Friday, August 16, 2013

စွမ်းအင်နှင့် သတ္တုတွင်း ဒုတိယ ၀န်ကြီးဟောင်း တစ်ဦးကို လာဘ်ပေးလာဘ်ယူ မှုဖြင့် KPK အဖွဲ့ဖမ်းဆီး

,

ဂျကာတာ သြဂုတ် ၁၄
အင်ဒိုနီးရှား အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် (KPK)အဖွဲ့သည် စွမ်းအင်နှင့် သတ္တုတွင်း ၀န်ကြီး ဌာနမှ ဒုတိယ ၀န်ကြီးဟောင်း တစ်ဦးဖြစ်သူ ရူဒီရူ ဘီယန်ဒီနီကို လာဘ်ပေးလာဘ်ယူ ပြုသည်ဟူသော စွဲချက်ဖြင့် သြဂုတ် ၁၃ ရက် ညပိုင်းက ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း ရုပ်သံလိုင်း တစ်ခုက သြဂုတ် ၁၄ ရက်တွင် ထုတ်လွှင့်ပြသ ခဲ့သည်ဟု သိရသည်။
ရူဒီရူဘီယန် ဒီနီသည် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု၏ တာဝန်ရှိသူ နှစ်ဦးထံမှ လာဘ်ပေးလာဘ်ယူ ပြုလုပ် ခဲ့သည်ဟု စွပ်စွဲခံရ ပြီးနောက် သြဂုတ် ၁၃ ရက် ည ၁၀ နာရီခွဲက ၎င်း၏နေအိမ် တွင်း၌ ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်ကြောင်း KPK အဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဂျိုဟန်ဘူဒီက ပြောကြားသည်။
KPK အဖွဲ့သည် ရူဒီရူဘီယန် ဒီနီ၏ နေအိမ် အတွင်းမှ အမေရိကန် ဒေါ်လာများနှင့် အခြား စာရွက်စာတမ်း အထောက်အထား များစွာကို သိမ်းဆည်း ရမိခဲ့ကြောင်း၊ ယခု အချိန်တွင် ရူဒီရူဘီယန် ဒီနီအား စစ်ဆေး မေးမြန်းမှုများ ပြုလုပ် နေကြောင်းနှင့် စစ်ဆေး မေးမြန်းမှု များမှ ရရှိသော အခြေအနေကို မကြာမီတွင် ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်း ဂျိုဟန်က ပြောကြားသည်။
KPK အဖွဲ့သည် အင်ဒိုနီးရှား နိုင်ငံတွင် အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်နေသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ၎င်းအဖွဲ့သည် ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးနှင့် ရှေ့နေများ အပါအ၀င် အဆင့်မြင့် အရာရှိပေါင်း များစွာကို အကျင့်ပျက် ခြစားမှုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ် ချမှတ်နိုင် ခဲ့သည်ဟု သိရသည်။

0 comments to “စွမ်းအင်နှင့် သတ္တုတွင်း ဒုတိယ ၀န်ကြီးဟောင်း တစ်ဦးကို လာဘ်ပေးလာဘ်ယူ မှုဖြင့် KPK အဖွဲ့ဖမ်းဆီး ”

Post a Comment