Monday, August 5, 2013

ကျပ်သိန်း ၁၄ဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ စစ်တွေမှာ ဖမ်းဆီးရမိ

,
ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ကိုတင်ပို့မယ့် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ငါးသောင်းနီးပါးကို စစ်တွေ-ဘူးသီးတောင် အမြန်ရေယာဉ်ဂိတ်မှာ ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးရမိတဲ့ ဒီမူးယစ်ဆေးဝါးတွေကို စစ်တွေမြို့မှာနေထိုင်သူတစ်ဦးက လက်ဆွဲအိတ်မှာထည့်ပြီး စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့ကို သွားရောက်ဖို့ပြင်ဆင်နေစဉ် ရွှေပြည်တန် အမြန်ရေယာဉ်ဂိတ်မှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိတယ်လို့လည်း ရဲအရာရှိတွေကဆိုပါတယ်။

ဒါ့အပြင် ဒီမူးယစ်ဆေးဝါးတွေဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောဒေသကနေ တဆင့် တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့မယ်လို့ယူဆရကြောင်း စစ်တွေမြို့မှာ တာဝန်ကျနေတဲ့ ရဲအရာရှိတွေက RFA ကိုပြောဆိုပါတယ်။

0 comments to “ကျပ်သိန်း ၁၄ဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ စစ်တွေမှာ ဖမ်းဆီးရမိ”

Post a Comment