Friday, August 23, 2013

အမြန်လမ်းမမှာ တောင်ပေါ်သားအဝေးပြေးကား မြောင်းထဲထိုးကျ

,

Friday, 23, August, 2013

ယနေ့ နေ့ လည်၂း၁၁မိနစ်ခန့်ကနေပြည်တော်အြ
မန်လမ်းမ မိုင်တိုင်အမှတ် ၁၅၇/၇မှာတောင်ပေါ်သားအဝေးပြေးကားကလမ်းပြုပြင်မှုပြုလုပ် နေတဲ့ မော်တော်ယာဉ်ကိုဝင်တိုက်ပြီးဘေးကမြောင်းထဲကို ထိုးကျခဲ့ပါတယ်။

တောင်ပေါ်သားကားဟာရန်ကုန်မှနေပြည်တော်သို့ သွားမှာဖြစ်ပြီးခရီးသည်
၂၈ဦးခန့်ပါပါတယ်။ယာဉ်တိုက်မှုကြောင့်ခရီးသည်တစ်ဦးတစ်ယောက်မှ ဒဏ်ရာအပြင်းအထန်ရခြင်းမရှိဘဲ ယာဉ်မောင်းနှစ်ဦးအနက် တစ်ဦးမှာ ခြေထောက်နဲ့ လက်များပွန်းပဲ့ဒဏ်ရာရရှိခဲ့တယ်။

"ရှေ့ကကားသေးလေးကိုကျော်တက်ခိုင်းတာအဲဒါကိုကားသေးလေးကမတက်တော့သူကတက်တော့အရှိန်မထိန်းနိုင်တော့ဘူးလမ်းပြင်နေတဲ့ သူတွေ ထိမှာစိုးလို့လမ်းဘေးကိုဆွဲချလိုက်ပြီဆိုတာကိုတွေ့ တော့ ခေါင်းငုံ့ချလိုက်တာ၊ကြောက်တာတော့တော်တော်ကြောက်သွားတယ်"လို့ ကားပေါ်ပါလာသူအသက်သုံးဆယ်ဝန်းကျင်အမျိုးသမီးတဦးပြောပါတယ်။

အမြန်လမ်းရဲဝန်ထမ်းများကစစ်ဆေးလျှက်ရှိပါတယ်။

Author ချိုဇင်မာဝင့်

0 comments to “အမြန်လမ်းမမှာ တောင်ပေါ်သားအဝေးပြေးကား မြောင်းထဲထိုးကျ”

Post a Comment