Thursday, August 8, 2013

မိုးကျရွှေကိုယ် ကျွန်တော်နှင့် ဖင်အနာပေါက်၍ ထိုင်ခုံ မထိုင်ရ သူများ

,

စစ်စိမ်းရောင် ယူနီဖောင်းဖြင့် နေ့စဉ် ကျင်လည်နေရသည့် ဘ၀၊ ယောက်ျားထဲမှာမှ စစ်သား ဆိုသည့် အပြောနဲ့ ကိုယ့်ထက် အငယ်လေးများ ကို ဆုံးမ၍ မှ မဆုံးခင်မှာပဲ ကံကြမ္မာရဲ့အလှည့်အပြောင်း တစ်ခုမှာ ယူနီဖောင်း ချွတ်ခဲ့ ရပါတယ်။ ဘ၀သစ် တစ်ခုကို စရတော့မယ်ဆိုတာနဲ့ ကိုယ်ပြောင်းရတော့မယ့် ဌာန အကြီး အကဲ ဆီကို ရောက် တော့ မင်းဘာလုပ်တတ်လဲ၊ မင်းဒီမှာ ဘယ်လောက်ကြာကြာ လုပ်မှာလဲ၊ ဘာအခွင့် အရေးမှ မမျှော်လင့်နဲ့၊ မင်းကြောင့် ကျန်တဲ့သူတွေ နာမည်မပျက်စေနဲ့၊ အကောင်း ဆုံးဖြစ်အောင်လုပ်ပါ ဆိုတဲ့ ဆုံးမစကားတွေ အဆုံးမှာ အမည်ဖော်ထုတ်ခြင်းငှာ မစွမ်းနိုင်သော ဌာနကြီးမှာ ကျွန်တော် မိုးကျရွှေကိုယ် ဖြစ်လာ ပါတော့တယ်။


ပထမနေ့။ ။ မိုးကျရွှေကိုယ် တစ်ယောက်ဖြစ်ဖို့ အရည်အချင်ြး ပည့်စုံခဲ့သူ တစ်ယောက်အတွက် အလုပ်သစ် တစ်ခု မှာ ပထမဆုံးနေ့ အခက်အခဲ ဆိုတာမရှိပါဘူး။ ဌာနအကြီးအကဲနဲ့ တွေ့ပြီး ရုံးခန်း ထဲကို အလာ မှာ နေရာ အသင့်၊ စားပွဲ အသင့်၊ ရုံးခန်းထဲကို ဖြတ်ဝင်လာကထဲက ကျီးကြည့်၊ ကြောင်ကြည့် မျက်လုံးေ တွ ဟာ လေယာဉ်နဲ့ ဆင်းလာသူကို ထိုင်ကန်တော့ တတ်တဲ့ တောတွင်း လူရိုင်းတွေရဲ့အကြည့်နဲ့ ခပ်ဆင်ဆင် ပါပဲ။ တစ်နေ့မှာ ငါလဲ အကြီးအကြဲ ဖစ်ရမယ်ဆိုတဲ့ စိတ်ကူးမျိုး လုံးဝမရှိဘဲ၊ သာရာမှာနေ၊ လုပ်သင့်တာ လု ပ်ပြီး ဘ၀ကို လွယ်လွယ် ဖြတ်သန်းကြတဲ့ လူတွေပဲဆိုတဲ့ သုံးသပ် အတွေးနဲ့ နာမည် ၊ ရာထူး အဆင် သင့်ေ ရး ထားတဲ့ ကိုယ်ပိုင်ရုံးခန်း ထဲကို လျှောက်ဝင်ခဲ့မိတယ်။
ကိုယ်ခဏဖြတ်လျှောက်လာချိန်မှာ တိတ်ဆိတ်မှုတွေ၊ ရိုသေပြုံးတွေ ဝေနေပေမယ့် ကိုယ်အခန်း ထဲ ရောက်ပြီး ထိုင်ခုံပေါ်မထိုင်ခင်မှာ ပွက်လောရိုက်တဲ့ အသံတွေ၊ လုပ်ငန်း စတင်ဖို့ ပြင်ဆင်နေ တာတွေ ဟာ နံ နက် (၉) နာရီကို ကျော်လွန်နေပါပြီ။ အပြင်ကတစ်ယောက်လောက် ဆိုပြီး အော်လိုက်တော့ အငယ် တန်း စာရေးဆိုတဲ့ ဘွဲ့ရ အူကြောင်ကြောင်စာရေးတစ်ယောက် ၀င်လာပြီး ဆရာ ဘာခိုင်းစရာရှိလို့ လဲတဲ့။ ဌာန သမိုင်းကြောင်း၊ ဌာနတွင်း ဖုန်းနံပါတ်တွေ၊ အမည် စာရင်းတွေ၊ ၀န်ထမ်း ကျင့်ဝတ် စည်းကမ်း စာအု ပ်ေ တွ၊ ဌာန ၀င်စာထွက်စာ တစ်လစာ တွဲထားတဲ့ ပြီးခဲ့တဲ့လက ဖိုင်ကို လာပို့ပေးပါ ဆိုပြီး မှာလိုက် တယ်။ ဘယ်နေရာ သွားသွား ယူသွားတတ်တဲ့ ဦးစီးတာဝန် ဆိုတဲ့ စာအုပ်က အိတ်ထဲမှာ အသင့်ပါလာတာမို့ ဒါလေး ကို ပြန်ဖတ်ကြည့်အုံးမှ ဆိုတဲ့ အတွေးနဲ့ ဖတ်လိုက်တာ ၁၀ နာရီ ခွဲပါလေရော။ မှာထားတာတွေ တစ်ခုမှ ရောက်မလာတော့ ကိုယ်တိုင်ထွက်ရပြီပေါ့။

ဦးစီးအရာရှိ ဘယ်မှာလဲဆိုပြီး မေးတော့ ကိုယ်နဲ့အနီးဆုံးမှာ တက္ကသိုလ် သီဟအောင် ရေးတဲ့ သိုင်းဝတ္ထု စာအုပ် ကို ပိတ်ပြီး ထရပ် လိုက်တဲ့ မျက်မှန်ခပ် ထူထူနဲ့ လူတစ်ဦး ကို တွေ့လိုက်ရတယ်။ ခုနက ကျွန်တော် ခိုင်းလိုက်တဲ့ စာရေးဘယ်မှာလဲ။ ဒီဌာနခွဲက လူစာရင်း ကျွန်တော့်ကို ပြပါ ဆိုတော့ တစ်ခါမှ မကြားဖူးတဲ့ စကားေ တွကို ကြားရသလို အူကြောင်ကြောင် မျက်နှာပေးနဲ့ ဟိုကြည့် ဒီကြည့်။ ကဲ..ရုံးဆင်း / ရုံးတက် စာအုပ် ဘယ်မှာလဲ ဆိုပြန်တော့ လဲ ဟိုကြည့် ဒီကြည့်။ ဘာပြောရမှန်းမသိခင်မှာ အားရ၀မ်းသာစွာနဲ့ စာအုပ် တစ်အုပ် ကိုင်ပြီး လျှောက်လာတဲ့ ဦးစီးမှူး မကြီးက ဒီမှာ ရုံးတက်၊ရုံးဆင်းစာအုပ် ဆရာ၊ ကုန်နေလို့ အသစ် ထပ် မထုတ်ရသေးဘူး ဆိုတော့ ကြည့်လိုက်တော့ ရက်စွဲနောက်ဆုံးက လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က။

ဌာနခွဲစာရင်း အရဆိုရင်တော့ ကျွန်တော်အပါအ၀င် အရာရှိ ၁၀ ယောက်၊ အခြားအဆင့် (၃၀) ..(ဌာနသိက္ခာ အတွက် နည်းနည်းလေး လွဲလိုက်သည်၊). ကျွန်တော့်ကို ဒီဌာနခွဲက လူစာရင်းနဲ့ လုပ်ငန်း တာဝန်ကို ထုတ်ပေးဗျာ ၊ပြီးတော့ ၀န်ထမ်း ကျင့်ဝတ်စည်းကမ်း စာအုပ်ယူလာခဲ့ပေး ဆိုပြီး ရုံးခန်း ထဲ မှာ ပြန်ဝင် ထိုင်ပြီး အတွေးနယ်ချဲ့နေမိတယ်။ ၁၁ နာရီခွဲမှာတော့ အပြာရောင် ရွေးကျင့်က ထုတ်တဲ့ စာ အုပ် အပြာလေး တစ်အုပ်၊ ဘာလဲဆိုတော့ ၀န်ထမ်းကျင့်ဝတ်တဲ့။ ကျွန်တော်ဖတ်တဲ့ ဦးစီးတာဝန် စာအုပ် ကို ပြန်ကြည့်ပြီး ကျွန်တော်ပြုံးနေ လိုက်တော့တယ်။

ကျွန်တော်ရုံးနဲ့အသားကျပြီး လိုချင်တဲ့ စာရွက်၊စာတမ်း၊ရုံးလုပ်ငန်း၊အားလုံးကျွမ်းကျင်ကွပ်ကဲဖို့ အချိန် ၁ လ အတွင်း မှာ ပြည့်စုံသွားတယ်။ သတ်ပုံလွဲ၊ လိမ်မူမတတ်၊ စစ်ဆေးချက် နားမလည်တဲ့ အရာရှိတွေ၊ ၃ နာရီ ခွဲလျှင် ပြန်ဖို့ အသင့်ဖြစ်နေ တဲ့ ရုံးဝန် ထမ်းတွေ၊ များပြားလှတဲ့ တာဝန်တွေကြားမှာ လိုလားချက် များစွာ ရှိတဲ့ ဌာန အကြီးအကဲ တွေကြားမှာ မိုးကျရွှေ ကိုယ် ကျွန်တော် အိမ်ပြန်လျှင် ဖိုင်တွေက အထပ်လိုက် ပါေ န လျှက်ပါပဲ။

ကွန်ပျူတာ ရှေ့မှာချပြီး calculator နဲ့ ဂဏန်းတွက်ပေးပါပြောလို့ ထရှာတဲ့ ကွန်ပျူတာ စာရေးမတွေ၊ Excel မှာ ပေါင်းနှုတ်မြှောက်စား မတတ်တဲ့ စာရေးမတွေ၊ Power Point မသိတဲ့ စာရေးတွေ၊ ကွန်ပျူတာ အကြောင်း တစ်လုံးမှ နားမလည်တဲ့ အရာရှိတွေ၊ MS Word 2007 ကို ၂၀၁၂ ခုနှစ်မှာ မသုံး တတ်တဲ့ စာရေးတွေကို လေ့ကျင့်သင်ကြားပေးရင်းနဲ့ပဲ ကျွန်တော်လည်း ပုံမှန် မိုးကျရွှေကိုယ် ကနေ ပါလေရာ မိုး ကျရွှေကိုယ်ဖြစ်လာပြီး ရာထူးအဆင့်လေး တက်လာခဲ့တော့ နည်းနည်း ပိုအဆင့်မြင့်တယ် ထင်ရ တဲ့ ထိုင် ခုံ မရသူ များကို တွေ့ရပြန်ပါ တယ်။ အသုံး အနှုံးလေးတွေက ပိုဆန်းသစ် လာကြတယ်။ ခိုင်းချင်ရာခိုင်းဗျာ၊ မလုပ်နိုင်လဲ ထွက်ယုံပေါ့တဲ့။ တာဝန်မကျေပွန်ခြင်း ၊ပေါ့ဆစွာတာဝန်ထမ်းဆောင်ခြင်း အတွက် အကြီးလေး ဆုံးပြစ် ဒဏ်က ထုတ် ပစ်ခြင်းဆိုမှတော့ မိုးကျရွှေကိုယ် တစ်ယောက် ယခင်ဌာနက တာဝန် ယူရတဲ့ အတိုင်း အတာကို ကြွားလုံး ထုတ် မပြောလိုက် မိတော့ပါဘူး။

အရာရှိတွေ၊ ၀န်ထမ်းတွေအတွက် အမြဲတမ်း ရာထူးတိုး စာမေးပွဲ လုပ်ပေးတယ်၊(ကျတယ်.)၊ စာဖတ်နိုင် တဲ့သူ ကျပြန်တော့ ဘာစွမ်းဆောင် ချက်မှ မရှိဘူး၊ ကိုယ့်ကို ထောက် ခံပေးဖို့ လာကန်တော့တဲ့ ပစ္စည်းေ တွကြော င့် မောင်း ထုတ်ကြိမ်း ၀ါးခဲ့ရတဲ့ လူတွေလည်း မနည်းဘူး။ ၀င်စာတစ်စောင် လာပေးတာက အစ၊ သာမန် ကိစ္စလေး တစ်ခု ဆောင်ရွက်ပေးတာကအစ လာဘ်လာဘ ယူတတ်တဲ့ စာရေးပါးဝနေတဲ့ စာရေး ကနေ မတ တ်ေ တာ့ တဲ့ ၀န် ထမ်း တွေကြားမှာ ကျားကြီး ၊ခြေရာကြီးနေလို့ ထိုင်ခုံထပ် မပေးရဲတော့တဲ့ လူကြီးေ တွကြား မှာ ကျွန်တော် မိုးကျ ရွှေ ကိုယ် တစ်ယောက် ယောင်လည်လည်ပါပဲ။

ရုံးလုပ်ငန်း၊ ခေါင်းဆောင်မှု၊ တာဝန်ယူမှု၊ နိုင်ငံအတွက်ဆိုတာတွေ ခေါင်းထဲမှာ မရှိဘဲ အချိန်ပြည့် လစာနဲ့ ထိုင်ခုံ ရှာဖွေနေတဲ့ ဒီအဖွဲ့အစည်းကြီးတွေကြောင့် တိုင်းပြည်နောက်ကျန်ခဲ့တာလို့ပဲ ကျွန်တော် သုံးသပ် မိေ တာ့ တယ်။ တစ်နေ့ အကြီးအကဲနဲ့ဆုံတော့ အခြေအနေတွေ အားလုံး ပြောပြချိန်မှာ အကြီး အကဲ က ပြုံး တယ်။ နောက်ပြီး စကားလေးနည်းနည်းပြောတယ်။။

မင်းတို့ မိုးကျရွှေကိုယ်တွေဆီကပဲ ဒီအခြေအနေတွေ ငါသိရတယ်။ မင်းတို့တွေပဲ ရုံးလုပ်ငန်းကို နားလည်းကြတယ်၊ မင်းတို့တွေပဲ အချိန်မှီပြီးစီးအောင် လုပ်နိုင်ကြတယ်၊ မင်းတို့တွေပဲ နိုင်ငံအတွက် သိတတ်ကြတယ် တဲ့။

ကဲ..ကျွန်တော် ဘာဆက်ပြောရမှာလဲ.. ကိုယ့်ရှေ့မှာ ထိုင်ခုံတွေရှိပါလျှက်နဲ့ ဖင်မှာအနာပေါက်နေလို့ မထိုင်ရသူလို အားနည်းချက်တွေ ရှိနေသူတွေအတွက် ထိုင်ခုံရဖို့ လက်ညှိုးဟာ မိုးကျေ ရွှကိုယ်တွေတဲ့လား။ ဟုတ်ကဲ့… ကျွန်တော် မိုးကျရွှေကိုယ်ပါ။ ကျွန်တော့်ဌာနက လူတွေ ကျွန်တော့်ထက် သာတယ်ဆိုရင် ကျွန်တော် ရာထူး ကနေ နှုတ်ထွက်ပေးပါ့မယ်။ ငယ်က ဖတ်ဖူးတဲ့ ဆရာ မင်းသိင်္ခရဲ့ ၀တ္ထုထဲက စာသား တစ်ခုလိုမျိုး..
ခက်ပင်စိုက်၍ ခက်သီးသီးကာ၊ ခက်ကြီးခက်ကာ၊ ခက်လေးဖြာမှာ၊ မရှိတာထက် မသိတာခက်၏၊ ထိုထက်ပို၍ ဆိုးသည်မှာကား သိရဲ့သားနဲ့ မသိဟန်ဆောင်ခြင်းက ပို၍ ခက်၏ လို့ပဲ ပြောလိုက် ချင်ပါတော့တယ်။
ဟုတ်ကဲ့..ကျွန်တော် မိုးကျရွှေကိုယ်ပါ…

1 comments:

  1. မိုးကျရွှေကိုယ်တွေကလစာထောင်ဂဏန်းနဲစခဲ့ရတယ်အခုမှတစ်သိန်းဝန်းကျင်
    ။နိုင်ငံpolicyသိတယ်၊ stuff dutyနားလည်တယ်၊စိတ်ဓါတ်နဲ့အလုပ်ပြီးအောင်လုပ်တယ်
    ဦးစီးအရာရှိအဆင့်သင်တန်းမျိုးစုံ ၁၀ခု လောက်တက်ခဲ့ရတယ် သူတိုတွေTrainပေးဝင်ထိန်းပေးခဲလို့ခဲ့လိုအခုတော့ရုံးတွေပုံစံဝင်လာပါပြီ။
    အခုပလက်တီနမ်ရွှေကိုယ်တွေအမတ်တွေ ၊ဝန်ကြီးတွေ နေရာဝင်လုပ်နေပြီ
    လစာ၊စရိတ်လဲ ၃သိန်းအထက်တလလုံးရုံးတက်စရာမလိုဘူး၊တန်မတန်
    တွက်ကြည်လေ၊

    ReplyDelete