Thursday, August 8, 2013

iPhone Clone အရည်အသွေးကောင်းများ ဖြင့် လိမ်လည်သူများ

,

၅-၈-၂၀၁၃ နေ့လည်အချိန်ခန့်တွင် ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ လှည့်လည်၍ အရည်အသွေးမြင့် iphone clone များကိုင်ဆောင်ပြီး စရိတ်ပြတ်သဖြင့် ၂၆၀၀၀၀ ခန့်ဖြင့်ရောင်းချလို ပါသည် ဟုပြောပြီး ထိုင်ဝမ်နိုင်ငံသား ပတ်(စ်)ပို့ ကိုင်ဆောင်သူ နှစ်ဦးမှ လိမ်လည်ရောင်းချခြင်းကို


ဘားအံမြို့ မှ သံဃာတော်များနှင့် mobile ကျွမ်းကျင်သူ လူငယ်အချို့မှ စစ်ဆေးသိရှိသဖြင့် လိုက်လံဖမ်းဆီးရာ ပြန်လည်ဖမ်းမိပြီး လိမ်လည်ရောင်းချသွားသော ငွေများ ပြန်လည်ရရှိခဲ့ပါသည်။

၎င်းတို့ကို ဖမ်းမိစဉ် ထိုသူများ လက်ဝယ်တွင် ထပ်မံရောင်းချရန် Iphone တစ်ဦးလျှင် ၇/၈ လုံးခန့် ကျန်ရှိနေသေး သည်ကို တွေ့ရှိရပါသည်။

အခြားအခြားသော မြို့များမှ ဖုန်းသုံးစွဲသူများ ထပ်မံနစ်နာထိခိုက်မှုများ မရှိစေရန် လိမ်လည်သူများအား ကြိုတင်သိရှိနိုင်စေရန် အသိပေးလိုပါသည်။

မော်လမြိုင်ဖက်သို့ ထွက်သွားသည်ဟု သိရပါသည်။

Kevin Stein

0 comments to “iPhone Clone အရည်အသွေးကောင်းများ ဖြင့် လိမ်လည်သူများ”

Post a Comment