Sunday, August 4, 2013

ကျောက်ဖြူ - ယူနန် ရထားလမ်း ၂၀၁၅ အပြီးတည်ဆောက်မည်

,


တရုတ်အစိုးရနဲ့ မြန်မာအစိုးရ ၂၀၁၁ ခုနှစ် ဧပြီလကတည်းက သဘောတူ လက်မှတ်ရေး ထိုးထားပြီးဖြစ်တဲ့ ကျောက်ဖြူ- ယူနန် အမြန်ရထားလမ်းကို လာမယ့် ၂၀၁၅ မတိုင်မီ အပြီး ဖောက်လုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ဒီနေ့ တရားဝင် ထုတ်ပြန် ကြေညာပါတယ်။

မိုင် ၅၀၀ ကျော် ရှည်လျားမယ့် အဲဒီအမြန်ရထားလမ်းဟာ ဒေါ်လာ ၂၀ ဘီလီယံလောက် ကုန်ကျမှာဖြစ်ပြီး တရုတ်နိုင်ငံဘက်က အပြည့်အ၀ အကုန်အကျခံသွားမည်ဖြစ်ကာ တရုတ် ရထားအင်ဂျင်နီယာ ကော်ပိုရေးရှင်းက တည်ဆောက်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။



ဒီရထားလမ်း မြန်မာနိုင်ငံဘက်အခြမ်းမှာ စတင်ခြင်း မရှိသေးပေမယ့် မြန်မာ- တရုတ်နယ်စပ်၊ တရုတ်နိုင်ငံ ဘက်အခြမ်း ရွှေလီ- မန်စီ – ကူမင်းလမ်းတလျှောက်မှာတော့ ယခုနှစ်ဆန်းပိုင်းက အစ အကြီးစား တည်ဆောက် မှုကြီးတွေ လုပ်ကိုင်နေပြီဖြစ်ကြောင်း တရုတ်ကုန်သည်တွေက ပြောပါတယ်။

ကျောက်ဖြူ-ယူနန် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း

0 comments to “ကျောက်ဖြူ - ယူနန် ရထားလမ်း ၂၀၁၅ အပြီးတည်ဆောက်မည်”

Post a Comment