Sunday, August 25, 2013

အိုးအိမ် ဦးစီးဌာနမှ ဒု-ညွှန်မှူး၏ ကား အခိုးခံရ

,
 
အိုးအိမ်ဦးစီးဌာနမှ ဒု-ညွှန်မှူး ပိုင်ဆိုင်သော ကားအခိုးခံရမှု တစ်ခုသြဂုတ် ၂၀ ရက်ညက ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
သာကေတမြို့နယ်တွင် နေထိုင်သည့် ဒု-ညွှန်မှူး ဦးနိုင်လင်းသည် သြဂုတ် ၂၀ ရက် ည ၈ နာရီခန့်တွင် သူ၏ ၇က/ဩဩ အာဗီးနီးယား ခဲရောင်ကားကို “စိန်သုံးလုံး”ကြေးအိုးဆိုင်အနီးတွင် ရပ်ထားခဲ့ပြီး ဆိုင် အတွင်း ကြေးအိုးဝင်စားခဲ့သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။
ကြေးအိုးစားပြီးသည့်နောက် ဆိုင်မှထွက်လာပြီး ကားထားခဲ့သော နေရာသို့ ရောက်သောအခါ ကားကို မတွေ့ ရတော့ဘဲ ပျောက်ဆုံးနေသည်ဟုလည်း ရဲဌာနကဆိုသည်။
ထို့ကြောင့် ကားကိုခိုးယူသူကို စုံစမ်းအရေးယူပေးရန် ဦးနိုင်လင်းက တရားလိုပြုလုပ်တိုင်တန်းထားပြီး ဗိုလ်တစ်ထောင် ရဲစခန်းက အမှုအမှတ်(ပ)၁၅၈/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး သံသယရှိသူကို ဖမ်းမိလျှင်
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ (ကား)ဖြင့် တရားစွဲဆိုမည်ဟုလည်း တိုင်းရဲဌာနက ဆိုသည်။
ဇော်ဇော်ထွေး

0 comments to “အိုးအိမ် ဦးစီးဌာနမှ ဒု-ညွှန်မှူး၏ ကား အခိုးခံရ”

Post a Comment