသော ဗိုလ်ချုပ်၏မိန့်ခွန်းဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် သူ့မိန့်ခွန်းများကို အင်္ဂလိပ်လို ရေးသားခဲ့သည်ချည်းဖြစ်သည်။ ထိုမိန့်ခွန်းများကို ၁၉၄၆ ခုနှစ်ကပင် Burma's Challenge by Aung San ဆိုပြီး စာအုပ်ထုတ်ဝေ ကာ ကျော်ကြား ထင်ရှား ခဲ့သည်။

ထို' ဘားမားချဲလင့်ခ်ျ ' စာအုပ်ကို ၁၉၆၈ မတ်လတွင် တစ်သက်တာစာပေတိုက်မှ ပြန်လည်ထုတ် ဝေပြီး အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ထွက်ရှိခဲ့၏။ ဗိုလ်ချုပ်ရေးသားခဲ့သော အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာ သို့ ပြန်ဆိုခဲ့သူမှာ (ဦး) မြစိန် ဖြစ်ပါသည်။
ထိုဘားမားချဲလင့်ခ်ျ စာအုပ်တွင် ' တော်လှန်ရေး ' (The Resistance Movement)၊ ဗမာ့လွတ်လပ် ရေး ပြဿနာ များ (Problems for Burma's Freedom) ၊ ဗြိတိသျှနယ်ချဲ့ စနစ်အားဝေဖန်ရေး (Critique on British-Imperialism) အိန္ဒယပြည်အား ကြိုဆိုပါ၏ (welcome-India) အခြေအနေ နှင့် လုပ်ငန်းစဉ် (The situation and tasks) အင်္ဂလိပ်မြန်မာ ကပြားများသို့ (Au address to the anglo –burmans) စသော မိန့်ခွန်း ၆ ပုဒ် ပါဝင်ပါသည်။

ယခုဖော်ပြသော မိန့်ခွန်းစာမှာ ၁၉၄၆ ခုနှစ် ဇန်န၀ါရီ လ ၂၀ ရက်နေ့ ဖဆပလ ပထမကွန်ဂရက် တွင် ပြောကြား သော 'ဗမာ့လွတ်လပ်ရေးပြဿနာများ' (Problems for Burma's Freedom) ခေါင်းစီးပါ မိန့်ခွန်း စာ ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း ၏ မူရင်း အင်္ဂလိပ်ဘာသာနှင့် စာသား အနည်းငယ်ကိုလည်း ဖော်ပြပေးထား ပါသည်။

ရဲဘော်တို့ ...
ကျွန်တော် တို့ဟာ ယနေ့တိုင်းပြည်ရဲ့ ကိုယ်စားလှယ်တော်ကြီးများအဖြစ် အရေးကြီးသော ဤအ စည်းဝေးကြီး သို့် စုဝေးရောက်ရှိလာကြခြင်းဖြစ်တယ်။ ကျွန်တော်တို့ ယခုလို အစည်းဝေးတိုင်ပင်လို ကြခြင်း မှာ ရှေးပဝေဏီ လူမျိုးလိုက်လွှတ်တော်များ ကျင်းပခဲ့သည့် ခေတ်မှစ၍တွေ့ကြုံရသော ပြဿနာ များကို ဖြေရှင်းရေးတွင် ဤသို့စည်းဝေးတိုင်ပင်ကြခြင်းနည်းသာလျှင် အမှန်ကန်ဆုံးသော နည်း ဖြစ်သည် ဟု လူသားတစ်ရပ်လုံး၏ အသိဥာဏ်နှင့် ယူဆသတ်မှတ်ခဲ့ကြသောကြောင့်ဖြစ် သည်။ ကျွန်တော် တို့်သည် ရာဇ၀င် ထင်ရှားသည့် ဤနေရာတွင် စုဝေးမိကြခြင်းမှာလည်း လျော်ကန်သင့်မြတ်ယုံမျှမက ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံလှပါပေသည်။

ယခု ကျွန်တော်တို့် စုဝေးရြောက်ရတျိနေကြတဲ့ ကုန်းပေါ်တွင် တင့်တယ်တော်မူလှသော ရွှေတိဂုံ စေတီတော်မြတ်ကြီး ရပ်တည်တော်မူနေသည်ဖြစ်ရာ ဤစေတီတော်မြတ်ကြီးမှာ ကျွန်တော်တို့ နိုင်ငံတော် ၏ မေတ္တာဓာတ် ကို မော်ကွန်းတင်ထားခြင်းဖြစ်၍ ကျွန်တော်တို့်နိုင်ငံတော်ရဲ့ အဆုံးအမရှိသော မျှော်လင့်ချက် များနှင့် အတိုင်းအဆမရှိသော ရည်မှန်းချက်များကို မွမ်းမံခိုအောင်းရာဖြစ်ပြီးလျှင် ရှေး ပဝေသဏီ က လူ့တည်ဆောက်မှု၏ ပကတိစွမ်းအားလည်းဖြစ်၍ လူသရုပ်ဆောင်နေပါသည်။  ယခု ကျွန်တော် တို့ ရှေ့မှောက်ရှိ မြေအပြင်မှာလည်း ကုန်လွန်ခဲ့သော နှစ်ပေါင်းမြောက်များစွာက ကြီးမားသော ဖြစ်ရပ် များ ဖြစ်ပေါ်ခဲ့ရာဖြစ်ပြီး ပြင်းထန်သော အမာရွတ်များဖြင့်ပြီးသည့် လေးစားအပ်သော မွန်မြတ်ရာ မြေအပြင် လည်း ဖြစ်ပေသည်။ ဤနေရာသို့ပင် လွန်လေပြီးသော ခေါင်းဆောင်များရောက်ရှိခဲ့ကြပြီး နိုင်ငံတော် အကျိုး သည်ပိုးဆောင်ရွက်ရန် အခြားဌာနများကဲ့သို့ ကျွန်တော်တို့၏ သမိုင်းစတင်ပေါ် ပေါက်ခဲ့ ပြီး အကြိမ်ပေါင်း မြောက်မြားစွာ နိုင်ငံတော်ကို ပြန်လည်ထူထောင်ခဲ့ရာဖြစ်ပေသည်။

ရွှေတိဂုံစေတီတော်ကြီး စတင်တည်ဆောက်ခဲ့သည်မှ အစနှစ်ပေါင်း ၂၅၀၀၏ ကာလတစ်လျှောက် လုံး၏ ရာဇ၀င် ကားချပ်များ ဖုံးလွှမ်းထားသည့် မြင့်မြတ်သောဤနေရာ၌ ကျွန်တော်တို့်ရောက်ရှိလာ ကြချိန်တွင် မညှိုးနွမ်း နိုင်သော သတိရချက်များ ပြန်လည်ပေါ်ပေါက်လာခဲ့ကြရပေသည်။ သမိုင်း၏ မရပ်မနားသော လမ်းကြောင်း တွင် ပါဝင်ခဲ့ကြသည့် ထောင်ပေါင်းမြောက်မြားလှစွာသော ပုဂိုလ်များ အကြောင်း ကိုလည်းကောင်း၊ သမိုင်း၏ ခိုင်းစေချက်အရ ပေါ်ပေါက်ခဲ့ကြရသည့် သူရဲကောင်းကြီး တို့၏ ပြိုင်ဘက် ကင်း သော ရဲစွမ်းသတ္တိတို့်နှင့် မှတ်တမ်းမကျန်ခဲ့တော့သော စွန့်လွှတ်မှုတိို့ကိုလည်း ကောင်း၊ သူတို့်၏ အဖိုး အထိုက်တန်ဆုံး ဖြစ်သည့် အမွေအနှစ်အဖြစ် ကျန်ခဲ့သည့် အနိုင်မခံအရှုံးမပေး စိတ်ဓာတ် တို့်ကိုလည်းကောင်း ပြန်ပြောင်းသတိရမိကြပေသည်။ ကျွန်တော်တို့ဟာ ဤကျဆုံး လေပြီးသူများကို အရိုအသေ အလေးပြုကြ၍ ကျွန်တော်တို့်သည်လည်း ကျွန်တော်တို့်ခေတ်တွင် သူတို့်၏ အမွေကို ဆက်ခံသူများ အဖြစ် ထိုက်တန်မှုရှိအောင်စွမ်းဆောင်ပါမည်ဟု သစ္စာအဓိဌာန်ပြု ကြရပါမည်။ ကျွန်တော် တို့် နိုင်ငံတော်ကြီးအဓွန့်ရှည်စွာ အခိုင်အမာ ရပ်တည်နေနိုင်ရပါမည်။

ဤသို့သော ရာဇ၀င်နောက်ခံဖြင့် ကျွန်တော်တို့် ဤနေရာ၌ စုဝေးရောက်ရှိလာကြပါသည်။ ဤသို့ စုဝေး မိကြခြင်းမှာလည်း ပထမဆုံးအကြိမ်မဟုတ်တော့်ပါ။ ၁၉၂၀ ခုနှစ်များကလည်း ယခုကဲ့သို့ သော အစည်း အဝေးကြီး များ အများအပြား ကျင်းပခဲ့ကြပါသည်။ ထိုအစည်းအဝေးကြီးများဘာ ကြောင့် ကျင်းပခဲ့ကြပြီး ယခု အစည်းအဝေး ကြီးများလည်း ဘာကြေင့်ကျင်းပရပါသနည်း။
ကျွန်တော်တို့တိုင်းပြည်သည် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားနယ်ချဲ့စနစ်၏ ခြေဖ၀ါးအောက်သို့ ပြားပြား မှောက် ကျရောက်ခဲ့ရသည်။ နှစ်ပေါင်းမြားမြားစွာ ကျွန်တော်တို့၏ တည်ဆောက်မှုစွမ်းပကား များမှာ ချုပ်တည်းပိတ်ပင်ခြင်းခံခဲရပြီး နယ်ချဲ့စနစ်၏ အစီအစဉ်များအောက်တွင် ညှိုးနွမ်းကျုံလှီခဲ့ ကြရပါသည်။ ကျွန်တော် တို့်သည် ပိုမိုကောင်းမွန်သော၊ ပိုမိုကြွယ်ဝသော၊ ပိုမိုပြည့်စုံသော၊ လူအားလုံး၏ လွတ်လပ်မှု၊ ဖွံ့ဖြိုးမှု ဘ၀ ကို မတည်ဆောက်နိုင်ခဲ့ကြပါ။

ကျွန်တော်တို့နိုင်ငံသည် သား စဉ်မြေးဆက်အကြိမ်ကြိမ်အဖန်ဖန် တိုင်းပြည်တစ်ပြည်အဖြစ်လည်းကောင်း ၊ လူသားများအဖြစ် လည်းကောင်း လွတ်လပ်စွာ တည်တံ့ဖွံ့နိုင်ရေးအတွက် ကြိုပမ်းအားထုတ်ခဲ့ကြပါသည်။ တဖြည်း ဖြည်းတစ်စတစ်နှင့် ကျွန်တော်တို့်လှုပ်ရှုားမှုကြီးမှာ ဖောက်ပြန်မှု၊ အစွဲအလမ်းကြီးမှုများကြားမှပင် ကြီးထွား တိုးတက်လာခဲ့ရပါသည်။ ကျွန်တော်တို့်၏ မိဘဘိုးဘွားများကလည်း ကျွန်တော်တို့် ဆက်လက် တည်ဆောက်နိုင်ရေး အတွက် တဖြည်းဖြည်းတစ်စတစ်အုပ်မြစ်ကိုချခဲ့ကြပါသည်။ သူတို့် တည်ဆောက် ခဲ့ ကြသည့် အခြေခံပေါ်တွင် ရပ်တည်နေကြသည့် ကျွန်တော်တို့်သည် သူတို့်၏ အား ထုတ်မှုကို အထင်မကြီး ချင်သည့် သဘောများ ရှိကောင်းရှိမည်။ သို့်ရာတွင် ဤသို့်ဖြစ်ရခြင်းပင်လျှင် လွတ်လပ်ရေးတိုက်ပွဲတစ်ပွဲ၊ သမိုင်း ၏ ဖြစ်စဉ်၏ သဘာဝပင်ဖြစ်ပါသည်။

သမိုင်းဆိုသည်မှာ တစ်ခဏချင်းတစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာသည်မဟုတ်ဘဲ လူ့ဘ၀ လူ့ဘောင် တွင်ဖြစ်ပေါ်သည့် သမိုင်းအခြေအနေများနှင့်အညီ ရပ်တည်ခဲ့ကြရသော လူယောက်ျး၊ လူမိန်းမ အလွှာ အသီးသီး ပါဝင် သည့် မရပ်မနားသောတစ်ခဲနက် ဖြစ်စဉ်ကြီးသာဖြစ်ပေသည်။ သမိုင်းဖြစ်စဉ်ဆိုသည်မှာ ပြေပြစ် ချောမောသည်ချည်းလည်းမဟုတ်၊ သို့ဖြစ်သောကြောင့် ကျွန်တော်တို့်သည် ကျွန်တော်တို့၏ လွတ် လပ်ရေး တိုက်ပွဲ သည် ရုပ်ဝတ္ထုအခြေအနေပေးသလောက် တစ်တိုင်းလုံးတစ်ပြည်လုံး အနေနှင့်ပါ ၀င်ဆင်နွှဲ ရမည့် တိုက်ပွဲဖြစ်သည်။

ရည်မှန်းထားသော ပန်းတိုင်မရောက်သေးမီကာလပတ်လုံး အခက်အခဲပေါင်း မြောက်မြားစွာ နှင့် တွေ့ကောင်း တွေ့ရဦးမည့် တိုက်ပွဲဖြစ်ပါသည်။ လပိုင်း၊ ရက်ပိုင်း၊ နှစ်ပိုင်းနှင့် ဆုံးဖြတ်နိုင်သော ပြဿနာ တစ်ခု မဟုတ် ဟု မြင်ရပါမည်။ ကျွန်တော်တို့် လွတ်လပ်ရေး တိုက်ပွဲကို ဤသို့်မြင်ရပါလျှင် အောင်ပွဲ ရသောအခါ၌ ထိုအောင်ပွဲ၏ ဂုဏ်ထူးဝိသေကို ကျွန်တော်တို့် ချည်းယူ၍မဖြစ်၊ သူတို့်ခေတ်တွင် သူတို့်နည်း အရ ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျွန်တော်တို့် မိဘ ဘိုးဘွားများနှင့် သက်ဆိုင်သည့် ပြည်သူအားလုံး ကိုလည်း ခွဲဝေကြရလိမ့်မည်ဆိုသော အသိရှိလာ နိုင်ပါသည်။

သို့သော် အောင်ပွဲသည်လည်း ရသေးသည်မဟုတ်၊ ကျွန်တော်တို့် ပန်းတိုင်ရောက်အောင် ကြမ်းတမ်းသော လမ်းခရီး ကို ချီတက်ကြရဦးမည်။ ရဲဘော်တို့်ကလည်း ထိုပန်းတိုင်ရောက်အောင် ကျွန်တော်က ဘေးအန္တရာယ် ကင်းရှင်းစွာ  လမ်းပြခေါ်ဆောင်သွားရန် လိုလားကြသည်။ ရဲဘော်တို့် ကကျွန်တော့်အပေါ် ဤသို့် ယုံကြည်အားထား ကြသည့်အတွက် ကျွန်တော့်အနေနှင့် အလွယ်တကူ ကျေးဇူးမတင်နိုင်ပါ။ ကျွန်တော် သည် ရဲဘော် တို့်ကို အလျင်အမြန်တစ်မုဟုတ်ချင်း ကြွယ်ဝချမ်းသာ လာစေပါမည်ဟူသော ကတိကိုမ ပေးနိုင်ကြောင်း ကနဦးကပင် ပွင့်ပွင့်လင်းလင်း ပြောပြလိုပါသည်။ ပြည်သူလူထုတစ်ရပ်လုံး၏ တက်ကြွစွာ ထောက်ခံပူးပေါင်းဆောက်ရွက်မှုမပါဘဲနှင့် မည်မျှကြီးမား သော ပုဂိုလ်သည်ပင်ဖြစ်စေ၊ သမိုင်းဘီး ကိုလှိမ့်နိုင်စွမ်းမရှိပါ။ သမိုင်းတွင် လူပုဂိုလ်များအနေနှင့် ထင်ရှားသော အခန်းက ပါဝင်ခဲ့ဖူး သည်ကား မှန်၏။

သို့သော် သမိုင်းဆိုသည်ကို လူတစ်စုက ဖန်တီးခြင်းမဟုတ်သည်ကား ထင်ရှားလျက်ရှိ၏။ သမိုင်း ဆိုသည်မှာ မိဘဘိုးဘွား အစဉ်အဆက် သမိုင်းပေး အခြေအနေများအရ ဆောင်ရွက်ခဲ့ကြရာမှ ဖြစ်ပေါ် ခဲ့ကြောင်း ပြောခဲ့ပြီ။ လူသားတို့်တွင် ရဲစွမ်းသတ္တိပြလိုသည့် စိတ်ဓာတ်ပြင်းပြစွာရှိတက်ကြောင်း၊ လူသား တို့်၏ စိတ်နေစိတ်ထားတွင် ရဲစွမ်းသတ္တိရှိသူအား ကြည်ညိုကိုးကွယ်သောသဘော ကြီးမားစွာပါဝင်ကြောင်း ကျွန်တော် ကောင်းစွာသဘောပေါက်ပါသည်။ လူသားတို့သည် မိမိ၏ ရဲစွမ်းသတ္တိနှင့်သူတစ်ပါး၏ ရဲစွမ်းသတ္တိ ကိုမှ ယုံ ကြည်မှုမရှိပါလျှင်လည်း ကြီးမားသောအောင်မြင်ချက်များ ရရှိနိုင်လိမ့်မည် မဟုတ်သည် ကိုလည်း ကျွန်တော်သဘောပေါက်ပါသည်။ သို့သော် ကျွန်တော်တို့်သည် ဤရဲစွမ်းသတ္တိ ရှိုသူကို ကိုးကွယ် တတ်သည့်သဘောအား အလွန်အကျွံမဖြစ်စေရန် သတိပြုကြရပါမည်။ သို့်မဟုတ်ပါက ကျွန်တော် တို့်သည် ဘုရားတုများ၊ အယောက်ဆောင်ပညာရှိများတို့်၏ တပည့်များဖြစ်သွားကြပါလိမ့်မည်။ ဒုက္ခ နှင့် ပြွန်တီးသော ဤကမ္ဘာ တွင် ဤသို့သော ဘုရားတု များနှင့် အယောင်ဆောင် ပညာရှိများမှာ လိုသည် ထက် ပို၍ရှိနေပါပြီ။

သို့်ဖြစ်၍ ကျွန်တော်တို့်သည် အားလုံးနှင့်ဆိုင်သော အရေးအခင်းအတွက် အားလုံးအတူအကွ ကြိုး စား အားထုတ် ကြရပါလိမ့်မည်။ ဤနည်းသည်သာလျှင် ကျွန်တော်တို့်၏ သူရဲကောင်းများအား အကောင်းဆုံး ဂုဏ်ပြုသည့် နည်းဖြစ်သည်။ ဤနည်းသည်သာလျှင် ကျွန်တော်တို့်၏ ဘ၀လွတ် မြောက်ရေးအတွက် ကျွန်တော် တို့် ချမှတ်ထားသော တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်မည့် နည်းဖြစ်သည်။ ကျွန်တော တို့် အားလုံးသည် တစ်နေ့တွင် ခေါင်းဆောင်သူ၊ ခေါင်းဆောင်မှုစသည့် တို့်ကို မမျှော်ကိုးရသည့် အခြေအနေ ရောက်ကာ ကျွန်တော်တို့်အားလုံးကိုပင် သူရဲကောင်းများဖြစ် လာသည်အထိ ကြိုးစား အားထုတ်ကြရလိမ့်မည်။ သို့မှသာလျှင်လည်း ကျွန်တော်တို့်သည် စစ်မှန် ပြည့်စုံသော လွတ်လပ်ရေး အရသာမျိုး ခံစားရန် မျှော်လင်နိုင်ရေးအတွက် ရှေးဦးစွာ အမျိုးသား လွတ်လပ်ရေးကို အရယူရန် ကျန် ပါသေးသည်။

ကျွန်တော်တို့်မှာ ဖောက်ဖျက်ခြင်းငှာ မရနိုင်သော တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရမည့်လုပ်ငန်း ကို ကျွန်တော် တို့် မိဘဘိုးဘွားများထံမှ အမွေခံရထားခဲ့ကြပါပြီ။ ဤတာဝန်ကို ကျေပွန်အောင် ကျွန်တော်တို့် မည်သို့် ဆောင်ရွက်ကြပါမည်နည်း။ ဤပုစ္ဆာကိုမဖြေမီအဖြေကိုရရှိနိုင်မည့် လမ်းညွန် များကို ရှာရန် သင့်သည်ဟု ကျွန်တော်ထင်မြင်ပါသည်။ လူသားတစ်ရပ်လုံးအား ယနေ့ရင်ဆိုင်နေ သည့် ပြဿနာ ရပ်များ မှာ တစ်ဆက်တစ်စပ်တည်းဖြစ်နေသောကြောင့်လည်းဖြစ်သည်။

ပုံသဏ္ဍာန် များ အမျိုးမျိုးပြောင်းလဲနေသော ယနေ့ကမ္ဘာ၏ အခြေအနေမှာဤအတိုင်း ဖြစ်နေသည်။ လူမျိုးစုံဝါ ဒနှင့် အမျိုးသားရေးဝါဒသည်လည်းကောင်း၊ စီးပွားရေးနှင့် နိုင်ငံရေးသည် လည်းကောင်း၊ နိုင်ငံရေး နှင့်လူမှုရေးသည်လည်းကောင်း၊ လူမှုရေးနှင့် ယဉ်ကျေးမှု၊ ဘာသာတရား၊ ဓလေ့ထုံးစံတို့်သည် လည်းကောင်း ရှုပ်ထွေးသော အချင်းအရာတစ်ခု၏ သီးခြားအစိတ် အပိုင်းများသာဖြစ်ပေသည်။ ကျွန်တော် တို့်သည် အလုံပိတ်ထားသော အခန်းများထဲတွင် စားသောက်နေထိုင် တွေးခေါ်နေ၍မ ဖြစ်ပါ။ ခေတ်ကာလနှင့် မကိုက်ညီတော့သော ပုံသေကားကျ အယူအဆတို့ကို တရားသေကိုင်စွဲ ထား၍ မရပါ။  ကျွန်တော် တို့် တိုင်းပြည်မှာ ယနေ့အထိ လူ့ဘ၀နှင့် လူ့ဘောင်အကြောင်းကို ကောင်းစွာမသိသေးသူ အများအပြား ရှိကြပါသေးသည်။ အချို့သော သူတို့မှာ သိလျက်နှင့်လည်း ကောင်း၊ မသိ၍လည်းကောင်း ညစ်ပတ် သော နိုင်ငံရေးကို ဆက်လုပ်လျက်ရှိကြပါသေးသည်။

သို့် သော် နိုင်ငံရေးက ညစ်ပတ်သည်မဟုတ်၊ နိုင်ငံရေးကိုညစ်ပတ်အောင် လုပ်နေသူများသည်သာ ညစ်ပတ်ခြင်း ဖြစ်ပါသည်။ နိုင်ငံရေးဆိုတာ ဘာလဲ ကျွန်တော်တို့်အနေနှင့် ပါဝင်ဆောင်ရွက်ခြင်းငှာ မအပ်သော၊ ကျွန်တော်တို့် တရိုတသေ တအံ့တသြ မော့၍သာကြည့်နေရမည်ဖြစ်သော အချင်းအ ရာလော။ သို့်မဟုတ် ကျွန်တော်တို့် နိုင်ငံချောင်ကြိုချောင်ကြားတို့်ကို လှည့်ပတ်သွားလာကာ ယုံလွယ် တတ်သော ယုံလွယ်တတ်သော ပြည်သူအချို့ကို ညာဝါးနေကြသည့် သူများပြောသလို၊ ပုံပြင်များ၊ ဒဏ္ဍာရီများ ပြောပြရုံမျှနှင့် အရာခပ်သိမ်းပြီးငြိမ်းသည်ဆိုနိုင်သည့် အချင်းအရာလော၊ ကျွန်တော်တို့ မသွားအပ်၊ ရှောင်ရှားနိုင်က ရှောင်ရှားအပ်သော အန္တရာယ်ပြွမ်းသည့် နယ်မြေပင် လော။

ကျွန်တော်တို့် တစ်ခါက ပြောခဲ့ကြသလိုလူမျိုးရေး၊ ဘာသာရေး၊ စာပေအရေးမျှသာဖြစ်သ လော။ သို့မဟုတ်နိုင်ငံရေးဆိုသည်မှာ ဘာလဲ။ အမှန်မှာ နိုင်ငံရေးဆိုသည်မှာ အမြင်တွင်ရှိသည် လည်းမဟုတ်၊ အနိမ့်တွင် ရှိသည်လည်းမဟုတ်၊ မျက်လှည့်လည်းမဟငုတ်၊ ဗေဒင်ဟောခြင်းလည်း မဟုတ်၊ အဂိရတ် ပညာလည်း မဟုတ်၊ မသွားအပ်သော အန္တရာယ်ပြွန်းသည့် နယ်မြေလည်းမဟုတ်၊ ကိုယ့်ကိုကိုယ် အထင်ကြီးနေရသည့် အမျိုးသားရေးကိစ္စလည်း မဟုတ်၊ နိုင်ငံရေးသည် အစဉ်သဖြင့် တိုးတက်ဖြစ်ပေါ် နေသော ဖြစ်ရပ်များနှင့် ကိုက်ညီ၇မည်။ အတိုချုပ်ပြောရမည်ဆိုလျှင် နိုင်ငံရေးဆို သည်မှာ ရဲဘော်တို့်၏ ဘ၀ဖြစ်သည်။ အမှန်မှာ နိုင်ငံရေးဆိုသည်မှာ ရဲဘော်ပင်ဖြစ်သည်။

ရှေးပဝေ သဏီကပင် အရစ်တိုတယ်လ်ပြောခဲ့သလို၊ ရဲဘော်နိုင်ငံရေးအကြောင်း စဉ်းစားချင်မှ စဉ်းစား မည်၊ သို့သော် နိုင်ငံရေးက ရဲဘော်အကြောင်းကို စဉ်းစားပေလိမ့်မည်။ သို့်သော် နိုင်ငံရေးကရဲဘော်ကို အိမ်မှာလည်းကောင်း တွယ်ကပ်နေပေလိမ့်မည်။ နေ့စဉ်နှင့်အမျှ ရဲဘော်သည် နို်င်ငံရေးကို လုပ်နေ ရသည်၊ ကိုင်တွယ်နေရသည်၊ ရုန်းကန်နေရသည်၊ အလုပ်သမားက လုပ်ခအတွက် အလုပ်လုပ်ရ၍ လယ်သမားက လုပ်ခများများ လိုချင်၍ ကောင်းကောင်းနေချင်သည်။ လယ်သမားက သူ့မြေနှင့် သူ့ ဘ၀ တိုးတက် စေချင်သည်။ စာရေးစာချီအရာရှိ အရာခံတို့်ကလည်း ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ရုံးလုပ်ငန်းမျိုးထက် ပိုမိုခိုင်မြဲမှု၊ ပိုမိုပြည့်စုံမှု၊ ပိုမိုလွတ်လပ်မှုကို သင့်တင့်မျှတသော အခွင့်အလမ်း များကို လိုချင်သည်။ ဤသို့်ဖြင့် ရဲဘော်မှ အသက်ရှင်တည်နေရန်လိုသည်။ အသက်ရှင်တည်နေနိုင် ရေးအတွက် ရုပ်ဝတ္ထု ပစ္စည်းလိုသည်။ ဤသည်ပင် နိုင်ငံရေးဖြစ်သည်။

ဤသည်ပင် ရဲဘော်၏ဘ၀ ဖြစ်၍ ရဲဘော်၏ ဘ၀ပြောင်းသလို၊ နိုင်ငံရေးကလည်း ပြောင်းလိုက်သည်။ ရဲဘော် တို့် အသက်ရှင် နေနိုင်ရေး၊ ပိုမိုကောင်းမွန်စွာ နေနိုင်ရေးအတွက် လွတ်လပ်ရေး၊ တစ်ဦးချင်း အလိုက် တစ်မျိုးသား လုံးအလိုက် ဖန်တီးနိုင်မှု၊ ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်မှုအတွက် လွတ်လပ်ရေး၊ အခြားသူ ၏ အခွင့် အရေးကို အထိခိုက်စေဘဲ ရဲဘော်တို့ ကျွန်တော်တို့၏ အဆင့်အတန်း တိုးတက်နိုင်မှု အတွက် လွတ် လပ်ရေးရှိရမည်ဟု ကျွန်တော်တို့ပြောဆိုနေကြခြင်း ဖြစ်သည်။ ဤသည်ပင်လျှင် နိုင်ငံေ၇း ဖြစ် သည်။ 

သို့်ဖြစ်၍ နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စပင်ဖြစ်သည်။ နိုင်ငံရေးသ့ည် ညစ်ပတ်သည်မဟုတ်။ နိုင်ငံရေးသည် ကျဉ်းမြောင်း သော အလုပ်မဟုတ်၊ နိုင်ငံရေးသည် မျက်လှည့်လည်း မဟုတ်။ သဘာဝ၏ အထက်ကလည်း မဟုတ်။ သို့်သော် အချို့သောပညာရှိတို့်က ဤသို့် ဗျာဒိတ်တော် မချမှတ်ကြ။ သူတို့က နိုင်ငံရေးသည် ညစ်ပတ်သည်။ နိုင်ငံရေစးသည် ဘာသာရေးဖြစ်သည် စသည် ဖြင့် တစ်ဆက်တည်းမှာပင် အမြီးအမောက် မတည့် ပြောဆိုနေကြသည်။ နိုင်ငံရေးသမားများက ဤစကားကို 'နိုင်ဖဲ' သဘောထားကာ သုံးစွဲ နေကြ သည်။

ဤနည်းအားဖြင့် ပြည်သူလူထု ခေါင်းရှုပ် ကုန်အောင်၊ တကယ့်ပြဿနာများ ဖုံးကွယ်သွားအောင် ကြိုးပမ်း လိုကြခြင်း ဖြစ်သည်။ သူတို့်နည်းမှာ အချောင်သမားတို့၏ နည်းသာဖြစ်၍၊ နိုင်ငံရေးမဟုတ်။ ဘာသာရေး ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးစီ၊ တစ်ဦးစီ၏ အသိတရားဖြစ်၍၊ နိုင်ငံရေး ဆိုသည်မှာ လူမှုရေး သိပ္ပံဖြစ်သည်။ လူမှုရေး သိပ္ပံ ပညာတစ် ရပ်အနေနှင့် လူပုဂိုလ်လိုက်သည် လွတ်လပ်စွာကိုးကွယ်နိုင်ခွင့် အပါအ၀င် အခြား အခွင့်အရေးများ ရှိကြောင်း၊ နိုင်ငံရေးက အသိအမှတ်ပြုရမည်။ သို့်သော် ဤနေရာတွင် ပင် နိုင်ငံရေးနှင့် ဘာသာရေး ကို စည်းခြားရမည်။

ဆက်ရန်

0 comments to “စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၂)”

Post a Comment