Wednesday, August 21, 2013

သဘာဓါတ်ငွေ့ ဗဟုသုတ

,

သဘာဓါတ်ငွေ့ တွေ့ ရှိမှုနဲ့ ပတ်သက်ပြီး ကုမ္ပဏီတွေရဲ့  အစုရှယ်ယာဈေးတက်အောင် ထုတ်ပြန်ချက်အပေါ် သတင်းသမားတွေ နားရောင်လိုက်ပါသွားတတ်ကြပါတယ်။

မုတ္တမပင်လယ်ကွေ့က အစမ်းတွင်းတစ်တွင်းမှာ သဘာဝဓာတ်ငွေ့ ပမာဏ ခန့်မှန်းချေ တစ်ရက်ကို ကုဗပေ ၃၄ဒသမ ၅ သန်းထွက်ရှိနိုင်တဲ့တွင်းတွေ့ ရှိတဲ့ သတင်း အခုရက်ပိုင်းမှာ ပေါ်ထွက်လာပါတယ်။
ကုဗပေသန်း ချီတဲ့အတွက် အများကြီးလို့ ထင်ပြီး သဘာဝဓါတ်ငွေ့ သိုက်ကြီးအဖြစ် ထင်မိကြပါတယ်။ တကယ်တော့ တစ်ရက်ကို ကုဗပေ သန်း 300 ကျော်ထွက်မှ တွက်ခြေကိုက်တဲ့ စီးပွားဖြစ်ထုတ်ယူနိုင်တာဖြစ်တယ်လို့  သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေး ထိုင်းပညာရှင်တစ်ဦးက ရှင်းပြပါတယ်။
အခုအခါ သဘာဝဓါတ်ငွေ့ ဈေးတက်လာလို့  တရက်ကို ကုဗပေ သန်း 300 ကျော်ရင် စီးပွားဖြစ်ထုတ်ရောင်းနိုင်တာဖြစ်သွားပါတယ်။ အရင်ကဆိုရင် တစ်ရက်ကို ကုဗပေ သန်း 400 ကျော်ထွက်မှ စီးပွားဖြစ်ထုတ်နိုင်တာဖြစ်ပါ တယ်။
နောက်တခုက နေ့ စဉ်ထွက်နှုန်းဟာ ဘယ်နှစ် နှစ်လောက် အထိ ထုတ်နိုင်တဲ့ အရေအတွက် ထုထည်ရှိသလဲဆိုတာလည်းတိုင်းရပါတယ်။ ထုထည်နည်းရင်လည်း စီးပွားဖြစ်ထုတ်ဖို့ တွက်ခြေမကိုက်ပါ။
အချုပ်အားဖြစ်ပြောရရင် အခုလိုတွေ့ ရှိတဲ့ တရက်ကို ကုဗပေသန်း 30 ကျော်ထွက်တဲ့ တွင်းမျိုး 10 တွင်းလောက်တွေ့ မှ တစ်ရက်ကို ကုဗပေ သန်း 300 ကျော်ရမှာဖြစ်တယ်။ ဒီအရေအတွက်ရမှ စီးပွားဖြစ်ထုတ်နိုင်မယ်။
တခုရှိတာက တစ်ရက်ကို ကုဗပေ သန်း 30 ကျော်ထွက်တဲ့တွင်း တွေ့ တာဟာ စီးပွားဖြစ်ထုတ်နိုင်ဖို့ အလားအလာ ကောင်းတဲ့ တွေ့ ရှိချက်ဖြစ်တယ်။
ထိုင်းနိုင်ငံပင်လယ်ကွေ့ မှာ တူးထားတဲ့ သဘာဝဓါတ်ငွေ့  တွင်းတွေက တစရက်ကို ကုဗပေ 5 သန်း လောက်ပဲထွက်တဲ့တွင်းတွေ ဖြစ်တော့ တွင်းပေါင်း 100 လောက်တူးပြီးမှ စုစည်းပြီး စီးပွားဖြစ် ထုတ်နိုင်တာဖြစ်တယ်။
မြန်မာနိုင်ငံမှာ တစ်တွင်းထဲမှာ တစ်ရက်ကိုကုဗပေ သန်း 30 ကျော်ထွက်တဲ့တွင်းတွေ့ တာ ထိုင်းမှာတွေ့ တာနဲ့ စာရင် ကုမ္ပဏီအတွက် အလားအလာကောင်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ထိုင်းမှာ တွင်း 100 လောက်တူးမှ စီးပွားဖြစ်ထုတ်နိုင်တာနဲ့ စာရင် မြန်မာနိုင်ငံမှာ တွေ့ ရှိတာက 10 တွင်းလောက်နဲ့  စီးပွားဖြစ်ထုတ်နိုင်မှာဖြစ်တယ်

Credit=
  Winmit WinMyint

0 comments to “သဘာဓါတ်ငွေ့ ဗဟုသုတ”

Post a Comment