Friday, August 23, 2013

ကညန(မြင်သာ) လိုင်စင်ရုံး ဝင်ပေါက်နှင့်ထွက်ပေါက်ကြားထဲတွ င် ယာဉ်တိုက်မှုဖြစ်ပွား အသက်၆ဝခန့်  အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

,

ယနေ့  ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ တွင် ကညန( မြင်သာ) လိုင်စင်ရုံး ဝင်ပေါက်နှင့်ထွက်ပေါက်ကြားထဲတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အသက်၆ဝခန့်  အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟုသိရသည်။ သေဆုံးသွားသူ အမျိုးသမီးမှာ အမည်မသိ အသက်၆ဝ အရွယ် ခန့်  တောင်ဥက္ကလာပမြို့ နယ် ၁၃ ရပ်ကွက် ရသဝတီ ၁၄ လမ်း နေ ဆို သူဖြစ်သည်ဟုသိရပြီး အခင်းဖြစ်ပွားပုံမှာ နေ့ လည် ၁းဝဝ နာရီခန့် က ယင်း အမျိုးသမီးငှားစီးလာခဲ့သော ကညန ရုံးဘက်မှ ဆိုက္ကားတစ်စီးသည် တစ်ဖက်ယာဉ်ကြောသို့  ဂငယ်ကွေ့ ကွေ့  ကာ ကူးဖြတ်စဉ် တစ်ဖက်ယာဉ်ကြောမှ အရှိန်ဖြင့်မောင်းနှင်လာသော အုတ်တင်ယာဉ်မှာ အဆိုပါဆိုက္ကားနှင့် ချိတ်မိကာ ဆိုက္ကားမှာတိမ်းမှောက်သွားခဲ့ပြီး ယင်းအမျိုးသမီးမှာ ထိုဆိုက္ကားပေါ်မှ ပြုတ်ကျသွားကာ တစ်ဖက်ယာဉ်ကြောမှ အရှိန်နှင့်လာနေသော အုတ်တင်ကား၏ဘယ်ဘက်အနောက်ဘီးနှင့် ယင်းအမျိုးသမီး၏ဦးခေါင်းအားကျိတ်မိ၍ ပြင်းထန်စွာ ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားကြောင်းသိရသည်။
ထိုအမျိုးသမီးကြီး ကျွတ်လွတ်၍ ကောင်းရာမွန်ရာ ရောက်စေကြောင်း ဆုတောင်းပေးကြပါနော်
1 Like = 1 Pray
SD Vampire

0 comments to “ကညန(မြင်သာ) လိုင်စင်ရုံး ဝင်ပေါက်နှင့်ထွက်ပေါက်ကြားထဲတွ င် ယာဉ်တိုက်မှုဖြစ်ပွား အသက်၆ဝခန့်  အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး”

Post a Comment