Thursday, August 8, 2013

ရေဘေးသင့် ကရင်ပြည်နယ်ကို NLD ဆန်အိတ် တစ်ထောင်လှူ

,

မြဝတီ၊ သြဂုတ်၇

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော ကရင်ပြည်နယ် မြဝတီ၊ ဘားအံနှင့် ကော့ကရိတ်မြို့များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဆန်အိတ် တစ်ထောင်ခန့် လှူဒါန်းကြောင်း မြဝတီခရိုင် NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မိုးသူ က ပြောကြားသည်။


အဆိုပါ ဆန်အိတ် တစ်ထောင်ကို မြဝတီမြို့အတွက် ဆန်အိတ် ခြောက်ရာ၊ ဘားအံမြို့အတွက် အိတ်နှစ်ရာ၊ ကော့ကရိတ်မြို့အတွက် အိတ်နှစ်ရာ အသီးသီး ခွဲယူရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်၊

ယင်းဆန်အိတ် တစ်ထောင်တွင် မြဝတီမြို့အတွက် ဆန်အိတ် ခြောက်ရာ ပါဝင်သော်လည်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲကြောင့် မရောက် ရှိသေးကြောင်း ဒေါ်မိုးသူက ရှင်းပြသည်။

NLD ပါတီက ယင်းဆန်အိတ်များ အပြင် ငွေကျပ် နှစ်သိန်းနှင့် ကျောင်း သား ကျောင်းသူများအတွက် ကျောင်းသုံး စာအုပ်များကိုပါ ထောက်ပံ့သွား မည် ဖြစ်ကြောင်း မြဝတီခရိုင် NLD ပါတီထံမှ သိရှိရသည်။

ကရင်ပြည်နယ် မြဝတီမြို့၊ ကော့ကရိတ်မြို့နှင့် ဘားအံမြို့တို့တွင် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာ သြဂုတ်လ ၅ ရက်နေ့ထိ ရေလွှမ်းမိုးမှု ဖြစ်ပေါ် ခဲ့သောကြောင့် ဒုက္ခသည် နှစ်သောင်းငါးထောင် နီးပါး ရှိကြောင်း ကရင်ပြည်နယ် အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

0 comments to “ရေဘေးသင့် ကရင်ပြည်နယ်ကို NLD ဆန်အိတ် တစ်ထောင်လှူ”

Post a Comment