Friday, August 16, 2013

“THIS IS MYANMAR” "ဒါမြန်မာ့မြေကွ"

,

=======================

လေထုက အေးမြလတ်ဆတ်နေတယ်.. မြေပြင်မှာ ကလေးငယ်တို့ ဆော့ကစားနေကြတယ်..
အပူအပင်ရယ်လို့ ဘာတစ်ခုမှမရှိ... ပကတိ ငြိမ်းချမ်းလျှက်ပါပဲ..
အဲဒီမြေပေါ်မှာ နေထိုင်ကြတဲ့ လူတိုင်းဟာ မျိုးချစ်စိတ်ဓာတ်ပြင်းထန်ကြတယ်..
အဲဒီရေထဲမှာ မျိုးချစ်တို့ရဲ့သွေးတွေ ဖြတ်သန်းစီးဆင်းနေလေရဲ့..
အဲဒီနိုင်ငံဟာ... “စပါတာနိုင်ငံ”

တစ်နေ့မှာတော့....။
“ပါရှန်း”သံအမတ်ဟာ “စပါတာနိုင်ငံ”ကို ရောက်လာတယ်။ စပါတာဘုရင်လီယိုနာ့ဒ်နှင့်တွေ့ဆုံသောအခါဝယ်..

စပါတာနိုင်ငံဘုရင်လီယိုနာ့ဒ်။ ။ ကျုပ်သိနေတယ်.. ခင်ဗျားစကားမပြောခင်မှာ ကြိုတင်သတိပေးမယ်.. ဒီ ‘စပါတာ’မြေပေါ်မှာ ဘုရင့်သံတမန်ဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူနိုင်ရမယ်ဆိုတာ သိထားပါ.. ခင်ဗျားတို့ ဘာသတင်းယူလာတာလဲ..

ပါရှန်းသံအမတ်။ ။ “မြေ နဲ့ ရေ” ပါ..

လီယိုနာ့ဒ်။ ။ ခင်ဗျာတို့ ပါရှန်း နိုင်ငံကနေ ဒီကိုလာကြတာဟာ “မြေ နဲ့ ရေ” အတွက်လား..

ထိုစဉ် ဘုရင်လီယိုနာ့ဒ်၏ မိဘုရားက ဝင်ပြောတယ်။

မိဖုရား။ ။ ယုံကြည်မှုတွေ ပြင်းထန်ပြီး မမိုက်မဲစမ်းပါနဲ့ ‘ပါရှန်း’တွေ.. ရှင်တို့ စပါတာနိုင်ငံကနေ ဘာမှရမှာမဟုတ်ဘူး..

ပါရှန်းသံအမတ်။ ။ ဒီမိန်းမက ယောက်ျားတွေပြောတဲ့အထဲ ဝင်ပါရအောင် သူ့ကိုယ်သူ ဘာထင်နေလဲ..

မိဖုရား။ ။ ဘာလို့လဲဆိုတော့ ‘စပါတန်’နိုင်ငံက မိန်းမတွေကပဲ တကယ့်ယောက်ျားကောင်းတွေကို မွေးထုတ်နိုင်လို့ပဲ..

လီယိုနာ့ဒ်။ ။ ကျုပ်တို့ လမ်းလျှောက်ရင်း ဆွေးနွေးရအောင်...

ပါရှန်းသံအမတ်။ ။ (မိဘုရားကို မကျေမနပ် လည်ပြန်တစ်ချက်လှမ်းကြည့်ရင်း) ခင်ဗျားတို့နိုင်ငံ အမြစ်ပြတ်ချေမှုန်းခံရမယ့် အခြေအနေနဲ့ ခင်ဗျားတို့ရဲ့အသက်ကို တန်ဖိုးထားတယ်ဆိုရင်.. သေချာနားထောင်ပါ “လီယိုနာ့ဒ်”..
“ဇာဒ်”ဘုရင်ကြီးဟာ သူ့မျက်စိထဲ တွေ့သမျှအရာအားလုံးကို သိမ်းပိုက်ချုပ်ကိုင်နိုင်သွားပြီ.. သူဟာ အရမ်းကြီးမားတဲ့ တပ်မကြီးကို ဦးဆောင်နေတယ်.. အဲဒီစစ်တပ်ချီတက်လာရင် မြေကြီးတောင် တုန်သွားနိုင်တယ်.. စစ်တပ်က ကြီးလွန်းလို့ သူတို့သောက်လိုက်ရင် မြစ်ရေတွေတောင် ခမ်းသွားနိုင်တယ်..
နတ်ဘုရင်ကြီး “ဇာ့ဒ်” ဖြစ်စေချင်တာကတော့.. မြေ နဲ့ ရေ ကို သူ့ဆီ ဆက်သရုံလေးပါပဲ..
‘စပါတာ’တွေ လုပ်ရမှာကတော့ ‘ဇာ့ဒ်’ဘုရင်ကြီးရဲ့ဆန္ဒကို အောက်ကျို့နာခံကြောင်း ဖော်ပြရုံလေးပါပဲ...

လီယိုနာ့ဒ် မျက်မှောင်ကျုံ့သွားတယ်။ ရှေ့ကို ခြေနှစ်လှမ်း တိုးလျှောက်လိုက်တယ်။

လီယိုနာ့ဒ်။ ။ အောက်ကျို့နာခံရမယ် ဟုတ်လား.. (ခေါင်းတစ်ချက် ခါရမ်းလိုက်ရင်း) ဒါဆိုရင်တော့ ပြဿနာ နည်းနည်းရှိလာပြီ.. သတင်းသဲ့သဲ့ကြားတာကတော့ .. ခင်ဗျားတို့ကို ‘အေသင်’တွေက ပြန်တိုက်နိုင်ခဲ့တယ်ဆို.. ‘အေသင်’တွေလို တွေးခေါ်ပညာရှင်တွေနဲ့ ကလေးတွေကို ညှာတာသနားတတ်တဲ့လူတွေတောင် ပြန်တိုက်ရဲမှတော့..
(ခပ်စူးစူး အကြည့်ဖြင့်) ‘စပါတန်’တွေမှာ ထည့်သွင်းစဉ်းစားရမယ့် ဂုဏ်သိက္ခာတွေ ရှိတယ်..

ပါရှန်းသံအမတ်။ ။ ခင်ဗျားထပ်ပြောမယ့် စကားတွေကို သတိထားပြီးပြောပါ.. ‘လီယိုနာ့ဒ်’.. ဒီနိုင်ငံသားတွေအတွက် နောက်ဆုံးဘုရင်ဖြစ်သွားမယ်နော်.. ဒီစကားက ဘုရင်ရဲ့နောက်ဆုံးစကားတွေ ဖြစ်သွားမယ်နော်..
-×-×-×-×-×-×-×

လေညှင်းတို့ ဝှေ့ကာ ရစ်ဝဲတိုက်ခတ်နေဆဲ..
ဟိုးအဝေးတောင်စဉ်များမှ တိမ်တိုက်တို့နှင့်အပြိုင် လေထုအေးတို့ ညှင်းသွဲ့လာတယ်..
မြစ်ရေပြင် ကြက်ခွပ်လှိုင်းကလေးတွေ လူးလာလှုပ်ခတ်နေဆဲ..
နေခြည်တို့ ပွင့်လင်းဖြူစင်နေဆဲ..
မျှော်လင့်ချက်တို့ဖြင့် ငေးကြည့်နေသော မျက်လုံးတွေ ..
အို.. မိခင်တို့ရဲ့ မေတ္တာပမာ အေးမြနေဆဲသော မျက်ဝန်းတွေ..
ကလေးငယ်တို့ရဲ့ အပြစ်ကင်းစင်လှတဲ့ မျက်ဝန်းတွေ..
ဒို့နိုင်ငံသားတွေ.. ဒို့ပြည်သူတွေ.. ဒို့လူမျိုး..
ဒို့နိုင်ငံ.. ဒို့မြေ.. ဒို့ရေ.. ဒို့အမွေ..။ ။

လီယိုနာ့ဒ် အံကြိတ်မိခဲ့.. ကသိကအောက်နိုင်လွန်းတယ်..
နောက်တော့ တိုးတိုးလေး ရေရွတ်လိုက်မိ...
“မြေ နဲ့ ရေ”
ခါးကြားမှ ဓားကို ဆွဲထုတ်လိုက်တယ်..
ပါရှန်းသံအမတ်ရဲ့ လည်တိုင်ကို ထောက်မိလျှက်သား..။

ပါရှန်းသံအမတ်။ ။ (အံ့ဩတကြီး) အရူးပဲ.. မင်းဟာ အရူးပဲ..

လီယိုနာ့ဒ်။ ။ (တွင်းတစ်ခုကို ညွှန်ပြရင်း) “မြေ နဲ့ ရေ” ကို မင်းတို့ အဲဒီအောက်မှာ အများကြီးတွေ့ရမယ်..

ပါရှန်းသံအမတ်။ ။ ဘယ်သူမှ သံတမန်ကို ခြိမ်းခြောက်ခွင့်မရှိဘူးကွ..။

လီယိုနာ့ဒ်။ ။ မင်းဟာ မင်းတို့သိမ်းပိုက်နိုင်ခဲ့တဲ့ ဘုရင်တွေရဲ့သရဖူနဲ့ခေါင်းတွေကို ငါ့မြို့တော်ထဲကို ယူလာတယ်.. ငါ့မိဖုရားကို စော်ကားတယ်.. ငါ့ရဲ့တိုင်းသူပြည်သားတွေကိုလည်း ကျွန်ပြုဖို့ ကြံစည်တယ်.. သတ်ဖြတ်မယ်ဆိုပြီးတော့လဲ ခြိမ်းခြောက်တယ်..
ဟုတ်ပြီ.. ငါပြောမယ့်စကားတွေကို သေချာစဉ်းစားပြီးပြီ ‘ပါရှန်း’ကောင်.. မင်းတို့လည်း သေချာစဉ်းစားပြီးမှ ပြောခဲ့သင့်တယ်..

ပါရှန်းသံအမတ်။ ။ (ဒေါသတကြီး) ဒါဟာ စော်ကားမှုတစ်ရပ်နော်.. ဒါဟာ ရူးသွပ်မှုပဲကွ..

လီယိုနာ့ဒ် မျက်နှာတည်သွားတယ်.. လည်တိုင်မှာထောက်ထားတဲ့ဓားကို ပြန်ချလိုက်ပြီး နောက်ကို လည်ပြန်ကြည့်လိုက်တယ်..
ပြည်သူပြည်သားတွေ.. ကလေးငယ်တွေ..
မိန်းမတွေ.. အဘိုးအိုတွေ.. မျက်နှာပေါင်းများစွာ..
အားကိုးတကြီးဖြင့် သူ့ကို ကြည့်နေကြဆဲ...
ခံပြင်းဒေါသတို့ တလိပ်လိပ်တက်လာတယ်.. သံအမတ်ရှိရာကို ပြန်လှည့်လိုက်ရင်း

လီယိုနာ့ဒ်။ ။ ရူးသွပ်မှု .. ဟုတ်လား...
(ခပ်စိမ်းစိမ်းကြည့်ကာ ဒေါသတကြီး ကြုံးဝါးလိုက်တယ်)
“This Is Spartar” “ဒါ စပါတာမြေ ကွ”....။

ပြောပြောဆိုဆို ကန်ချလိုက်တာ သံအမတ်ခမျာ...
တွင်းနက်ကြီးထဲသို့ မရှုမလှဖြင့် ...
နိုင်ငံကို ကျူးကျော်ကျွန်ပြု ဩဇာလွှမ်းဖို့ ကြံဆောင်လာသူများရဲ့ သွားရာလမ်းကား..
မလှပတော့...။ ။
-----------------------

နောက်ဆက်တွဲ>>>
ကျွန်တော်တို့ မြန်မာနိုင်ငံကို ကျူးကျော်ကျွန်ပြု ဩဇာလွှမ်းဖို့ အကြံဖြင့် ရောက်ရှိလာသော မည်သည့်ပုဂ္ဂိုလ်မျိုးမဆို (ကင်တားနားပါမကျန်)

“THIS IS MYANMAR”
“ဒါ မြန်မာ့မြေ ကွ”
လို့ ကြွေးကြော်ရင်း တွင်းနက်နက်ထဲကိုသာ ကန်ချလိုက်ချင်ပါကြောင်း...။ ။

အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့
( ဘက်မလိုက်သော အမျိုးသားရေးဝါဒီတစ်ဦး )

0 comments to ““THIS IS MYANMAR” "ဒါမြန်မာ့မြေကွ"”

Post a Comment